Sunday, June 28, 2009

လူမုန်းဆေး

၁။မွေးနေ့

ဆယ်တန်းအောင်လို့ ကျောင်းဆက်တက်တဲ့ အချိန်မှ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ဆိုတာ ကို ကျွန်တော်ကြုံဘူးတယ်.....ကျွန်တော် မွေးနေ့ လုပ်လေ့မရှိသလို အသက်ကြီးလာတဲ့အချိန်မှာ မွေးနေ့မှာ အဖေတို့ အမေတို့နဲ့ အတူရှိနေရင် ထိုင်ကန်တော့မယ်ဆိုတာစိတ်ကူး ရှိပေမယ့် တစ်ခါမှမဆုံဖြစ်တော့ မလုပ်ဖြစ်ဘူးပေါ့ ...ထားပါ......အဲဒီ ပထမဆုံး သူငယ်ချင်းမွေးနေ့ ဖိတ်လို့ သွားစားတော့ သူငယ်ချင်းတွေက မေးတယ် မင်း လက်ဆောင် မပါဘူးလားတဲ့.....ကျွန်တော် က မပါဘူး ငါ့ ကို မွေးနေ့ လာစားဖို့ ပြောတာ သူက သူ့မွေးနေ့ ကျွေးချင်လို့ ခေါ်တာ ငါဘာမှလက်ဆောင်ပေးစရာမလိုဘူး ပေးခြင်းပေး သူ့ မိဘ ကိုပေးရမှာ အန်တီတို့ အန်ကယ်တို့ မွေးပေးလို့ ကျွန်တော်တို့ သူနဲ့ သူငယ်ချင်းဖြစ်ရတာ ပါ ဆိုပြီး လို့ပြောတော့ ဟ မင်းက ဂွ ပဲကွာဆိုပြီးပြောပါတယ်.....ဒီနေရာမှာ လက်ဖွာတဲ့ကျွန်တော်က ကပ်စီးနည်းလို့ မဟုတ်တာတော့ သူငယ်ချင်းတွေသိကြတယ်.......သူငယ်ချင်းမွေးနေ့ ရောက်တဲ့ အချိန်မှာလည်း အအေးခွက် ဘီယာခွက်တွေ မြှောက်ပြီး မွေးနေ့မှသည် နှစ် ၁၀၀ တိုင် ကြီးပွားပါစေ တိုးတက်ပါစေ အောင်မြင်ပါစေ လို့ ဆုတောင်းကြတော့ ကျွန်တော် မတောင်းဖြစ်ဘူး....ဘာလို့ မတောင်းတာလည်း လို့ သူငယ်ချင်းတစ်ယောက်ကမေးတယ်......

ကျွန်တော့်စိတ်ထဲမှာ ခင်မင်နေတုန်း ကောင်းရာမွန်ရာ ဆန်ဒတွေပြုကြပြီး မုန်းကြတော့မှ မြွေဆိုး ကိုက်သေပါစေဆိုတဲ့ ဇာတ်လမ်းတွေကို ခံစားမိလို့ တစ်ချိန် အခန့်မသင့်လို့ မုန်းကြရင် တစ်ခုခု မကောင်းတာ ပြောမိ လုပ်မိခဲ့ရင် ကျွန်တော် စိတ်ဆန်ဒ အရင်းခံနဲ့ ဆုတောင်းပေးခဲ့တာတွေ ကျွန်တော်တို့ အဲလောက်တောင် ခင်မင်ရင်းနှီးခဲ့ပြီးမှ အခုတော့ ဖြစ်ရလေ ဆိုတဲ့ စိတ်တွေ မခံစားချင်တာတွေ ကြောင့် ဆုမတောင်းပေးတာဖြစ်သလို တစ်ခါတစ်လေ လူတွေ ပါးစပ်က ၀တ်တရားအရ အလိုအလျောက် ပါးစပ်က ဆုတောင်းပေးလိုက်ပေမယ့် ရင်ထဲတော့ တကယ် ပါချင်မှပါတာမိုလို့ ကိုယ်ကိုယ်တိုင်လည်း ဒီလိုဖြစ်တတ်တာမို့ ဆုတောင်းပေးတယ်ဆိုရင်တောင် ရင်ထဲက တစ်ကယ့်ကို နှစ်နှစ်ကာကာ လာတဲ့ ဆုတောင်းနဲ့သာ ဆုတောင်းပေးချင်လို့ စတာတွေကြောင့် ငါ ဆုမတောင်းပေးသလို ဘယ်သူ့ကိုမှလည်း မွေးနေ့မှာ ဆုတောင်းပေးဖြစ်မယ် မထင်ဘူးဆိုတော့ သူငယ်ချင်းက မင်း ဂေါက် ပဲတဲ့.......ငါ့အတွေးနဲ့ငါ ငါ့စိတ်ချမ်းသာမှု ငါ ငါ့ စည်းမျဉ်းနဲ့ ငါ နေနေတဲ့ ငါ့ကို ဂေါက်လို့ပြောရင် ငါပြောသလိုတွေ လုပ်နေတဲ့ လူတွေလည်း စိတ်မပါဘဲနဲ့ လုပ်နေကြတဲ့ ဂေါက် တွေပါဘဲဆိုတော့ သူငယ်ချင်းက ခေါင်းရမ်းပါတယ်.......

နောက်တော့ အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်း ကျွန်တော့်စိတ်ကို သိတဲ့ သူငယ်ချင်းမွေးနေ့တွေလောက်သာ သွားဖြစ်ပြီး သိပ်ရင်းနှီးတဲ့ သူငယ်ချင်းတွေကလည်း မင်းမွေးနေ့ ဘယ်တော့လည်း လို့ ကျွန်တော့်ကို ဘယ်တော့မှမမေးတော့ပါဘူး.....

နောက်ပိုင်းမှာ အွန်လိုင်းမှာ နေတာများ အွန်လိုင်း ကွန်မြူနတီတွေမှာ ကျင်လည်တာ များလာတော့ မွေးနေ့ဆိုတာ ကို ခဏခဏ တွေ့လာရတယ်....မွေးနေ့ဆုတောင်းတွေဆိုတာ မမြင်ချင်မှအဆုံးကိုဖြစ်လာတယ်..........မွေးနေ့မှာ သဲသဲလှုပ်တွေဆုတောင်း ကွယ်ရာမှာအတင်းပြော မွေးနေ့မှာ ချစ်ခြင်းမြစ်တာအပြည့်နဲ့ ဆုတောင်း နောက်တော့ ကွဲကြပြဲကြ ဆဲကြဆိုကြ ဆိုတော့ အဲဒီ မွေးနေ့ ယဉ်ကျေးမှုကို ပို သံသယ၀င်လာသလို ပိုပြီးလည်း ခပ်ကင်းကင်းဖြစ်လာသလို မွေးနေ့ဆုတောင်းပေးသူတွေရဲ့ ရင်ဘတ်တွေကိုလည်း အယုံအကြည် ကင်းမဲ့စပြုလာခဲ့တယ်.......ထို့အတူ ပါးစပ်ဖျားကပဲ ဆုတောင်းဆုတောင်း ရင်ထဲကပဲ လာလာ လာသမျှ မွေးနေ့ဆုတောင်းကို အကောင်းပြောတာပဲ လက်ခံရမှာပေါ့ဆိုတဲ့ မွေးနေ့ရှင်တွေရဲ့ ရင်ဘတ်တွေကို လည်း အံ့သြရင်း မွေးနေ့ရှင်နဲ့မွေးနေ့ဆုတောင်းသူတွေကြား ဗလာ ချစ်ခြင်းမြစ်တာတွေ ဖောင်းပွနေတာကြည့်ပြီး မွေးနေ့ ယဉ်ကျေးမှုဆိုတာ ကျွန်တော့်ဘ၀ရဲ့ အဝေးဆုံးထဲက တစ်ခုဖြစ်လာပါတော့တယ်....။
( ကျွန်တော့် အမျိုးသမီးက မွေးနေ့ လုပ်ရတာကို သိပ်ကြိုက်တဲ့ လူတစ်ယောက်ပါ)

၂။ဝမ်းနည်းဆုတောင်း

ကိုယ်သိတဲ့ ကြားဘူးတဲ့ လူတစ်ယောက်ယောက် သေသွားရင် ကိုယ်နဲ့ အဆက် အစပ် မရှိပေမယ့် သိဘူး ကြားဘူးတဲ့ လူတစ်ယောက်အနေနဲ့ တစ်ချို့က စိတ်မကောင်း ဖြစ်သလို တစ်ချို့က အံ့သြ စိတ်ဖြစ်မိကြလို့ စိတ်မကောင်းစရာပဲ ...ဟုတ်လား စသဖြင့် အသီးသီး ရင်ထဲက ခံစားချက် ကို ဖော်ထုတ်ကြတာ ထုံးစံပါ......ငယ်ငယ်ကတော့ သတင်းစာမှာလောက်သာ ၀မ်းနည်း ကြောင်းမှတ်တမ်းကို ဖတ်ရပေမယ့် အခုချိန်မှာတော့ တစ်ယောက်ယောက် သေပြီဆိုတာနဲ့ အင်တာနက် ပေါ်မှာ နေရာမရွေး အူလှိုက်သဲလှိုက်ဝမ်းနည်းနေတဲ့လူတွေကို တွေ့နေရတာပါဘဲ........အော် သေသွားရှာပြီ စိတ်မကောင်းစရာပဲ ဆိုတဲ့ အဆင့်လောက်ကို ခံစားပေးလို့ရပေမယ့် အင်မတန် ကို ရှေးဖြစ်ဟောင်း အောင်းမေ့ဖွယ်တွေ ကအစ ၀မ်းနည်းနေရင်တော့ သေတဲ့ လူအစား ကျွန်တော် သနားတောင် သနားမိပါတယ်.......သူတို့ခမျာ သေတဲ့ အချိန်ထိတောင်မှ ၀မ်းနည်းချင်ဟန်ဆောင် လူတွင်ကျယ်လုပ် အမြတ်ထုတ်ခံနေရတာရယ် သေသွားတာတောင်မှ ဟန်ဆောင် ၀မ်းနည်းမှု တွေရခဲ့တာရယ်ကြောင့် အင်မတန်ကို အဖြစ်ဆိုးလှတဲ့ လူတွေပါလား ဆိုပြီး ၀မ်းနည်းမှတ်တမ်းတွေကို မယုံကြည်တော့လောက်အောင် ၀မ်းနည်းမှတ်တမ်းယဉ်ကျေးမှုကြီးကလည်း ကျွန်တော်နဲ့ ကဘာ ခြားလာတော့တယ်...။

၃။စီဘောက်စ်
.........................................................................................................................................................
..............................................................................................................................................................
..............................................................................................................................................................
..............................................................................................................................................................
........................................................................................................................................................
............................................................................................................................................................
.....................ဆိုတော့ စီဘောက်စ် ယဉ်ကျေးမှုကလည်း ကျွန်တော့် ရင်ထဲ ခါးလာပါတော့တယ်....။ :P

သို့

ဆရာမ..
နေကောင်းရဲ့လား....ဆရာမကတော့ ကျွန်တော့်ကို သတိရမယ် မထင်ဘူး... ကျွန်တော် က တော့တစ်နေ့မှမမေ့ပါဘူးဆရာမကို.....ဆရာမလည်း အသက်တွေကြီးလို့ အတ္တ္တတွေလည်း ရော့နေလောက်ပြီလို့ ကျွန်တော် ထင်ပါတယ်..... ဆရာမတို့ ရန်ကုန်ပြောင်းလာကြပြီး ရန်ကုန်မှာ နေနေကြတယ်ဆိုတာ ကျွန်တော့် သူငယ်ချင်း ဆရာမတစ်ပည့် ကိုတောက် ပြောလို့ သိရပါတယ်.... ဟိုးတစ်ခေါက်က ကိုတောက်က ကျွန်တော့် ကို လိမ်ခေါ်လာပြီးဆရာမတို့ အိမ်နားရောက်မှ ဆရာမဆီကို လာတာ ဒီနေ့ ဆရာမတို့ အိမ်မှာ ဆွမ်းကျွေးရှိလို့ ဆိုပြီးပြောတော့ ကျွန်တော် မလိုက်ဘဲ ကားပေါ်မှာဘဲ ထိုင်နေလို့ ဆရာမသိသွားပြီး စိတ်မကောင်းဖြစ်နေတယ်လို့ ကိုတောက်ကကျွန်တော့်ကို ပြန်ပြောလို့ သိရပါတယ်...ကိုတောက် က တော့ အမြဲတမ်း ကျွန်တော့်
ရင်ထဲမှာကလေးထဲကရှိတဲ့ဒဏ်ရာတွေကို ပျောက်စေချင်တဲ့လူဆိုတော့ ကိုတောက်ကို ကျွန်တော် နားလည်ပါတယ်....ဒါပေမယ့် ဆရာမရယ် အဲဒီနေ့ကတော့ ကျွန်တော် ကိုတောက် ကို စိတ်ဆိုးမိတယ် ကျွန်တော် ရင် ထဲမှာ ရှိနေတဲ့ အနာတွေကို ဖြေဖျောက်ဘို့ ဘာလို့ ကြိုးစားနေတာလည်း
ကွှန်တော့်ကို ချစ်တယ် ဆိုရင်လည်း ကျွန်တော့် ကို ဒီတိုင်းဘဲ လွှတ်ထားပေးပါလို့ ကျွန်တော် ပြောမိတယ်.... ကျွန်တော် ဆရာမ အိမ်ပေါ်ကို လိုက်ဖို့ မပြောနဲ့ ဆရာမနာမည်ကို မကြားချင်တာပါ.... ကျွန်တော်
ဒါကြောင့် ကားပေါ်မှာဘဲ ထိုင်နေခဲ့တာပါ.... ဆရာမကတော့ ခုချိန်မှာ အသက်ကြီးပြီဆိုတော့ မာန်တွေကျပြီး သားရယ် ဘာလို့ များ ဒီလောက်တောင် မမေ့နိုင်သေးတာလည်း လို့ မေးရင်လည်းမေးမှာပေါ့.... (ဆရာမအရင်စိတ်နဲ့ဆိုရင်တော့ မေးမှာမဟုတ်ဘူးနော်).....

ဘာလို့ နာတာလည်း မေးရင်တော့ အများကြီးဘဲဆရာမရယ်.... ဆရာမ လုပ်တာတွေကို ကလေး အသိနဲ့ ၀မ်းနည်း . ၀မ်းနည်းတာတွေများလာပြီး မခံနိုင်တော့ ဘဲ အရွဲ့တိုက်ရင်း အရွဲ့တိုက်ရင်းနဲ့ ပတ်ဝန်းကျင်မှာ
လူငချဉ်လေးဖြစ်လာ အဲဒီကတစ်ဆင့် လူဆိုးလေးဖြစ်လာပြီး လုပ်လိုက်တဲ့ အလုပ်တွေက ကျွန်တော် ကြိးလာလို့ ကျွန်တော့်ကို ကျွန်တော် ပြင်ရင်း ပတ်ဝန်းကျင်နဲ့ သင့်မြတ်အောင် လူယဉ်ကျေးတစ်ယောက်ဖြစ်အောင် ကြိုးစားပေမယ့် ဘယ်လိုမှကို မရဘူးဆရာမရယ်.... ကျွန်တော် က ခွေးမြီးကောက် ကျီတောက် စွပ်ဆိုတဲ့ ကောင်မျိုးလိုကို ဖြစ်လို့ပေါ့.....သာမာန်လူတစ်ယောက်လုပ်ရင် ပြောရင် ဘာမှမဖြစ်ပေမယ့် အဲဒါကို ဘဲ ကျွန်တော် က လုပ်ရင် ပြောရင် တစ်ကယ့်လူဆိုးကြီးလိုဘဲပေါ့ ဆရာမရယ်.....ဒီလောက်ဖတ်ပြီးရင်
ဆရာမအရင် လို များ ကဲပြောစမ်းငါကနင့်ကို ဘာတွေများဒီလောက်လုပ်ခဲ့လို့လဲ လို့များ မေးမလားမသိဘူး.... မေးလာခဲ့ရင်လည်း ကျွန်တော် ကပြန်ပြောမှာပါဘဲ လုပ်တာပေါ့ ဆရာမရယ် သိပ်လုပ်တာပေါ့လို့.... ဆရာမရဲ့ အကြီးဆုံးထိုးနှက်ချက်ကတော့ ကျွန်တော့် အဖေ သူငယ်ချင်း ဆရာမ ယောက်ျားကိစ္ခ္ခ နဲ့ပါတ်သက်လို့ ပါ ....ဟုတ်တယ်နော် ဆရာမ...မှတ်မိမယ်လို့ ကျွန်တော် ထင်ပါတယ်....လူကြီးတွေဖြစ်ကြတာဘဲ
ဆရာမရယ် ကျွန်တော့် အပေါ် ဘာလို့ ပုံချခဲံရတာလည်း.....ကျွန်တော် တို့ က၀န်ထမ်း အသိုင်း အ၀န်းကြားမှာ နေခဲ့ကြတာဘဲ ဆရာမကိုယ်တိုင်လည်း အစိုးရ၀န်ထမ်း တစ်ယောက်ဖြစ်ရဲ့သားနဲ့ ဘာလို့နားမလည်ခဲ့တာလည်း.....ဆရာမယောက်ျား ဘေးပေါက်တွေ လုပ်တာများလို့ လူကြီးတွေက နေရာကောင်းကနေဖယ် တစ်ခြားတစ်နေရာမှာ တာဝန်ပေးပြီး ကျွန်တော့် အဖေကို အဲဒီနေရာပေးခဲ့တာပါ... ကျွန်တော့် အဖေက တောင်းဆိုရတာလည်း မဟုတ်ရသလို ဆရာမယောက်ျား ဘေးပေါက် ၀င်ငွေရအောင် ဘယ်လောက်ထိ လွန်လွန် ကျွံကျွံ လုပ်ခဲ့တယ် ဆိုတာ ဆရာမအသိဆုံးဖြစ်မှာပါ..... ဆရာမက ဆရာမယောက်ျားကို လည်း အရမ်းနိုင်တယ်လေ....အဲဒီကိစ္ခ္ခနဲ့တင် ကျွန်တော့် အဖေကို အမုန်းကြီးမုန်း နောက် ကျွန်တော့် ဘက် ဆရာမလှည့်ခဲ့တာဘဲမဟုတ်လား....အခန်းထဲမှာ သချာင်္ လေးတစ်ပုဒ် မတွက်တတ်လို့ ဘေး နားကသူငယ်ချင်းကို မေးတာကို ဆရာမက စကားပြောတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒဏ်ကြေး တစ်မတ် တောင်းတယ်လေ.... ကလေးဘဲဆရာမရယ် မုန့်စားကျောင်းလည်း ဆင်းပြီး ပြီ ကျွန်တော့်မှာဘယ်လိုလုပ် ရှိတော့မှာလည်း....ကျွန်တော် တစ်မတ်မပေးနိုင်တာနဲ့ စကားပြောတဲ့ အတွက် ဆိုပြီး ၅ တန်း ကျောင်းသားတစ်ယေက်ကို ထိုင်ထ အခါ ၄၀၀ လုပ်ခိုင်းတာကတော့ဆရာမရယ်........

ဆရာမမှာလည်း သားလေးတစ်ယောက် ရှိတာဘဲ ကျွန်တော့် နေရာမှာ ဆရာမ သားလေးနဲ့ အစားထိုးပြီးတော့ မမြင်နိုင်တော့ လောက် အောင် ကိုဆရာမရဲ့ အတ္တတွေ ကြီးနေခဲ့တာလား....ဆရာမလုပ်ခိုင်းတာကတော့ ၃၀၀ ပါဘဲ ဒါပေမယ့် ထိုင်ထ အခါ ၃၀၀ လုပ်ပြီးလို့ ကျွန်တော် တစ်ကိုယ်လုံး ထိန်းမရအောင် တုန်နေတာတောင် ဆရာမ မသိချင်ယောင်ဆောင်ပြီး ကျွန်တော့် ကို ၁၀၀ ထပ်လုပ် ခိုင်းတယ်လေ....ကျွန်တော့်ကို ကြည့်ပြီး စိုးရိမ်တဲ့ ရှေ့ဆုံးတန်းက ကျွန်တော့် သူငယ်ချင်းကောင်မလေးကိုတောင် ကျွန်တော်နဲ့ ရောပြီး မပြည့်သေးဘဲနဲ့ ပြည့်တယ်လို့ ကူညာတယ်ဆိုပြီး ဆရာမ သူ့ကို ထိုင်ထ ၁၀ ခါလုပ် ခိုင်းသေးတယ်နော်.....

တစ်တန်းလုံးကိုလည်း သူ့ဘက်က ကူပြီးညာရင် ဒီလိုဘဲ အပြစ်ပေးမယ်ဆိုတော့ ဘယ်သူကပြောရဲတော့မှာလည်း
ဆရာမရယ်....ကလေးတွေကိုး နောက် ဆရာမက ဆရာမကိုး.........ကျွန်တော့် သူငယ်ချင်း ကောင်မလေး ဆရာမတစ်ပည့်လေးလည်းခုဆို ဆရာဝန်ကြီတောင်ဖြစ်နေပါပြီ... သူနဲ့ပြန်တွေ့တုန်းက ကျွန်တော်က ဒီအကြောင်းတွေကို နာနာကျင်ကျင်ပြောပြလို့ သူကမျက်ရည်တွေတောင်ဝိုင်းလို့....သူငယ်ချင်းရယ်
ဒါတွေမေ့လိုက်ပါတော့လို့ ပြောရှာပါတယ်..... ဆရာမဒဏ်ပေးတဲ့ နေ့ကတော့ ကျွန်တော့် အတွက် တစ်ကယ့်ကို ငရဲခန်းပါဘဲ...... တစ်တန်းလုံးကငြိမ်ပြီးစာလုပ်နေတဲ့ အချိန် အတန်းရှေ့မှာ ထိုင်ထလုပ်နေတဲ့ ကျွန်တော့်ကို လှမ်းလှမ်းကြည့်ကြတဲ့ အတန်းဖေါ်သူငယ်ချင်းလေးတွေရဲ့ အကြည့်တွေကို ရှက်တာရယ် ၅ တန်း ကျောင်းသားနဲ့ မမျှတဲ့ ပြစ်ဒဏ်ကို လုပ်နေရတဲ့ ကျွန်တော့် တစ်ကိုယ်လုံး နာကျင်နေရလို့ တစ်ကယ့်ကို ငရဲခဏ့်းပါဘဲ ဆရာမ...... ထိုင်ထလုပ်ပြီးလို့ ကျွန်တော့် ခုံကျွန်တော် ပြန်ထိုင်နေပြီး ကျောင်းဆင်းသွားတဲ့ နောက်ပိုင်းကိုတော့ ဆရာမ မသိတော့ဘူးနော် ကျွန်တော် ပြောပြပါအုန်းမယ်....ထိုင်ထလုပ်ပြီးလို
ကျွန်တော့် ခုံကို တောင်ကျွန်တော် ပြန်လမ်းမလျှောက်နိုင်တော့လို့ ကျွန်တော့် ဘေးနားမျာ ထိုင်တဲ့ သူငယ်ချင်း ၂ ယောက် ကလာတွဲရတာတော့ ဆရာမ မြင်ပါတယ်...

နောက် ကျောင်းဆင်းခေါင်းလောင်းထိုးလို့ အားလုံး နှုတ်ဆက် အပြိး ဆရာမကတော့ ဆွဲခြင်းလေး ဆွဲလို့ အေးအေးဆေးဆေးဘဲ ထွက်သွားတာပေါ့.... အတန်းဖေါ် သူငယ်ချင်းလေးတွေကလည်း ကလေး ဘဲ ဆရာမရယ် ကျောင်းဆင်း ခေါင်းလောင်းထိုးတာနဲ့ သူ့ထက်ငါအရင် ဦးအောင်ပြေးကြတာပေါ့.... နောက်ဆုံး အတန်းထဲမှာ ကျန်ခဲ့တာ ကျွန်တော် တစ်ယောက်ထဲပါ..... ကျွန်တော် မှ လမ်းမလျှောက်နိုင်တော့ဘဲ.... ဆရာမရယ် စဉ်းစားကြည့်ပါ တစ်ဖြည်းဖြည်း နဲ့ တိတ်ဆိတ်လာတဲ့ ကျောင်းဝန်းထဲမှာ ကလေး တစ်ယောက်အနေနဲ့ ကျွန်တော် တော်တော် ချောက်ခြားခဲ့ပါတယ်.... နောက်ဆုံး ကျွန်တော့် အမေဆီရောက်မှ ဖြစ်မယ် ဆိုတဲ့ အတွေးနဲ့ ကျွန်တော် ၄ ၅ လှန်းလောက် လျှောက်လိုက် ဖင်တစ်ရွတ်ဆွဲပြီးသွားလိုက်နဲ့ ဆရာမသိတဲ့ အတိုင်း ကျွန်တော် တို့ အိမ်တွေ နဲ့ ကျောင်းကြားမှာ ရှိတဲ့ တောအုပ်ထဲရောက်မှ ကျွန်တော့်ပြန်မရောက် သေးလို့ စိတ်ပူပြီး လိုက်လာတဲ့ အမေနဲ့ တွေ့ပြီး ကျွန်တော့်ကို အမေကချီပြီး ပြန်ခေါ်လာလို့ အဲဒီနေ့ကအိမ်ပြန်ရောက်ခဲ့တာပါ... အမေကလည်း ကျွန်တော့်ကို အဲဒီလို မြင်လိုက်ရတော့ ငို ကျွန်တော် ကလည်း အမေ့ကို တွေ့တော့ စိတ်ကို
လျှော့ချလိုက် ပြီး ငို ကျွန်တော်တို့ သားအမိ ၂ ယောက် ငိုပြီး အိမ်ပြန်ရောက်ခဲ့တာပေါ့.........

အဲဒီကီစ္ခကစလို့ ကျွန်တော့်ဘ၀လမ်းကြောင်းတွေ လည်း ပြောင်းလည်း ခဲ့တာပါ ဆရာမ.....အဲဒီနောက် ပိုင်း
ကစလို့ လူဆိုး လူပေ ငတေ လေး ဖြစ်လာ တာပေါ့...တစ်ခုတော့ ကောင်းပါတယ် လေကျွန်တော် ဒီလို တွေ နင်းကန် လျှောက် လုပ်ခဲ့လို့ တန်ဖိုးရှီတဲ့သင်ခန်း စာတွေအများကြီး ရခဲ့ တာကို တော့ ကျေးဇူးတင်ပါတယ်.....အဲဒီနေ့ညနေအကြောင်းကို ဆက်ပြောရအုန်းမယ် ....ဆရာမလည်း သိတော့
သိပြီးသားတွေဖြစ်မှာပါ.....ကျွန်တော်နဲ့ အမေ အိမ်ပြန်ရောက်တော့ အမေ ကကျွန်တော့် ကို ချပြိးတာနဲ့ မီးဖိုချောင်ထဲသွားပြီး သူအသားခုတ်တဲ့ ဓားမယူပြီး ဆရာမ အိမ်ကို တန်းပြေးတော့တာပါဘဲ...အမေ စိတ်ကြီးပေမယ့်အဲဒီနေ့က စီတ်ကြိးတာလောက်ကို တော့ ကျွန်တော် ဒိနေ့ ထိထပ်မမြင်ဘူးတော့ဘူး.....အမေ အဲဒီလောက် ဖြစ် နေတော့ဘေးအိမ်ကအိမ်နီးနားချင်းတွေက ၀ိုင်းဆွဲပေမယ့် ဘယ်လိုမှကို မရတော့လို့
ဆရာမအိမ်ကို ဖုန်းဆက် ဆရာမဘေးအိမ်နား ကလူတွေက ဆရာမကိုတံခါးပိတ်ပြီးတော့ အိမ်ထဲမှာ ဖွက်ထားခဲ့ရတဲ့ အဆင့်ထိဘဲနော်ဆရာမ.....နောက်တော့ ကျွန်တော့် အဖေကို ဖုန်းဆက်ခေါ် သူကြီးတွေ
ကိုယ်တိုင်လည်း ရောက်လာလို့ သာတော် တော့တယ်......လူကြီးတွေကလည်းအိမ်ထိလိုက်လာပြီး ဖျောင်းဖျ အမေကလည်း ကျွန်တော့်ကို ပြပြီး ကျွန်မသားလေးကို ကြည့်ပါအုန်းဆိုပြီး ငိုငို ပြီးပြော ကျွန်တော် ကလည်း နဂို
ဓာတ်ခံ ရယ် အမေငို နေတာကို ကြည့်ပြီး ၀မ်းနည်း လို့ ငိုတာရယ်အမေရှီတယ်ဆိုပြီး အမေ့ကို နွဲ့ချင်တာနဲ့ တစ်ကယ် ခံစားရတာထက်ပိုခံစားပြ...... အမေ က ပြောရင်းပြောရင်းနဲ့ ဇာတ်ရှီန်တက်နေတုန်း
အဖေက လူဆိုတာမှားတတ်ပါတယ် ကွာစိတ်ကို လျှော့ချလိုက်ပါ တရား နဲ့ဖြေပါသွားလုပ်လို့ ဒေါသကအဖေ့ဘက်လှည့်သွားလိုက်တာ လူကြီးတွေမှာတော်တော်ရှင်းယူလိုက်ရသေးတယ်.......

နောက်နေ့ဆရာမကအမေ့ကိုတောင်းပန်ချင်တယ်ဆိုတာကိုအမေကလက်မခံဘူးနော်...အဲဒီကစတာပါဘဲ....
အမေကမြို.နယ်ပညာမှုးဆီတက်တိုင် မြို့နယ် ပညာရေးမှုးက ဆရာမကိုပြစ်ဒဏ်လည်းပေးလိုက် ရော ကျွန်တော် က ကျောင်းကဆရာ ဆရာမတွေ
ကြားထဲ ကျောင်းသားတွေ ကြားထဲမှာ ပေါ်ပြူလာလည်း ဖြစ် ချဉ်ဖတ်လေးလည်းဖြစ်လို့ ပေါ့ ဆရာမရယ်....ဒီကစလို့ ကျွန်တော် နောက်ဆုံးနေခဲ့တဲ့ ၈တန်းနှစ် ထိ ကျွန်တော့် စာအုပ်မှာ အမှန် ခြစ် အမှားခြစ်မရှီခဲ့ပါဘူး.....ဆရာမ နဲ့ပြသနာတက်ခဲ့တဲ့ဒဏ်တွေပေါ့....ကျွန်တော့မှာခံစားလိုက်ရတာဆရာမရယ်....ဆရာမကိုလည်း ရင်ထဲမှာ
ပိုပိုနာလာခဲ့တယ်....ကျွန်တော် ကျောင်းသားတစ်ယောက်ဘဲ ကျွန်တော် လုပ်တဲ့ကျောင်းစာတွေ မှန်လား မှားလားကျွန်တော် သိချင်တာပေါ့ တစ်ခြား အခန်းဖော်တွေဆရာ နားမှာ ၀ိုင်း အုံပြီး ပြရင် ကျွန်တော် လည်း ပြချင်တာပေါ့ကျွန်တော် သွားပြတိုင်း စာအုပ် လွှင့် ပြစ်တဲ့ ဆရာနဲ့ ကျွန်တော့်စာအုပ်ကို ဘေးဖယ်ထားတဲ့ ဆရာနဲ့. ....ကျွန်တော့်ကိုကျဉ်တယ်ဆုံးမတယ်ပေါ့လေ....ထိရောက်ကျပါတယ်.....တော်ကြပါတယ်....မနက်ဖြန်လို
စာပြန်ရမယ်ဆို ဒီနေ့ ညကျွန်တော် ညက်ညက်ကျေအောင် ကျက်ခဲ့တာပါကျွန်တော့် စာပြန်ချင်လို့ပါ.....အတန်းထဲမှာ တစ်ယောက်ပြီးတစ်ယောက်တစ်အုပ်စု ပြီး တစ်အုပ်စု သာပြီး သွားတယ် ကျွန်တော့်ကို ကျတော့ မခေါ်ကြဘူးနော်......ရှေ့ဆုံးတန်းမဟုတ်ပါဘူး ကျွန်တော်အလယ်တန်းလောက်လေး ထိုင်ချင် .. ထိုင်နေတာတောင်ဆရာမတို့မှာ ရှီတဲ့ဗီတိုအာဏာနဲ့ ဘာလို့ ကျွန်တော့်ကို နောက်ဆုံးတန်းမှာ သွားထိုင်ခိုငိးကြတာလည်း ကျွန်တော် နားမလည်ခဲ့ဘူး ဆရာမရယ်.....ကျွန်တော်လည်း
ကြာတော့ မခံနိုင်တော့ဘူးလေ....ကလေးအသိဥာဏ်နဲံ တတ်နိုင်သလောက်လိုက်ညှိကြည့်တာ ဘယ်လိုမှ အဆင်မပြေတော့ ရွတ်ချင်လာတာပေါ့...ကျွန်တော့်အခြေခံ စိတ်ဓာတ်မကောင်းတာလည်း ပါမှာပါလေ.......ကျွန်တော် က ရွတ်လေဆရာမတို့ကကျွန်တော့်ကို လူဆိုး ဒီကောင်က ဒီကောင်နဲ့
မပေါင်းကြနဲ့ဆိုလို့ နောက်ဆုံးကျွန်တော့်မှာ အမြဲတန်း နောက် ဆုံးတန်းမှာကျွန်တော် တစ်ယောက်တည်း ထိုင်ရတဲ့ ထိကိုရောက်သွားတယ်နော်......

ကျွန်တော်ကလည်း အဲဒီတုန်းကတော့ ကောင်းတယ်ဘယ်သူမှ လာမထိုင်ကြနဲ့ ငါတစ်ယောက်တည်း အကျယ်ကြီး ထိုင်ရတယ် ဆိုပြီးခတ်ရွတ်ရွတ်ပါဘဲ.....ကျွန်တော့်ကို ငေါက်ပြီဆို လှည့်လှည့် ကြည့်
ကြတဲ့ အတန်းဖေါ် သူငယ်ချင်းလေးတွေကို စိတ်ဆိုးတာတောင်တော်တော်နဲ့မပျောက်နိုင်ဘူး....ခုနောက်ပိုင်းတော့လည်း သြော်သူတို့လည်း ဆရာတွေ
ကြောက်၇တော့ ဘက်လိုက်ပြီး ဖားတာနေမှာပေါ့ ဆိုတဲ့ အတွေးနဲ့ဘဲဖြေလိုက်ပါတယ်.....ဒါပေမယ့် ကျွန်တော် ကို ခုံပေါ်တက်မတ်တတ်ရပ်ခိုင်းတိုင်း လှည့်ကြည့် လှည့်ကြည့်လုပ်တဲ့ လူမှန်သမျှ ဆရာတွေ
ရှေ့ အတန်းထဲမှာ တင် ငါ-ိုးမသားတွေ-ီးကြည့်တာလားဆိုပြီး ဆဲလို့ကျွန်တော့် သူငယ်ချင်းလေးတွေ ကျွန်တော်ကို မပေါင်းရဲကြတော့လို့ကျွန်တော် တစ်ယောက်တည်း ဖြစ်ခဲ့ရတာကတော့
အသေအချာပါဘဲ.....တစ်ခုတော့ကောင်းပါတယ်လေ ပေါင်းမယ့်လုသိပ်မရှီတော့လို့ အမေ့ နားပိုကပ်ရင်း မီးဖိုချောင်မှာ အမေ့ ကိုကူလုပ်ပေးရင်းနဲ့ ကျွန်တော် ထမင်းချက် ဟင်းချက်တော့ တော်တော် လေး
တတ်ခဲ့တာတော့ အမြတ်ပေါ့လေ......ကျွန်တော် ၇ တန်းရောက်တော့ အဆိုးထဲကအကောင်းလို့ ဘဲပြောရမှာဘဲ ကျွန်တော် နည်း နည်းတော့ကံကောင်းခဲ့ပါသေးတယ်...ဆရာမ မှတ်မိမှာပါ....ရန်ုကုန် က
ပြောင်းလာတဲ့ ဆရာမဖိုးဝရုပ်လေ....ဆရာမဖိုးဝရုပ်ကရန်ကုန်ကလည်း ပြောင်းလာ ပြီးတော့ရန်ကုန်သူဆိုတော့ နယ်ကျောင်းကတော့အပျော့ပေါ့....သူကကျောင်းအုပ်ကြီးတောင်သိပ်ဂရုစိုက်တာမဟုတ်ဘူးလေ.....သူက
ရောက်ရောက်ချင်းကျောင်းအခြေအနေ မေးဘာညာနဲံ နောက်ဆုံး ဆရာမတို့ ကျွန်တော့် အကြောင်းကို
ပြောလိုက်တယ်လို့ ဆရာမဖိုးဝရုပ်က ကျွန်တော့်ကိုပြောပြတယ်....သူကလည်း ရောက်စဆိုတော့ဘယ် သိမလည်း သူ့အမေ ဘာဖြစ်ဖြစ်ဒိကောင် ဘယ်လောက်ဆိုးဆိုး ကျွန်မနဲ့တွေ့မယ် ဆိုပြီး
ကြုံးဝါးတာဘဲ....

ဒါပေမယ့် ကျွန်တော် ခေါင်း ဆင်နင်းခံရတယ်လို့တော့အိမ်မက် မမက်ခဲ့ဘူး...ဆရာမဖိုးဝရုပ်က ကျွန်တော်တို့ အတန်းပိုင်မဟုတ်ဘူးလေ....ဒါပေမယ့် သူ သင်ရမယ့် အချိန်ရောက်လို့ ကျွန်တော်တို. အခန်းထဲကို စ၀င်ရတဲ့နေ့မှာ တွေ့တာပါဘဲ....ကျွန်တော်တို.လည်းသတင်းတွေကြားရတာပေါ့ ဆရာမဖိုးဝရုပ်က အခန်းတိုင်းမှာရန်ကုန်ကလာတာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတော့ အဲဒါတွေပြန်ကြားပြိး
ကြောက်နေတာပေါ့.....ကျွန်တော်တို့ အခန်းထဲစ၀င် ရတဲ့ နေ့ကထုံးစံအတိုင်း ကြုံးဝါးပြီးတော့ ဆရာမရဲံ ကျေးဇူးနဲ့ နာမည်ဘယ်သူဆိုတာ ဘယ်ကောင်လည်းဆို ပြီး ကျွန်တော့် နံမည်ကို ပြောပြီး မတ်တတ်
ရပ်ခိုင်းပါလေရော.....ကျွန်တော်လည်း ဆရာမဖိုးဝရုပ်ကိုတော့ ကြောက်တာနဲ့ သားပါဆရာမဆိုပြီး
မတ်တတ်ရပ်ရတာပေါ့ဆရာမရယ်......ကြောက်အာလန့်အားနဲ့ သားလို့ သုံးမိတဲ့အထိပါဘဲ......ဆရာမ ဖိုးဝရုပ်က အေးမင်းငါ့အခန်းထဲပြောင်းဆိုြ့ပီး ကျွန်တော့်ကို ပြောင်းခိုင်းတာပေါ့.....ဆရာမကတော့
အဲဒီအချိန်တုန်းကတော့ ၀မ်းသာနေမှာဘဲနော် ဒီကောင်တော့နာပြီဆိုပြိး......ဒါနဲ့ ဆရာမဖိုးဝရုပ်က
အခန်းထဲပြန်ရောက်လာတော့ ဟိုကောင်ရှေ့ထွက်ခဲ့ဆိုပြီး ကျွန်တော့်ကိုကျောင်းသားဆိုတာ အင်္ကျီအပြင်ထုတ်မ၀တ်ရဘူးဆရာမအခန်းထဲမှာလိမ်လိမ်မာမာနေ နော်သား ညနေ ဆရာမနဲ့ အတူပြန်မယ်
ဆရာမ ခြင်းတောင်းဆွဲဆိုတော့ ကျွန်တော် တော်တော် ပျော်သွားတာပေါ့ဆရာမရယ်....ဆရာမလုပ်လို့ သားလို့ ဆရာတွေဆီက ခေါ်တဲ့အသံမကြားရတာလည်း ကျွန်တော့်မှာ နှစ်ပေါက်နေပြီ မဟုတ်လား.....

ညနေကျတော့ ကျွန်တော် လည်းဆရာမ ဖိုးဝရုပ် ရဲ့ ခြင်းတောင်းလေးဆွဲပြိး ဆရာမဘေး ကမြောက်ကြွှမြောက်ကြွနဲ့ လိုက်ခဲ့တာပါဘဲ...ဆရာမတို့လည်း တော်တော် အံ့သြနေမှာပေါ့.....ကျွန်တော်လည်း တော်တော် ပျော်ပါတယ်....ဆရာမတွေနဲ့တစ်ခြား ကျောင်းသားတွေ ရုံးရုံး လုပ် နေတာတို့ ဆရာမ နောက်မှာ ကျောင်းသားတွေ ခြင်းတောင်းဆွဲလို့ လိုက်သွားကြတာမြင်ရင် ကျွန်တော် လည်း လိုက်ချင်ခဲ့တာ ခုမှ ဆန်ဒပြည့်ခဲ့တာကိုး...မင်းရှီလို့ ငါ့ကျူရှင်မှာ လူမလာတာဆိုပြီး ကျွန်တော့်ကို ပြောလို့ ကျွန်တော် ကျူရှင်မတက်ရတာလည်း ကြာပြီလေ.....ဆရာမ ဖိုးဝရုပ်က ကျွန်တော့်ကို ဘာလို့ ဒီလိုဖြစ်သွားတာလည်း ခုထိဆရာမ မသိသေးဘူးနဲ့တူပါတယ်....ဆရာမ ဖိုးဝရုပ် ရဲ့ အမျိုးသား ကျွန်တော့် အခေါ် ဦးဦး ကောင်းတာလည်း ပါပါတယ်...ဆရာမ ဖိုးဝရုပ်က ကျောင်းမှာ ဒီလို ဒီလို ဆိုးတဲ့ ချာတိတ်တစ်ယောက်ရှီတယ် ဆိုပြီး ကျွန်တော့် အကြောင်းပြောတော့ ဦးဦး က ဒီလောက်ဆိုးနေတာ အကြောင်းတော့ ရှိမှာပါ ဆိုးလို့ ပြစ်ပယ်ထားတဲ့ကလေးတစ်ယောက်ကို ဆက်ပြီး ပြစ်ပယ်ထားမယ်ဆိုရင် ပို ဆိုးသွားမယ် မေတ္တာနဲ့ ပြုပြင်ကြည့်ပါအုန်း၊နောက် ကလေးရဲ့အဖေ ကလည်း တစ်ရုံး တည်း အတူတူ လူကောင်းပါလို့ ပြောတာရယ် ပါပါတယ်....

နောက် ဆရာမတို့ အမြင်ကပ်တဲ့ ကျွန်တော့် ပါးပေါ်က အမေကွက်ကွက်ပေးလိုက်တဲ့ သနပ်ခါး ပါးကွက်ကျားကြီးနဲ့ ကျွန်တော့် ကိုလည်း ဆရာမ ဖိုးဝရုပ် က မြင်မြင်ခြင်းချစ်သွားတယ်လို့ ဆရာမဖိုးဝရုပ်ကပြန်ပြောပြပါတယ်.....ကျွန်တော့် အတွက်တော့ တကယ့်ကို ဆရာမ ဖိုးဝရုပ်က ဘုရားပေးတဲ့ဆုလာဒ်ပါဘဲ ကျူရှင်မသင်တဲ့ ဆရာမက ကျွန်တော် တစ်ယောက်တည်းကို သူ့အိမ်မှာ နေခိုင်းပြီးသင်ပေးခဲ့တယ် လေ....အဖေနဲ့အမေ ရှေ့ကလွဲရင် ကလေးလို မနေတတ်တော့တဲ့ ကျွန်တော် ဆရာမ ဖိုးဝရုပ် အိမ်မှာ ကလေးလို ပြန်နေခဲ့ရပါတယ်....ကျွန်တော်ပျော်ခဲ့ပါတယ်....အမေကလည်း ကျွန်တော့် အတွက် ပျော်ပြီး ဆရာမ ဖိုးဝရုပ်ကို ကျေးဇူးတွေ အထပ်ထပ်တင်လို့ပေါ့...ဆရာမ တို့ အမြင်ကပ်တဲ့ ကျွန်တော် ဆရာမ ဖိုးဝရုပ် မျက်နှာနဲ့ ဆရာမတို့ကို ကလန်ကဆန်လည်းပြန်မလုပ်ခဲ့ပါဘူး....ကျွန်တော့် ဆရာမ ဆုံးမတာရယ် ဆရာမတို့ ကို ကျွန်တော့် ဂေါင်းထဲ ကထုတ်ထားတာရယ်ကြောင့် ကျွန်တော့် စိတ်ထဲမှာ ဘယ်လိုမှ မရှီခဲ့ပါဘူး....ကျွန်တော့် ဆရာမနဲ့ ကျွန်တော် ပျော်နေတာပါဘဲ....ကျွန်တော့် ပုံ စံကဘဲ ဆရာမတို့ အမြင်မှာ ဘယ်လိုမှ ကြည့်မရခဲ့တာလား ကျွန်တော် ကဘဲ ဒေါင့်မကျိုးတာလား ကျွန်တော် စဉ်းစားလို့ မရခဲ့ဘူး...

ကျွန်တော် ဆရာမတို့ ကျောင်းမှာ နောက်ဆုံး နေခဲ့တဲ့ နှစ်က နည်းပေါင်းစုံ နဲ့ လုပ်ခဲ့လို့ ကျွန်တော် နောက် ပြောင်းရတဲ့ ကျောင်းမှာ လည်း လိမ်လိမ် မာမာ နေချင်ပေမယ့် ဘယ်လိုနေနေ အမြင်ကပ် ခဲ့တဲ့ ကျွန်တော့် အတန်းပိုင်ဆရာမနဲ့ ကျွန်တော် ကြုံခဲ့တာပေါ့....ကျွန်တော် ၈ တန်း နှစ် ရောက်တော့ ဆရာမသူငယ်ချင်း က ကျွန်တော့် အတန်းပိုင် ဖြစ် ကတည်းက ကျွန်တော် သွားပြီဆိုတာ သိပါတယ်.....ကျွန်တော့် ဆရာမကတော့ အားပေးပါတယ်...ဒါပေမယ့် ဆရာမရယ် သူလည်း ဆရာမတစ်ယောက်ဘဲ ဘောင်ထဲကလုပ်သွားရင် သူ ဘာလုပ်လို့ ရမှာ လည်း.....ကျွန်တော် တို့ ကျောင်းဖွင့်လို့ ပြန်တက်တာနဲ့ စတာပါဘဲ.....ကျွန်တော်နဲ့ မထိုင်နဲ့ ကျွန်တော် နဲ့ ပေါင်းရင် ကျွန်တော့် လို လူဆိုး လူပေ ငတေ ဖြစ်မယ် နဲ့ပြောတာပါဘဲ...ဆရာမ အတွက် သူငယ်ချင်းကောင်းပါဘဲ....အတန်းထဲမှာ ကျောင်းသားတွေရဲ့ ပိုက်ဆံနဲ့ မြီးရှည် လုပ်စားတော့ ကျွန်တော်တို့ ကို ကြက်သားမျှင်လေးတွေ ထည့်ပေးပြီး ဆရာမတို့ရဲ့သားလေးတွေ သမီးလေးတွေ ကို ကြက်ပေါင်ကြီးတွေ ပေးကိုက်ထားတာ မြင်တော့ ငါတို့က ပိုက်ဆံလည်းပေးရသေးတယ် ကြက်သားကျတော့ အမျှင်ဘဲစားရတယ် သူတို့ကဆရာမဆိုပြီး အလကားလည်းစားသေးတယ် သူတို့သားသမိးတွေ ကျတော့ ကြက်ပေါင်ပေးထားတယ်ဆိုပြီး ကြက်ပေါင်တွေ ကို သူငယ်ချင်းတွေကို ဝေပေးခဲ့တဲ့ ကျွန်တော့်ကို အလှု လက်ဖက်နဲ့ မျက်နှာ လုပ်ချင်တဲ့ ဆရာမသူငယ်ချင်း မျက်နှာပျက်ပြီး ကျွန်တော့် ကို မျက်မုန်း အကျိုးကြီး ကျိုးတာလည်း မဆန်းပါဘူး ......

ပို ဆိုးတာက ကျွန်တော် ရဲ့ အဖေ ဆရာမတို့ ရဲ့ ယောက်ျားတွေ လုပ် နေတဲ့ ဌာန မှာ အထက်အရာအရှိ အဖြစ် ရောက်လာတဲ့ ဦးဦး ရဲ့ သားက ဘယ်လို ပြောပြော ဖေဖေ က နောင်သူ နဲ့ ဘဲ ထိုင်ရမယ်ပြောတယ် ဆိုပြီး ကျွန်တော် နဲ့ဘဲ ထိုင်တော့ဆရာမတို့ မှာ ပြောရခက်ကြီးဖြစ်နေတာပေါ့.....ဦးဦး က ကျွန်တော့် အဖေ နဲ့ တစ်ရွာတည်း သားပါ......ဆရာမတို့လည်း ဖားဘို့ အခွင့် အရေးလေးတွေ လျော့တာကိုး......ကျွန်တော် လည်း ပြောပါတယ် ဟေ့ကောင် မင်းငါနဲ့ မထိုင်နဲ့လို့ ....သူ့ ဟာသူ ကျွန်တော်နဲ့ဘဲ ဇွတ် ထိုင်ချင်တာကတော့ ကျွန်တော်လည်း မတတ်နိုင်ဘူးပေါ့ ဆရာမရယ်....ရီတော့ ရီစရာပါ ဆရာမ ငလုံး က အတန်းထဲမှာ ဟေ့ကောင် ငါအီး အကျယ် ကြီး ပေါက်ချင်တယ်ဆိုတော့ ကျွန်တော် ကပြောပါတယ် မလုပ်နဲ့ တော်ကြာ ငါမြှောက်ပေးတယ် ဖြစ်နေမယ် အေးအေးနေပါကွာဆိုတာ ဟိုကောင်ကမရဘူး ပေါက်ချင်တယ် ဇွတ်လုပ် တာနဲ့ ကျွန်တော် လည်း အဲဒီလောက်မှ ပေါက်ချင်နေတာ ပေါက်ကွာ ဆိုတော့ ဟိုကောင်ကလည်း တစ်ကယ်ပေါက်ပါတယ်....

တစ်တန်း လုံး လည်း ၀ိုင်းရီပေါ့ ဆရာမရယ် ဟို ကောင်ကလည်း တမင်ကို ပေါက်နေတာပါ အီးကြောကလည်း တော်တော် ရှည်ပါတယ် တစ်တန်းလုံး ၀ိုင်းရီနေပေမယ့် သူ ကတော့ ခပ်တည်တည်ပါဘဲ တစ်လုံး ပေါက်ပြီးလိုက် ခဏနေလိုက် နောက်တစ်လုံးပေါက် လိုက်နဲ့ တော်တော်နဲ့ကို မပြီးပါဘူး...ဒါပေမယ့် ဆရာမသူငယ်ချင်း လုပ် တာနဲ့ ကျွန်တော့် သူငယ်ချင်း ငလုံး လည်း အင်တာနေရှင်နယ် တန်းဝင်သွားတော့တာဘဲ ....ဆရာမသူငယ်ချင်းကပြောပါတယ် တစ်တန်းလုံးကို အီးပေါက်တယ်ဆိုတာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ဒါကောင်းတဲ့ အချက်ဘဲ နိုင်ငံတိုင်းမှာ အီးပေါက်တာကို မကောင်းမမြင်ဘူး လေချင်တက်တာကို မှ မကောင်းမြင်တယ် ဘာညာလုပ်တော့တာပါဘဲ....ဟိုကောင်ကလည်း ဟုတ်တယ် ဆရာမ ဖေဖေ ကလည်း ပြောတယ် ဘာညာစွတ်လုပ်တော့တာပါဘဲ...သူ့ အဖေ ကလည်း ၇ နှစ်လောက် နိုင်ငံခြား ပြင်ညာတော်သင် သွားခဲ့တဲ့ တာဆိုတော့ သူကလည်း သူ့ အဖေ က ပြောတယ် ဘယ်မှာဆို ဘယ်လို ဆိုပြီး စွတ်တင်တာပါဘဲ ရုပ်တည် နဲ့ တစ်ကယ်က သူရုပ်ပြောင်လုပ်ချင်လို့ လုပ်ခဲ့တာပါ အဲဒါကို အတည် ပေါက်ကြီးနဲ့ပြော ဆရာမသူငယ်ချင်းကလည်း ဟုတ်တယ် အင်တာနေရှင်နယ်မှာ ဘာဖြစ်တယ် ညာဖြစ်တယ်လုပ်တော့မှ ကျွန်တော် လည်း တစ်ကယ် ရီချင်လာတာပါ....စိတ်ထဲမှာလည်း အင်း ငါသာဆိုရင် ရစရာမရှိအောင် အပြောခံရမှာလို့ တွေးမိခဲ့သေးတယ်.....

အဲဒီနေ့ ညနေက ဆရာမဖိုးဝရုပ် ကသားညနေအိမ်လာခဲ့ ဆိုလို့ ကျွန်တော် သွားတော့ ဆရာမ ဖိုးဝရုပ်က ပြောတာပေါ့...ဆရာမသူငယ်ချင်း က တိုင်တယ် ရှင့် တစ်ပည့် က ငလုံးကို အတန်းထဲမှာ မြှောက်ပေးတယ် နေ့လည် က ဒီလိုဘဲဆိုပြီး တိုင်တယ် အဲဒါ သားဟုတ်လား ဆိုတော့ ကျွန်တော် တော်တော် လည်း အံ့သြ ဆရာမ ကော ဆရာမသူငယ်ချင်းကို ကော ကျွန်တော့် ရင်ထဲမှာ တော်တော် မုန်းသွားတယ် ဆရာမ....ဆရာမတို့နှယ်ဗျာ ကျွန်တော့်ကို ဒီလောက်ဘဲ အမြင်မကြည်ခဲ့ရသလား.....ဆရာမတို့ လုပ်ခဲ့တာအတွက် လိပ်ပြာသန်ုတယ်ဆိုရင်တော့လည်း ပြီးတာပါဘဲ.....ကျွန်တော်ကတော့ ဒီအဖြစ်တွေကို မေ့လို့ ကို မရဘူး.....နောက် ကျွန်တော် လုပ်ခဲ့တာအတွက်လည်း ဆရာမတို့ ကောင်းမှုနဲ့ ကျွန်တော် နောက် ပြောင်းတဲ့ ကျောင်းမှာ စတား ၃ ခု နဲ့ရောက်ခဲ့တာကလည်း မေ့လို့မရဘူး....ကျွန်တော်လည်း မှားခဲ့ပါတယ် ဒါပေမယ့် ဆရာမသူငယ်ချင်းလုပ်တာကိုတော့ ဆရာမတို့ မျက်ကွယ်ပြုထားတယ်.....

တစ်ရက် ကကျွန်တော် လည်း သေးအရမ်းပေါက်ချင်နေပြီ လူတိုင်းလည်း ထွက်လို့ရတယ် ကျွန်တော့် ကိုကျမှ ထွက်လို့ မရဘူးဆိုတော့ ကျွန်တော် မစဉ်းစားတတ်ဘူး.....ကျွန်တော့် ဘေးနားထိုင်တဲ့ ငလုံး က ကျွန်တော်နဲ့ သူသွားမယ် ပြောတာတောင် ငလုံးကို သွားခွင့် ပေးတယ် ကျွန်တော့်ကို ကျတော့ သွားခွင့်မပေးဘူးဆိုတော့ ကျွန်တော် ဆရာမသူငယ်ချင်းကိုလည်း တော်တော်စိတ်တိုပါတယ်....ဒါပေမယ့် ကျွန်တော် မသွားပါဘူး.....နောက်ဆုံး ကျွန်တော် ဘယ်လိုမှ မနေနိုင်တော့ တာနဲ့ ဆရာမကျွန်တော် သွားပါရစေဆိုတော့ ဆရာမ သူငယ်ချင်းက သွားခွင့် မပေးဘူး ငါ့များဘာမှတ်နေလည်း ဆိုတော့ ဆိုင်မှမဆီုင် တာ ဆရာမရယ် ကျွန်တော် သေးပေါက် ချင်တာနဲ့ သူ့ကို ဘာထင်ရတာနဲ့...ကျွန်တော်လည်း သွားခွင့် မပေးရင် အခန်းထဲမှာ တင် ပေါက်မယ်ပြောတော့ သူကလည်း သတ္တိ ရှိရင်ပေါက်လိုက်လေဆိုလို့ ပေါက်ကလည်း ပေါက်ချင် စိတ်ကလည်းပေါက်လာတော့ အခန်းထဲတင်ပေါက်လိုက်တာပေါ့....ဒါနဲ့ဘဲ ကျွန်တော်လည်း ရုံးခန်းရောက် အဖေလည်း လက်မှတ်လာထိုးပေးလိုက်ရတာပါဘဲ.....အဲဒါလေးတွေကဘဲ ကျွန်တော့် ရဲ့ ရှေ့ခရီးမှာ အဖုအထစ်လေးတွေဖြစ်ခဲ့ရတာပါဘဲ....ကျွန်တော် လည်း ဆရာမက စတဲ့ဇာတ်လမ်းလေးမို့ ဆရာမကို မေ့လို့ကို မရခဲ့ပါဘူး....တစ်နေ့နေ့မှာတော့ ဆရာမရဲ့ ရင်ထဲကို စူးလေးတစ်ချောင်း စိုက်ပေးဘို့ ကျွန်တော် ရည်ရွယ်ထားပါတယ်....အကျိုးအကြောင်းမသင့်လို့ ဆရာမနဲ့ ကျွန်တော် မဆုံစည်းတော့ဘူး ဆိုရင် နောင်ဘ၀ဆိုတာတွေရှီခဲ့မယ် ဆိုရင် တော့ဆရာမကို ကျွန်တော် ဆပ်စရာရှိတဲ့ အကျွေး ကျွန်တော် ဆပ်ပါအုန်းမယ်...ခုတော့ ကျွန်တော် ဆရာမ ဆီကို စာရေးရင်းနဲ့ အဖြစ် အပျက်တွေက မနေ့တစ်နေ့ကမှ ဖြစ်ထားသလို ပြန်ခံစားရလို့ ဒီစာကို ဒီနေရာဘဲ ရပ်ပါတော့မယ်....ဆရာမလည်း လုပ်ခဲ့တာ တွေ အားလုံးအတွက် လိပ်ပြာ သန့်သန့်နဲ့စိတ်လက်ချမ်းသာစွာ အိပ်ပျော်အောင်အိပ်နိုင်ပါစေ ကျွန်တော် ဆုတောင်းလိုက်ပါတယ်မရိုသေချင်ပေမယ့် ရိုသေစွာနဲ့ဘဲ ကျွန်တော့် စာကို အဆုံး သတ်လိုက်ပါမယ်

နောင်သူ

Saturday, June 27, 2009

အဖေနဲ့အမေ ။၂၀။

ဘဘဦးမောင် ပေးတဲ့ တာဝန်ကို သူငယ်ချင်းလက်ထဲကနေ ယူလိုက်ရင် သူငယ်ချင်း စိတ်မကောင်းဖြစ်သွားမှာလောက်သာ တွေးထားတဲ့ အဖေလည်း နောင်ဖြစ်လာမှာတွေကို မတွေးမိခဲ့ဘူး.......အဖေလွှဲယူရတဲ့ နေရာက အဖေတို့ဌာနမှာ အရေးလည်းပါသလို ပြည်သူပိုင်ပြစ်စည်းအလွဲသုံးစားလုပ်မယ်ဆို တော်တော်လုပ်လို့ကောင်းတဲ့ နေရာပါဘဲ......(အဖေ့သူငယ်ချင်းကိုလည်း အလွန်အကျွံတွေလုပ်လွန်းလို့ ဘဘဦးမောင်က ဖယ်ခဲ့တာလို့ နောက်ပိုင်းမှာ အဖေ ကျွန်တော့်ကို ပြန်ပြောပြခဲ့တယ်).....အဖေ သူ့သူငယ်ချင်း လက်ထဲကနေ လွှဲယူပြီးတဲ့အခါမှာ အဖေ့သူငယ်ချင်းက ဟန်မပျက်သလို အဖေနဲ့လည်း အရင်လို ခင်ခင်မင်မင်ဆက်ဆံတဲ့အတွက် အဖေ့ရဲ့ ဟန်ချက် ပျက်မသွားပေမယ့် ကျွန်တော့်ရဲ့ ကလေးဘ၀ ဟန်ချက်ကတော့ ပျက်ခဲ့ရတယ်........

အဖေ့ သူငယ်ချင်း အမျိုးသမီးက အဲဒီအချိန်က ကျွန်တော့်အတန်းပိုင် ဆရာမ ဖြစ်နေခဲ့လို့ပါဘဲ....အဖေနဲ့အမေက ကျွန်တော် ဖြတ်သန်းနေရတဲ့ ကျောင်းသားဘ၀ ကို အေးအေးဆေးဆေး ရှိနေတယ်ထင်ခဲ့ပေမယ့် အဖေ ဒီရာထူးကို လွှဲယူပြီးနောက်ပိုင်း အခန်းထဲမှာ သူများစာပြန်လို့ ကိုယ်ပြန်ချင်လည်း ပြန်ခွင့်မပေး စာအုပ်ထဲလည်း အမှတ်ခြစ်ရာ မရှိ စတဲ့ သေးသေးလေးတွေနဲ့ ကျွန်တော် ဟန်ချက် စပျက်လာခဲ့ရတယ်.......တစ်ခေါက်မှာတော့ အတန်းထဲ စကားပြောမှုနဲ့ ထိုင်ထ အခါ ၄၀၀ ကျွန်တော့် ကိုဒဏ်ပေးပြီး ကျွန်တော် လမ်းတောင်မလျှောက်နိုင်တော့ ပဲဖြစ်နေတာကို အမေ မြင်သွားပြီးတဲ့နောက်မှာ အမေ့ဒေါသတွေ အဆုံးအစွန်ထိ လွတ်ထွက်သွားခဲ့တော့တယ်.......ကျွန်တော့်ကို ချီပိုး အိမ်မှာ အမေထားခဲ့ပြီး ဆရာမဆီကို ဓားဆွဲလို့ အမေ ဒုန်းစိုင်းပြေးခဲ့တယ်........အမေ ဒီလို ဒေါသတွေသိပ်ထွက်ပြီး ဆရာမဆီကို ထွက်လာတာကို သိတဲ့လူတွေက အဖေ့ဆီကိုလည်း ဖုန်းလှမ်းဆက် ဆရာမဆီကိုလည်း ဖုန်းဆက်ပြီး အိမ်တံခါးတွေ အလုံပိတ်ပြီးနေဖို့ ပြောကြပြီး အမေ့ကို လိုက်ဆွဲခဲ့ကြရတယ်.........

ဘေးပါတ်ဝန်းကျင်နဲ့ လူကြီးတွေဖျောင်းဖျမှုကြောင့် သားသမီးဇော တက်နေတဲ့ အမေ လည်း လူသတ်မှု ဖြစ်မယ့်အရေးကနေ သီသီလေး ကပ်လွဲခဲ့ရတယ်......အဖေ့ကို တော့်ကြောင့် ကျွန်မ သားဒီလို ဖြစ်ရတာ တော့်ကြောင့် လို့ အမေက ပြောတဲ့အခါမှာတော့ အဖေ က စိတ်မကောင်းတဲ့ မျက်နှာနဲ့ စိတ်လျှော့ပါကွာ ဆိုတာပဲ တွင်တွင်ပြောနေခဲ့တယ်......အဲဒီအဖြစ်အပျက်က အဖေနဲ့အမေ့ကို ဒဏ်ရာဖြစ်စေခဲ့ပေမယ့် သူတို့ထက် ဒဏ်ရာကြီးသွားတဲ့ကျွန်တော့်ကိုတော့ နောက်ပိုင်းမှာ အဖေနဲ့အမေက အထူး ဂရုစိုက်ခဲ့တယ်........ဒါပေမယ့် ကျွန်တော့်ကိတ်စ ဖြစ်ပြီးနောက်ပိုင်း အမေက တိုင်းပညာရေးမှူးအထိ တိုင်လို့ ဆရာမကို ပြစ်ဒဏ်ချခံရတဲ့အချိန်ကစလို့ ကျွန်တော်ဟာ ကျောင်းမှာ ဆရာမတွေရဲ့ ချဉ်ဖတ် ဖြစ်ခဲ့သလို သူနဲ့မပေါင်းကြနဲ့နော်ဆိုတဲ့ စကားသံတွေအောက်မှာ အပေါင်းအသင်းခင်တဲ့ကျွန်တော် အပေါင်းအသင်းလက်ချိုးရေလို့ရတဲ့ဘ၀နဲ့ စတင် ဖြတ်သန်းရတော့တယ်........ကျွန်တော့်ဒဏ်ရာတွေက ပိုကြီးလာခဲ့သလို အဖေနဲ့အမေ နားမှာလည်း အစ်ကိုနဲ့အစ်မထက် ကျွန်တော်က ပိုကပ်လာခဲ့တယ်......

အဖေ့ဘက်မှာလည်း ပြသနာက အေးလှတယ်တော့ မဟုတ်ခဲ့ဘူး ....စိတ်ညစ်ရင် နဖူးကို လက်နဲ့ထောက်ပြီးထိုင်နေတတ်တဲ့အကျင့်အတိုင်း တစ်ရက် အဖေ ရုံးက ပြန်လာအပြီးမှာ မျက်နှာတော်တော်မကောင်း ဖြစ်ပြီး ထိုင်နေခဲ့တယ်.......အမေက စိုးရိမ်လို့ပါ ဘာအဆင်မပြေဖြစ်လာလည်း ပြောပါအုန်းဆိုပြီး အတန်ကြာမေးမှ အဖေ့ကို ပြစ်စည်းတွေ အလွဲသုံးစားလုပ်တယ် လာဘ်စားတယ် ဆိုပြီး တိုင်စာေ၇ာက်လို့ အဖေ အစစ်ခံရတော့မယ် ဆိုတာကို အမေ့ကိုပြောပြခဲ့တယ်........အမေကတော့ ချက်ခြင်းပဲ ကိုယ်မှ မဟုတ်တာ လုပ်ထားတာမဟုတ်တာ စစ်ပစေပေါ့ စိတ်ညစ်မနေပါနဲ့ဆိုပေမယ့် အဖေကတော့ သူ့ရဲ့ ၀န်ထမ်းဘ၀ ပထမဆုံးအတွေ့အကြုံ အတိုင်ခံရတာကို စိတ်ညစ်နေခဲ့တယ်......ဒီလိုနဲ့ စစ်ဆေးရေးတွေရောက်လာပြီး စစ်ပေမယ့် အဖေ့တစ်ပည့် တစ်ယောက် ပြောသလို ဂိုဒေါင်ထဲက အရင် ငှက်သိုက်အဟောင်းတွေတောင် မပျောက်ဘူးဆိုပြီး ဟာသ ပြောသလို ဘာမှ အပျောက်အရှ လျော့နည်းတာ မရှိလို့ အေးအေးဆေးဆေး ပဲပြီးသွားခဲ့တယ်.......

ဒီလိုပြသနာတွေဖြစ်နေတုန်းပဲ ဘဘဦးမောင် ရုံးချုပ်ကို ပြောင်းဖို့ အမိန့်ထွက်လာခဲ့လို့ ပြောင်းရတော့မယ်ဆိုတော့ အဖေ့ကို တစ်ခါထဲလိုက်ခဲ့ဖို့ခေါ်ခဲ့တယ်.....ဒါပေမယ့် ရန်ကုန် ကို ဒီနေ့ဒီအချိန်ထိ မနေချင်ပါဘူးဆိုတဲ့ တောသား အဖေက ကျွန်တော်မလိုက်ချင်ဘူး ဆရာလို့ပဲ ပြောခဲ့တယ်.......အန်တီလှ တို့က အစ အဖေ့ကို လိုက်ခဲ့ဖို့ အမေ့ကိုလည်း လိုက်ခဲ့ဖို့ တိုက်တွန်းခိုင်းပေမယ့် အမေကိုယ်တိုင်ကလည်း အန်တီလှတို့ ဒဏ်တွေ မခံချင်တော့တာကြောင့် အဖေလိုက်ရင်လိုက်မယ် အဖေ မလိုက်ရင် မလိုက်ချင်ပါဘူး ဆိုပြီးပဲ ပြောခဲ့တော့တယ်........ဘဘဦးမောင် နားမှာနေရင် အခွင့်အလမ်းတွေသာမှာဖြစ်ပေမယ့် အဖေနဲ့အမေကတော့ ရန်ကုန်ကို နားပူ မျက်စိပူ အနေခက် အသေခက်ဆိုပြီး မလိုက်ခဲ့ဘူး........ဘဘ ဦးမောင် တို့ပြောင်းပြီး နောက်ရောက်လာတဲ့ အဖေတို့ဆရာ ဘဘဦးစိုင်းကလည်း ဘဘဦးမောင် ထောက်ခံချက်နဲ့ အဖေ့ကို သူ့လက်ရင်း တစ်ပည့်လို့ပဲ သဘောထားခဲ့တယ်.........ဘဘဦးစိုင်းလက်ထက်မှာလည်း အဖေ နောက်တစ်ခေါက် ထပ်အတိုင်ခံခဲ့ရပြန်တယ်.........ဒီတစ်ခေါက်မှာတော့ အဖေ့ သည်းခံစိတ်က ကုန်သွားတော့တယ်..... အဖေ့ကို ရုံးတွင်း စစ်ဆေးရေးဝင်မယ်ဆိုပြီးပြောတဲ့အချိန်မှာ အဖေက ကျွန်တော် အစစ်မခံနိုင်ပါဘူး စစ်မယ်ဆို အရင်ဆုံး ကျွန်တော့်ကို တိုင်စာ ပို့တဲ့လူ ဘယ်သူဆိုတာဖော်ပါ လူတစ်ကာတိုင်တိုင်း ကျွန်တော် အစစ်မခံနိုင်ဘူး တိုင်တဲ့လူရယ် စစ်တဲ့လူရယ် ကျွန်တော်ရယ် အတူတူ စစ်ကြမယ် ကျွန်တော် ဟုတ်ခဲ့ရင် ကြိုက်သလို အရေးယူပါ မဟုတ်ခဲ့ရင် တိုင်တဲ့လူကို အရေးယူပါဆိုလို့ လူကြီးတွေ ခေါင်းချင်းရိုက်ပြီး စစ်ဆေးရေးမ၀င်တော့ပဲ ပြီးသွားခဲ့တယ်.........နောက်ပိုင်းမှာလည်း အတိုင်အတော ကိတ်စ နားအေးသွားခဲ့တော့တယ်......

အဖေ နာမည်ပျက်မရှိနေနိုင်အောင် အမေ့စီးပွားကလည်း တရှိန်ရှိန် တက်နေခဲ့တယ်......အမေနဲ့အဖေ မှာ အမေ က အဖေ့ကို ထောက်ပံ့ခဲ့တယ်ဆိုပေမယ့် အဖေ့အလုပ်ကိတ်စတွေကို အမေ၀င်မစွက်သလို အဖေကလည်း အမေ့စိတ်ကို သိပေမယ့် နောင်တစ်ချိန် ၀င်စွက်လာမှာဆိုးတဲ့စိတ်နဲ့ သူ့အလုပ်ကိတ်စတွေကို ၀င်မစွက်ဖို့အမေ့ကို ကြိုပြောခဲ့တယ်......အမေကလည်း ၀င်မစွက်တဲ့အပြင် စီးပွားရှာနေတာ အမေဖြစ်ပေမယ့် အဖေ့ကိုလေးလေးစားစား ပြုမူဆက်ဆံခဲ့သလို ကျွန်တော်တို့အပေါ်မှာလည်း အဖေ က ရာထူး အရှိန်အ၀ါလေးရှိတော့ သားတို့ သမီးတို့ ဂုဏ်ရှိတယ် အမေ ပိုက်ဆံ ရှာနိုင်တိုင်း ပိုက်ဆံ ရှိတိုင်းလည်း ဂုဏ်ရှိတာမဟုတ်ဘူး စသဖြင့် ကျွန်တော်တို့တစ်တွေ အဖေ့အပေါ်မှာ ကလေးစိတ်နဲ့အထင်မြင်သေး ဖြစ်မှာကိုက အစ မဖြစ်အောင် အမေ ကာကွယ်ခဲ့တယ်.....(အမေ မကာကွယ်ရင်တောင် ကျွန်တော်တို့ ရင်ထဲ အဖေ့ကို မလေးမစား မဖြစ်တဲ့အထိ အဖေ့ရဲ့တည်ငြိမ် အေးချမ်းမှုက ဒီနေ့ဒီအချိန်ထိ ကျွန်တော့်ကို ဖမ်းစားဆဲပါဘဲ...

အဖေ့ရဲ့ သွန်သင်ဆုံးမ မှုတွေထဲမှာ ကျွန်တော့်ကြောင့်ဟာသ ဖြစ်ခဲ့ရတာတွေလည်း ရှိခဲ့တယ်......အဖေ ရဲ့စည်းကမ်းတွေထဲမှာ မနက် ၄ နာရီ ထိုးတာနဲ့ အိပ်ရာက ထ ကျွန်တော်တို့ကိုပါနှိုးလို့ မိသားစုလိုက်ဘုရားရှိခိုးပြီးမှ စာကျက်ခိုင်း တတ်တယ်......ဒါပေမယ့် ငယ်ငယ်ထဲက ညဆို တီဗွီ ညလုံးပေါက်ထိုင်ကြည့်နေပြီး မနက်ဆို မထတဲ့ ကျွန်တော့်အတွက်တော့ အဖေ့ ဘုရား ရှိခိုးအစီအစဉ်က တော်တော်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်......အမေကလည်း ကလေးမထချင်တာ ထားလိုက်ပါ ဆိုပေမယ့် အဖေ့ရဲ့ သားလေး ထပါကွ သားငယ် ထ ထ ဘုရားရှိခိုးရအောင် ဆိုပြီး မရမက နှိုးနေတဲ့ အဖေ့ကြောင့် နောက်ဆုံးတော့ ထရတာပါဘဲ.......ဒါ့အပြင် ဘုရားရှိခိုးပြီးရင် အဖေက ပုတီးပါ စိတ်ခိုင်းတတ်သေးတယ်.......အစပိုင်းမှာ တော့ တစ်ပါတ် နောက် နှစ်ပါတ် စသဖြင့် စိတ်ခိုင်းပြီး တစ်ဖြည်းဖြည်း ကြာလာတဲ့အချိန်မှာ ပုတီးအပါတ်ရေများလာတော့ ကျွန်တော် စိတ်တော်တော် ညစ်လာတယ်......တစ်ရက် မနက်ခင်း အဖေ ပုတီးစိတ်ခိုင်းပြီး ခဏနေတော့ အဖေ သားပြီးပြီ ဆိုပြီး ကျွန်တော် အိပ်ရာပေါ်တက်ခွေနေလိုက်တယ်......ခဏနေတော့ သား အဲလိုမလုပ်နဲ့ ပုတီး ပြန်စိတ် ဆိုပြီး အဖေ လိုက်လာတော့ အဖေ သား တစ်ကယ်ပြီးတာ အဖေ မယုံဘူးလား သားပြမယ် ဆိုပြီး အဖေနဲ့အမေရှေ့မှာ ပုတီးကို လက်ညှိုးမှာစွပ်လို့ ရမ်းပြီး တစ်ပါတ် ဟော တွေ့လား နှစ်ပါတ် ကြည့်နေနော် သုံးပါတ် ဆိုပြီး လုပ်ပြလိုက်တော့ အဖေ ဟက်ဟက်ပက်ပက် ရီပြီး အမေကလည်း တော်ပါတော့ တော် အကြီးနှစ်ယောက်ကို ပဲခိုင်းပါ သားကို မလုပ်ခိုင်းပါနဲ့ ဆိုပြီး အဲဒီနေ့ကစလို့ အဖေလည်း ဘယ်လို ခံစားသွားရလည်း မသိပေမယ့် ဟာသ အနေနဲ့ ပြောပြောနေတတ်ပြီး ကျွန်တော်လည်း မနက် စောစောထ ပုတီးစိတ် ဘုရားရှိခိုး မလုပ်ရတော့ဘူး.....(ဒီလိုအချိန်တွေကို ပြန်တွေးမိရင် ကျွန်တော့်ရင်ထဲ ဆို့လာမိတယ်)

အဲဒီနှစ်အပိုင်းအခြားမှာပဲ အဖေနဲ့အမေ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် အမေ့အစ်မလတ် သား ၁ ယောက် အဖေ့ ညီ ၂ ယောက်ကို ရှင်ပြုပေးခဲ့ကြတယ်......ဆင်းဆင်းရဲရဲ ဘ၀ကနေ သားတွေ တူတွေ ကို အကြီးအကျယ်ရှင်ပြု အလှူပေးနိုင်ခဲ့တဲ့ အဖေနဲ့အမေ ရင်ထဲ ဘယ်လောက်တောင် ကြည်နူးပီတိ ဖြစ်နေမလည်းဆိုတာကို အဲဒီတုန်းက ဓာတ်ပုံ တွေ ပြန်ကြည့်ရင် သိပ်သိသာခဲ့တယ်.....ဒါပေမယ့် အဖေနဲ့အမေ ဘ၀မှာ သားသမီးတွေနဲ့ ဆွေမျိုးတွေအတွက် ကြည်နူးပီတိဆိုတာ သိပ်ကို ရှားခဲ့သလိုပါဘဲ.........ကျွန်တော်တို့ကို ရှင်ပြုတဲ့ နှစ်မှာပဲ မေမေကြီးတို့အိမ်ကို ဂြိုလ်ဆိုး ၀င်မွှေသလို ဖြစ်ခဲ့တော့တယ်......အမေ့အောက် မောင် လေးယောက်ထဲက သုံးယောက်မြောက် က မေမေကြီးနဲ့ စိတ်ဆိုးပြီး အိမ်ကနေထွက်သွားသလို နောက် အမေ့မောင်တစ်ယောက်ကလည်း တက်ကသိုလ်တက်ဖို့ကို ငါ အမေနဲ့ စကားမပြောချင်ဘူး အစ်မရယ်အစ်ကို ရယ်ထောက်ပါဆိုလို့ အဖေနဲ့အမေ လည်း ကျောင်းပြီးတဲ့အထိ ထောက်မယ်ဆိုတဲ့ ကတိပေးခဲ့ရတယ်......(သူကလည်း အဲဒီနေ့ အဲဒီအချိန်ကနေစလို့ မိန်းမရ အရာရှိဖြစ်မှပဲ မေမေကြီးတို့ဆီ ပြန်လာခဲ့တော့တယ်...)

အဆိုးဆုံး ကံကြမာ ဂြိုလ်စီးခံရတာကတော့ အမေ့ ညီမ အငယ်ဆုံးနဲ့ မေမေကြီးပါဘဲ.......အဲဒီနှစ်မှာ အမေ့ညီမ အငယ်ဆုံးရဲ့ ရည်းစား စစ်ဗိုလ် က မေမေကြီးတို့ဆီကို လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ သူရှေ့တန်းသွားရမယ့် ကာလလည်း နီးနေတဲ့အတွက် ပြန်လာမှ လက်ထပ်ပါ ဆိုပြီး စေ့စပ်ရုံ စေ့စပ်ပေးခဲ့တယ်........သူရှေ့တန်းထွက်ပြီး မကြာခင်မှာပဲ တိုက်ပွဲကျသွားပြီဆိုတဲ့ သတင်းဆိုး မေမေကြီးတို့ဆီ ရောက် လာတဲ့အချိန်မှာ အမေ့ ညီမ က မစားနိုင်မသောက်နိုင် တစ်မှိုင်တွေတွေနဲ့ အခန်းထဲကအခန်းပြင်မထွက်ပဲ နေ့ရှိသရွေ့ငိုကြည့်နေခဲ့တော့တယ်.......အကြင်နာ တရား သိပ်မရှိလှတဲ့ မေမေကြီးက အဲဒီတစ်ခေါက်မှာတော့ အန်တီငယ့်ကို သိပ်ကို သနားသွားသလို သူကိုယ်တိုင်လည်း ခပ်ငိုင်ငိုင်ဖြစ်သွားခဲ့တယ်......သူကိုယ်တိုင် ဘုန်းဘုန်း လဲတော့မယ်ဆိုတာကိုတော့ မသိခဲ့ဘူး.....

နှစ်ပေါင်းများစွာ အစားအသောက်ဆိုရင် မဆင်ခြင် နတ်ကနားပွဲ ငွေကုန်ကြေးကျအမြောက်အများခံ ပေးပေမယ့် ထမင်းဂျိုး ခြစ်စားလိုစား သိုးနေတဲ့ဟင်းစားလိုစား မုန့်ဟင်းခါး စားချင်တယ်ဆိုရင် တစ်ပါတ်လုံး မုန့်ဟင်းခါး စားရင်စားနေတတ်တဲ့ မေမေကြီး တစ်ရက်ကျတော့ ဗိုက်အောင့်တယ်ဗိုက်အောင့်တယ်ဆိုပြီး ဆေးရုံပေါ်ရောက်သွားခဲ့တယ်.......မေမေကြီး သတင်းကြားတဲ့ အမေနဲ့အဖေလည်း လုပ်လက်စ အလုပ်တွေ ပြစ်ချလို့ မေမေကြီး ဆီ ချက်ခြင်းသွားခဲ့ကြတယ်........ပေပေတေတေနဲ့ ဂျစ်ကပ်ကပ် မေမေကြီး ရဲ့ ဗိုက်ထဲမှာ အနာဖြစ်ပြီး ပြည်တည်နေတာမို့ ဗိုက်ညာဘက်အခြမ်းကနေ အရင်ခွဲပြီးပြည်တွေကို စုတ်ထုတ်ခဲ့ရတယ်......စိတ်မာပါတယ်ဆိုတဲ့ မေမေကြီးလည်း ဒီတစ်ချီတော့ ဆေးရုံပေါ်မှာ အမလေး အဘလေး အော်လို့ အစားမစားနိုင် နဲ့ တစ်ဖြည်းဖြည်း လုံးပါးပါးလာခဲ့တယ်......ဗိုက်ညာဘက်မှာ ခွဲထားတဲ့ အနာကလည်း မပျောက်နိုင် ပြည်တယိုယိုနဲ့ မေမေကြီးဟာ အဲဒီအချိန်က သိပ်သနားဖို့ကောင်းခဲ့တယ်......နောက်ဆုံး ဆရာဝန်ကြီးက မေမေကြီးကို အိမ်ပြန်ခွေားပြီး စိတ်ချမ်းသာသလို ထားဖို့ပြောတဲ့အချိန်မှာတော့ အမေက မေမေကြီးကို သူကြိုးစားချင်သေးတယ် သူကြိုးစား ပြုစု ကုနိုင်မလားဆိုပြီးမေးတော့ ဆရာဝန်ကြီးက အမေ့ကို ဂရုဏာသက်ပြီး ကုကြည့်ပေါ့ ဆိုပြီး အနာဆေးတာ ဆေးထည့်တာ တွေကအစ သူ့အလုပ်တွေကိုပြစ်လို့ တစ်လလောက် အမေ ဆေးရုံမှာတင် သင်နေခဲ့တယ်......

အမေ နည်းနည်း လုပ်တတ်ကိုင်တတ်ပြီဆိုတဲ့ အချိန်မှာ မေမေကြီးကို ဇာတိမြို့မှာမထားတော့ပဲ အဖေ တာဝန်ကျတဲ့ ဆီကို ခေါ်လာခဲ့တော့တယ်........မေမေကြီးလည်း အိပ်ရာပေါ် ပက်လက် နဲ့ ကျွန်တော်တို့အိမ်ကို ရောက်လာခဲ့တော့တယ်......ဇာတိမြို့မှာတော့ အိမ်မှာ ကျန်တော့တာဆိုလို့ အသည်းကွဲနေတဲ့ အမေ့ညီမရယ် ဆယ်တန်းကျလို့ ထပ်မတက်ရဆိုတဲ့ မေမေကြီးအမိန့်နဲ့ ယောင်တောင်တောင်ဖြစ်နေတဲ့ အမေ့မောင်အငယ်ဆုံးရယ် ဘဘကြီး ရယ် ပဲ ရှိတော့သလို မြို့မှာပဲနေတဲ့ အိမ်ထောင်ခွဲသားသမီးတွေကလည်း ကိုယ့်အလုပ်နဲ့ကိုယ်တွေမို့ သူတို့စားချင်တဲ့ မုန့်ကို လာယူတာလောက်ကလွဲလို့ ပေါ်ကို မလာခဲ့ကြလို့ သူ့ရဲ့ ကိတ်မုန့်ဖိုနဲ့ မုန့်မျိုးစုံကို ဒီဇိုင်းမျိုးစုံ အရသာမျိုးစုံနဲ့ လုပ်ဖို့သာ အာရုံ ရှိတဲ့ ဘဘကြီးရယ် ကယောင်ခြောက်ချားဖြစ်နေတဲ့ အန်တီငယ်ရယ် အမြဲတမ်း လက်ကလေးပိုက်လို့ ရပ်နေတတ်တဲ့ အမေသိပ်ချစ်တဲ့ အမေ့မောင် အငယ်ဆုံး ရယ်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေခဲ့တော့တယ်.......အမေကိုယ်တိုင်လည်း သူ့အလုပ်ရယ် မိသားစုရယ် မေမေကြီးကို ပြုစုရတာရယ်နဲ့ မောချင်တိုင်းကို မောနေခဲ့တော့တယ်.....

Tuesday, June 23, 2009

အဖေနဲ့အမေ ။၁၉။

တံခါးခေါက်သံကြားလို့ အမေ ထတဲ့အချိန် အမေနဲ့ အတူ အိပ်တဲ့ ကျွန်တော် ပါ အိပ်ချင်မူးတူးနဲ့ အမေ့လက်ဆွဲပြီးအမေနဲ့ တံခါးသွားဖွင့်တဲ့အချိန်မှာ အိမ်ပေါက်ဝမှာ ဆံပင်ညှပ်ထားပြီး ပြုံးပြုံးကြီးရပ်နေတဲ့ အဖေ့ကို တွေ့လိုက်ရတယ်.......ကျွန်တော်ကတော့ ကလေးပီပီ အဖေပြန်လာတာကိုပဲ အဖေ ပြန်လာပြီဟေ့လို့ အော်လိုက်ပြီး အမေကတော့ ဘယ်လိုဖြစ်လာတာလည်း ဆိုပြီး အဖေ့ကို မေးတယ်........အစ်ကိုနဲ့အစ်မလည်း ထလာပြီး မိသားစုတွေ အဖေ့နားမှာ ၀ိုင်းထိုင်ပြီး မေးတော့မှ ရန်ကုန်မှာ အခြေအနေတွေ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်လို့ အဖေ နိုင်ငံခြား မသွားဖြစ်တော့ဘူး ပြန်လာရတယ် ဆိုပြီးအဖေပြောပြတယ်.......တစ်ကယ်ဆို အဖေသွားဖို့ လေယာဉ်လက်မှတ်ကအစ အဖေ့လက်ထဲကိုရောက်ပြီးနေတဲ့အပြင် နိုင်ငံခြားသွားတိုင်း ဆံပင် တိုတိုညှပ်နေကြပုံကိုလည်း အဖေညှပ်ပြီးနေပြီ.........အဖေ ပြောပြလို့ ရန်ကုန်မှာ ကျောင်းသားတွေ အစိုးရကို မကျေနပ်လို့ ဆူနေကြတယ်ဆိုတာလည်း သိကြရတယ်........အဖေကတော့ ဘာမှမဖြစ်ပေမယ့် ကျွန်တော်တို့ကတော့ အဖေ နိုင်ငံခြားမသွားရတာကို ကလေးအတွေးနဲ့ ပိုက်ဆံတွေ မရတော့ဘူးပေါ့ဆိုပြီး နှမျောနေလို့ နောက်လည်းသွားရမှာပဲကွာ သားတို့သမီးတို့ကလည်းဆိုပြီး သားသမီးတွေကို ပြန်နှစ်သိမ့်ပေးနေခဲ့တယ်.......

အဖေရန်ကုန်ကပြန်လာပြီး သိပ်မကြာဘူး အဖေတာဝန်ကျတဲ့နေရာမှာလည်း လှုပ်လှုပ် ခတ်ခတ်တွေဖြစ်လာတယ်........အထက်တန်းကျောင်းတွေမှာလည်း ဆရာဆရာမတွေ ကျောင်းသူကျောင်းသားတွေ လှုပ်ရှားလာတာကို မြင်ခဲ့ရတယ်........အဲဒီနောက် သိပ်မကြာဘူး ၈၈ အရေးအခင်း ဖြစ်လာခဲ့တော့တယ်.........အရေးအခင်းကာလမှာ အဖေ နဲ့ အမေ နေတဲ့ပုံ ကျွန်တော်တို့ကို ထားခဲ့တဲ့ပုံကို ကျွန်တော် အသက်ကြီးလာတဲ့အချိန်မှာ ဝေဖန်ပြီး မေးခွန်းထုတ်တိုင်း အဖေနဲ့အမေက ခပ်မဆိတ်သာ နေလေ့ရှိသလို သားမသိတာတွေ ရှိပါတယ်သားရယ် လို့ ပြောလေ့ရှိတယ်.........အရေးအခင်းတွေဖြစ်တဲ့ အချိန် အဖေတို့ဝန်ထမ်းအသိုင်းအ၀ိုင်း လည်း ဆန်ဒပြပွဲမှာ ပါခဲ့ပေမယ့် ချွင်းခြက်အဖေကတော့ အလုပ် ထဲမှာပဲ အချိန်ကုန်နေခဲ့တယ်......အဖေ့သူငယ်ချင်းတွေက အဖေ့ကို ဖောက်ပြန်ရေးသမားလို့ အိမ်ပေါ်မှာ စွတ်စွဲတဲ့အခါမှာလည်း အဖေက ခပ်အေးအေးသာ နေခဲ့သလို ဘာမှပြန်လှန်ပြောတာမျိုး ကျွန်တော်တို့ မတွေ့ခဲ့ရဘူး........အဖေ့အနေအထိုင် အဖေ့စိတ်ကို သိတဲ့အဖေ့သူငယ်ချင်းတွေကလည်း အဖေ့ကို မင်းကဖောက်ပြန်ရေးသမားပဲ ဆိုတာလောက်ကလွဲပြီး ဘာဆက်ပြောရမှန်းမသိအောင်ကိုပဲ အဖေကနေခဲ့တယ်.......

အဖေ့လက်အောက်က ၀န်ထမ်းတွေကိုတော့ အခု တို့လုပ်နေတဲ့အလုပ်ကို တို့ဆက်လုပ်မယ် ငါတို့လုပ်ငန်း မရပ်ဘူး ဆက်သွားနေလို့လည်း ရတယ်.......လုပ်ချင်တဲ့လူ တွေဆက်လုပ်နိုင်တယ် မလုပ်ချင်တဲ့လူတွေ ဆန်ဒသွားပြလို့ရတယ် ဆိုပြီး အဖေ ပြောခဲ့တယ်.......တစ်ချို့က တော့ ကျွန်တော်တို့ ဆန်ဒပြမယ်ဆိုပြီး ဆန်ဒပြပေမယ့် အများစုက အဖေ့ကို ဇဝေဇ၀ါနဲ့ကြည့်လို့ အဖေ့ဦးဆောင်မှုအောက်မှာပဲ အလုပ်ကို တစ်ကုပ်ကုပ်လုပ်နေကြတယ်.......ဒါဆို အဖေက အစိုးရဘက်သားပေါ့ ဆိုတော့ အဖေက ရီလည်းမရီ ပြန်လည်းမပြောဘဲ ကျွန်တော်က အဖေက တစည လူပဲဆိုတဲ့အချိန်မှာတော့ အဖေ ဘယ်ဘက်ကမှမဟုတ်ဘူး အဖေ့အလုပ်ကို အဖေ လုပ်နေတာပဲ အနည်းဆုံး အဖေ့မျက်နှာကိုကြည့်နေတဲ့ နေ့စားတွေ ကိုတော့ ဒုတ်ခမရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ် ဆိုတာကလွဲလို့ အဖေ ဆက်မပြောခဲ့ဘူး......ဒါဆို အဖေ ဘာမဲထည့်လည်းဆိုတော့ ငါ့သားက ကလေးပဲရှိသေးတယ် အဖေနဲ့အမေ အတူတူ ထည့်တာပါလို့ပြောလို့ အမေကော ဘာမဲထည့်လည်းလို့မေးတော့ အမေက ရီနေတယ်.......အမေကလည်း ဒီနေ့ထိ အဲဒီအဖြေကိုကျွန်တော့်ကို မပေးခဲ့ဘူး......

အမေကလည်း အဖေ့နည်းတူ အရေးအခင်းကာလမှာ သူ့အလုပ်သူကိုသာလုပ်နေခဲ့တယ်........ဂိုဒေါင်တွေထဲကို စပါးတွေ လှောင်နိုင်သမျှလှောင်နိုင်အောင် အမေကြိုးစားနေခဲ့တယ်.......အဲဒီကာလမှာ အမေ့ကို သဘောကျတဲ့အချက်ကတော့ စားစရာမရှိတဲ့လူတွေကို အမေ ဆန်တစ်ပြည် ငါးခြောက်တစ်ပြား ဆီ ငါးကျပ်သား အမြဲထုတ်ပေးနေတာကိုပါဘဲ.........အမြဲလာယူနေကြအပြင် သွားရင်း လာရင်း စကားစပ်မိလို့ စားစရာမရှိဘူးဆိုတဲ့ လူတွေကအစ အမေ့နောက်က ပါပါလာတတ်တယ်......အရေးအခင်းကာလမှာ အိမ်မှာလူပြတ်တယ်လို့ မ၇ှိခဲ့သလို လာတဲ့လူတိုင်းနီးပါး ပြန်သွားကြရင် ဆန်ထုတ် လေးကိုင်လို့ ပြန်သွားကြတာကို တွေ့ခဲ့ရတယ်........အမေ က ဒီလို စေတနာရှိပေမယ် သူမကြိုက်တဲ့ ပုံမျိုးဆိုရင်တော့ လုံးဝကို မထုတ်ဘူးဆိုတာကို ကျွန်တော်တို့လည်း အမေ့ဒေါသကို မျက်မြင်တွေ့ပြီးသိခဲ့ရတယ်.....

တစ်ရက် အဖေ အိမ်မှာရှိနေတဲ့အချိန် အဖေ့တစ်ပည့်တစ်ချို့ရောက်လာပြီး အဖေ့ကို ဆရာက ဖောက်ပြန်ရေးသမားလို့စွတ်စွဲတဲ့အချိန်မှာ အဖေက မင်းတို့ငါ့အိမ်ပေါ်က အခုဆင်းသွားလို့ပြောခဲ့တယ်.......သူတို့နောက်မှာလည်း တစ်ကယ့်အနစ်နာခံလုပ်ပေးနေသူတွေဟုတ်ပုံမရတဲ့ တောကြောင်လိုလိုလူတွေပါလာခဲ့တယ်.......အဖေက ငါ ဘာမှဂရုမစိုက်ဘူး မင်းတို့လည်း ငါ့အိမ်ပေါ်တက် စော်ကားနေတာ အခု ဆင်းသွားဆိုပြီးပြောနေတဲ့အချိန်မှာ အမေက အသားခုတ်တဲ့ဓားမကိုင်လို့ နင်တို့ အခုဆင်းမလား မဆင်းဘူးလားပြော ပြီးရင် ငါ့အဆိုးမဆိုနဲ့ဆိုတဲ့ အချိန်မှာ အဖေ့တစ်ပည့်တွေက ငိုယိုပြီး ဆရာကတော်ကပါ ကျွန်တော်တို့ကို ဒီလို ပြောတော့ စိတ်မကောင်းဖြစ်ရပါတယ်ဆိုပြီး ငိုကြပြီးမှ ၇ိတ်ခါ ထောက်ပါဆိုတဲ့အချိန်မှာ စိတ်တိုဒေါသထွက်နေတဲ့အမေက ဘာရိတ်ခါမှမပေးနိုင်ဘူး နင်တို့လည်း အခု ချက်ခြင်း အိမ်ပေါ်ကဆင်း နောက်က ကောင်တွေလည်း ငါမမြင်ချင်ဘူး ဆိုပြီး ပြောခဲ့တယ်......အဲဒီအချိန်မှာတော့ ကျွန်တော်တို့လည်း ကိုယ်နိုင်သလောက် လက်နက်လေးတွေကိုင်ပြီး အမေနဲ့အဖေကို တစ်ခုခုလုပ်လို့ကတော့ အသေခံလုပ်မယ်ဆိုတဲ့ စိတ်နဲ့ ကြောက်စိတ်မရှိခဲ့ကြဘူး..........

ဒါပေမယ့် နောက်ပိုင်းမှာ ရန်ကုန်ဘက်မှာပါ လူထု ခေါင်းဆောင်ဖြစ်လာမယ့် လူကတော့ ဘဘဦးမောင်ရဲ့ သားမက်ဖြစ်တဲ့အပြင် အမေတို့နဲ့လည်း အစထဲက ရင်းနှီးတော့ အိမ်ကို လူတစ်ယောက်နဲ့ ညပိုင်းရောက်ရောက်လာတတ်တယ်.....သူပြန်သွားရင် အမေ့လက်ရင်းတစ်ပည့် ဆန်တင်ပေးနေတဲ့ ရွာက လူတစ်ယောက် လိုက်သွားတတ်ပြီး ပြန်ကာနီးမှာလည်း အဲဒီဦးဦးက အဖေနဲ့အမေကို ထိုင်ထိုင်ကန်တော့ပြီးမှပြန်တတ်သလို နောက်ပိုင်းမှာ သူနဲ့အတူပါလာတဲ့လူတွေကပါ အဖေနဲ့အမေကို ထိုင်ကန်တော့ပြီးမှ ပြန်တာကိုတွေ့ခဲ့ရတယ်........ကျွန်တော် ယုံကြည်တဲ့ အဖေနဲ့ အမေက ဖောက်ပြန်တာတွေ မဖောက်ပြန်တာတွေထက် လုပ်သင့်တာကို လုပ်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော် အသက်ကြီးလာတဲ့အချိန်မှာ ယုံကြည်လာခဲ့သလို အဖေ့ကို စွတ်စွဲတဲ့အချိန် တွေကိုလည်း ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့ခဲ့မိတယ်......ကျွန်တော့်အပေါ် အစစအရာရာ ထုတ်ပြောဖွင့်ပြောခဲ့တဲ့ အဖေနဲ့အမေက ဒီနေ့ဒီအချိန်ထိတော့ အရေးအခင်းမှာ သူတို့ဘာမဲထည့်ခဲ့လည်းဆိုတာ ဒီနေ့အထိ မပြောသလို ကျွန်တော်ကလည်း အဖေနဲ့အမေ မပြောချင်တာကို မမေးဖြစ်ခဲ့တော့ပါဘူး.......

အရေးအခင်းကာလမှာ ကျွန်တော်တို့ကို အထူးသဖြင့် အကြီးနှစ်ယောက်ကို အိမ်မှာ စာအုပ် ကစားစရာ ဗွီဒီယို စသဖြင့် ထားပေးပြီး ကျောင်းက ကျောင်းသားတွေကျောင်းစိမ်းဝတ်ပြီး ထွက်ကြဆိုတဲ့အချိန်မှာလည်း လုံးဝပေးမသွားခဲ့ဘူး........ဘဘဦးမောင် သားမက် တရားဟောမယ့်ပွဲဆိုရင်တော့ မောင်နှမသုံးယောက်ကို အမေလက်ဆွဲလို့ သွားကြည့်လေ့တော့ရှိခဲ့တယ်........အဲဒါလောက်ကလွဲလို့ အရေးအခင်းမှာ အိမ်မှာပဲနေခဲ့ရတဲ့အတွက် ထိတ်လန့်စရာ အတွေ့အကြုံတွေ ကို ဘာမှမကြုံခဲ့ရသလို လူပျိုပေါက်ဖြစ်တဲ့ အစ်ကို့ကိုတော့ အမေတို့ အထူး ကြပ်မတ်ပြီး မျက်စိဒေါက်ထောက်ကြည့်နေခဲ့သလို သူ့သူငယ်ချင်းတွေကိုပါ အိမ်ခေါ်ပြီး အိမ်မှာ ကလေးတွေတစ်အုပ်ကြီးကို အမေ ထမင်းဒိုင်ခံချက်ကျွေးပြီးပျော်အောင်ထားခဲ့တယ်.......

အရေးအခင်းကာလမှာ အဖေနဲ့အမေ ကျွန်တော်တို့ အေးအေးဆေးဆေး နေနိုင်ခဲ့ပေမယ့် ဇာတိမြို့မှာတော့ အမေ့မောင်နှစ်မ တစ်ချို့ ပူပင်သောက တွေရောက်ခဲ့ကြရတယ်.....အိမ်မှာလာနေသွားတဲ့ အမေ့အစ်မလတ်ရဲ့ သားနှစ်ယောက်ရဲ့ အစ်မအကြီးဆုံးရဲ့ သားနှစ်ယောက်က အရေးအခင်းမှာ တက်တက်ကြွကြွပါခဲ့တာမို့ အရေးအခင်းပြီးကာနီးမှာ အမေ့အစ်မလတ်ရဲ့ သားနှစ်ယောက်ထွက်ပြေးသွားခဲ့တယ်.....အစ်မအကြီးဆုံးရဲ့ သားနှစ်ယောက်ကတော့ အဖမ်းခံလိုက်ရပြီး အချုပ်ခန်းမှာ အနှိပ်စက်ခံခဲ့ရတယ်.......ထွက်ပြေးသွားတဲ့ အစ်ကိုနှစ်ယောက် နှစ် အတန်ကြာတဲ့ ပြန်လာချိန်မှာတော့ အံ့သြစရာ စစ်ဝတ် စစ်စားနဲ့ ဖြစ်နေပြီး ပြေးလည်း မလွတ်နိုင်တော့တာကြောင့် စစ်ထဲ ၀င်လိုက်ပြီး တစ်ယောက်က တပ်ကြပ်ကြီးစာရေးဖြစ်လို့ နောက်တစ်ယောက်က ရှေ့တန်းမှာ တိုက်ပွဲထူးချွန်လို့ သူရဲကောင်းမှတ်တမ်းဝင်တွေ ဘာတွေဖြစ်ခဲ့တယ် ဆိုပြီး သူတို့ ပြန်ပြောတာပြန်ကြားယောင်မိတိုင်း အရေးအခင်း ကာလက တက်ကြွခဲ့တဲ့ သူတို့နဲ့ ယှဉ် မြင်ယောင်ပြီး ကျွန်တော် ရီချင်စိတ်ပဲ ပေါ်ပေါ်လာခဲ့တယ်......

အရေးအခင်းမှာ အေးအေးဆေးဆေး နေခဲ့ရပေမယ့် အရေးအခင်းပြီးတဲ့အချိန်မှာ အမေနဲ့အဖေ တူတွေအတွက် သောကနဲ့ လိုက်ခဲ့ရတဲ့အပြင် သနားစရာ ၀မ်းနည်းစရာအဖြစ်အပျက်တစ်ခုကိုလည်း ရင်ဆိုင်ကြုံတွေ့ဖြေရှင်းပေးခဲ့ရတယ်....အဖေ့ ဆရာကတော် အန်တီလှက သူ့သားမက်နဲ့ သမီးကို ကွာရှင်းစေချင်တာပါဘဲ.......အန်တီလှ သားမက် ကလည်း အရေးအခင်းမှာ ပါခဲ့ပြီး ပုန်းလျှိုးကွယ်လှိုး နေနေရပေမယ့် သူ့သားလေးနဲ့ သမီး သူ့အမျိုးသမီးကို တွေ့ချင်ရင် အဖေနဲ့အမေကို စီစဉ်ခိုင်းပြီး အိမ်မှာ လာလာတွေ့ကြတယ်......သူတို့ မိသားစု တွေ့တဲ့အချိန်ဆို မိသားစု လိုက်ဖက်ပြီး ငိုနေကြတဲ့ မြင်ကွင်းက ကျွန်တော်တို့ မိသားစု ကို ၀မ်းနည်း စိတ်မကောင်းဖြစ်စေခဲ့တယ်.......တစ်ခါ တစ်ခါ အဲဒီဦးဦးရဲ့ ကြိတ်မနိုင်ခဲမရ အိမ်နံရံကို ခေါင်းနဲ့ ဆောင့်တဲ့ အခါတွေမှာဆို အဖေက ၀င်ဆွဲလို့ အမေ နဲ့ ကလေးတွေရယ် အန်တီလှ သမီးရယ်ကတော့ သည်းသည်းလှိုက် ငိုကြရတယ်.......တစ်ဖက်မှာလည်း အန်တီလှက အဖေနဲ့အမေ ကိုခေါ်ပြီး ဒီလို တွေ့ပေးဖို့ လုပ်နေတာကို ရပ်ဖို့ တစ်ခုခု ဖြစ်ရင် အန်တီ့ကို အဆိုးမဆိုဖို့ ပြောပေမယ့် အဖေနဲ့အမေကတော့ ဒါ မိသားစုအရေး ပဲ ဘယ်လိုပဲဖြစ်ဖြစ် ဆိုပြီး ဆက်ကူညီခဲ့တယ်.......

အခြေအနေ တွေ တော်တော်ဆိုးလာတဲ့ အချိန်မှာတော့ အန်တီလှ သားမက်က အဖေနဲ့အမေကို အစ်ကိုနဲ့အစ်မကိုလည်း ကျွန်တော် အားနာပါတယ် ကျွန်တော်လည်း ဒီမြေက ခွာမှဖြစ်တော့မယ် နှုတ်ဆက်ပါတယ် သူ့မိသားစုကိုလည်း နှုတ်ဆက်ချင်လို့ နောက်ဆုံး အနောက်တော့ စီစဉ်ပေးပါဆိုပြီး အဖေနဲ့အမေကို ပြောခဲ့တယ်.......အမေလည်း စိတ်မကောင်းချင်းကြီးစွာနဲ့ အန်တီလှ သမီးကို ချိန်းပေးပေမယ့် အန်တီလှ သမီးကပါ အမေ့ကို နောက်တစ်ခါ ဒါမျိုး မချိန်းပေးပါနဲ့လို့ ပြောတဲ့အချိန်မှာ အမေ ဘာမှမတတ်နိုင်ပဲ သူတို့ မလာတော့ဘူး ဆိုတာကို ပြန်ပြောရတော့တယ်......သွားခါနီးမှာ မိန်းမနဲ့ ကလေးတွေကို မတွေ့လိုက်ရတဲ့ အဲဒီဦးဦးက အဖေနဲ့အမေ ရှေ့မှာ အချိန် အတန်ကြာအောင် ရှိုက်ကြီးတစ်ငင်ငိုပြီး အဖေနဲ့အမေ ကို ကန်တော့လို့ ထွက်သွားခဲ့တော့တယ်.......( အဲဒီနေ့က သူ ထွက်သွားပြီး နယ်စပ်ကတစ်ဆင့် အမေရိကားကိုရောက် အမေရိကားမှာ ပညာဆက်သင် ပြီး မြန်မာပြည်မှာ ရာထူး ကြီးကြီး တစ်ခုနဲ့ သူပြန်ရောက်လာခဲ့တယ်)

အရေးအခင်းအပြီးမှာ ဘဘ ဦးမောင်က အဖေ ပျက်ခဲ့တဲ့ ပညာတော်သင် ခရီးကို ပြန်ထောက်ခံပေးခဲ့လို့ အဖေ ပညာတော် သင် ပြန်သွားရဖို့ ဖြစ်လာခဲ့တယ်.......အဲဒီနောက် သိပ်မကြာဘူး အဖေ နိုင်ငံခြားကို ပညာတော်သင် ထွက်သွားခဲ့ရတယ်.......အဖေ နိုင်ငံခြားကို ထွက်သွားပြီး သိပ်မကြာဘူး ကျွန်တော့်ဘ၀မှ အမေ ပြီးရင် ဒုတိယ အချစ်ဆုံး အမေ့အောက်က သုံးယောက်မြောက် ညီမ ကလေးလေး ပိုက်လို့ အိမ်ကို ရောက်လာခဲ့တယ်......ရောက်လာခဲ့တယ် ဆိုပေမယ့် အမေက ခေါ်တာဆို ပိုမှန်လိမ့်မယ်.......အရေးအခင်း မတိုင်ခင်လေး ယောင်္ကျားရပြီး အရေးအခင်းမှာ ယောင်္ကျား ရှိရာ ရန်ကုန် ကိုလိုက်သွားခဲ့တဲ့ ကျွန်တော့်အခေါ် မာမီ က ရန်ကုန်က သွေးပျက် ခြောက်ချား စရာတွေ ကို သွေးနုသားနု ကြုံဆုံခဲ့ရပြီး စကားမပြော ဘာမပြောနဲ့ စိတ်ဂယောက်ဂယက် ဖြစ်သလို ဖြစ်သွားလို့ အမေ က လှမ်းခေားပြီး သူ့ညီမကို စိတ်ချမ်းသာအောင် ပျော်အောင် ထားခဲ့တယ်.......ကျွန်တော့်အတွက် လည်းသိပ်ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေပဲ.......ကျွန်တော်မွေးထဲက မာမီက သူ့လက်ပေါ်ကနေမချခဲ့သလို သူမင်္ဂလာဦးညမှာကအစ ကျွန်တော်က မခွာလို့ သူ့ယောင်္ကျား တစ်ခြား မှာအိပ်လိုက်ရတဲ့အထိကို ကျွန်တော့်ကို မာမီ ကချစ်လို့ အမေကလည်း အိမ်ကို ခေါ်ပြီး မာမီ ပျော်အောင် ထားခဲ့တယ်.....

အဖေ နိုင်ငံခြား သွားနေတဲ့အချိန်မှာတော့ အိမ်မှုကိတ်စ စီးပွားရေး စတာတွေကို အမေတစ်ယောက်ပဲ ဒိုင်ခံ ဖြေရှင်းသလို ကျွန်တော်တို့ ပညာရေးလည်း မလစ်ဟင်းစေရအောင် အမေ ကြီးကျပ်ခဲ့တယ်.......ဒီလိုနဲ့ ၁ နှစ်နီးပါး ကြာသွားတဲ့ အချိန်မှာ မာမီ လည်း ကျန်းမာရေးကောင်းသွားလို့ သူ့အမျိုးသားက လာခေါ်တဲ့ အချိန်မှာ အမေက ဇာတိမြေမှာပဲ စီးပွားရေး လုပ်ဖို့ပြောတဲ့အတွက် မာမီနဲ့သူ့အမျိုးသား မေမေကြီးတို့ မြို့မှာ အထည်ဆိုင်လေး ဖွင်ခဲ့ကြတယ်.......၂ နှစ်ကျော် ကြာပြီးတဲ့အချိန်မှာတော့ အဖေ နိုင်ငံခြားက ပြန်ရောက်လာခဲ့တယ်..........အဖေ ပြန်ရောက်ရာက်ချင်းပဲ ရာထူးတက်ခဲ့ပြီး အရေးပါတဲ့ နေရာတော်တော်များများကို အဖေ့လက်ထဲ ထည့်ခဲ့တယ်.......အဖေ ကိုင်ရမယ့်နေရာတွေက အရေးပါပြီး လူတိုင်း လိုချင်ကြပေမယ့် အဖေကတော့ ငြင်းခဲ့တယ်........ဘဘဦးမောင်က မင်းနဲ့သင့်တော်လို့ မင်းကို တာဝန်ပေးတာ မင်းက ဘာကိတ်စ ငြင်းတာလည်းလို့မေးတဲ့အခါ အဖေက ပွင့်ပွင့်လင်းလင်းပဲ အခုလက်ရှိကိုင်ထားတာ ကျွန်တော့်သူငယ်ချင်းမိုလို့ ကျွန်တော် မယူချင်ဘူး ဆရာလို့ပဲအဖေ ပြောခဲ့တယ်....

ဒါပေမယ့် ဘဘဦးမောင်က အေး ငါက သင့်တော်မယ်ထင်လို့ ပေးတာ မင်း ဘာမှ စောဒက မတက်နဲ့ ဆိုပြီး ဘဘဦးမောင်က အဖေ့သူငယ်ချင်းကို တစ်ခြားနေရာပို့ အဖေ့ကိုတော့ အဲဒီနေရာမှာ တာဝန်ယူခိုင်းခဲ့တယ်.......အဲဒီရာထူးကပဲ ကျွန်တော်တို့မိသားစု ဘ၀ အထူးသဖြင့် ကျွန်တော့်ဘ၀ကို အများကြီးပြောင်းလည်းခဲ့တယ်.......

Wednesday, June 17, 2009

ဒီမှာ ခရီးလည်းသိပ်မထွက်ဖြစ် အိမ်ထဲမှာကုတ်နေရတာလည်းကြာ စိတ်တွေလည်း နည်းနည်းညောင်းလို့ အနီးအနားက ရှေးဟောင်း မြို့တစ်ခုကို အလည်သွားခဲ့တယ်.....

ဘီစီ ၆၀၀ လောက်က တည်ခဲ့တဲ့ ဟိုက်ဒယ်ဘတ် (ံနှီုနူနျြွ )လို့ခေါ်တဲ့မြို့ကိုပါ.....၀ိကန့် လက်မှတ်နဲ့ဆိုတော့ လင်မယားနှစ်ယောက် ကို ၃၇ ယူရိုကျတယ်......ဒါလေးနဲ့ပဲ ချီတက်ခဲ့ကြတယ်.


ဒီမှာ ခရီးလည်းသိပ်မထွက်ဖြစ် အိမ်ထဲမှာကုတ်နေရတာလည်းကြာ စိတ်တွေလည်း နည်းနည်းညောင်းလို့ အနီးအနားက ရှေးဟောင်း မြို့တစ်ခုကို အလည်သွားခဲ့တယ်.....

ဘီစီ ၆၀၀ လောက်က တည်ခဲ့တဲ့ ဟိုက်ဒယ်ဘတ် (ံနှီုနူနျြွ )လို့ခေါ်တဲ့မြို့ကိုပါ.....၀ိကန့် လက်မှတ်နဲ့ဆိုတော့ လင်မယားနှစ်ယောက် ကို ၃၇ ယူရိုကျတယ်......ဒါလေးနဲ့ပဲ ချီတက်ခဲ့ကြတယ်.



Wednesday, June 10, 2009

အဖေနဲ့အမေ ။၁၈။

ဒီလို မပြေလည်မှုလေးတွေခံစားခဲ့ရပြီး သိပ်မကြာခင်မှာ ဒီလိုတော့ထိုင်နေလို့မဖြစ်ဘူး နင်တို့ အလုပ်တစ်ခုတော့ လုပ်မှရမယ် ဆိုပြီး အမေက အရင် အမေနဲ့အဖေ လုပ်ခဲ့တဲ့ မနက်ဆို စမူဆာ အီကြာကွေး တွေကြော်ပြိး လက်ဖက်ရည်ဆိုင် တွေကိုလိုက်ပို့ဖို့ လုပ်ပေးခဲ့တယ်.......အဖေနဲ့အမေ စီးပွား အဆင်ပြေပြီဆိုပေမယ့် ကြီးကြီးနဲ့သူ့အမျိုးသား အလုပ် အဆင်ပြေစေဖို့ သူတို့နဲ့အတူ လုပ်ပေးခဲ့ရပြန်တယ်........မနက်ဆို အမေကိုယ်တိုင် စောစောထ လုပ်စရာရှိတာတွေလုပ်ပေးပြီး အားလုံးပြီးတာနဲ့ အဖေက ကြီးကြီးအမျိုးသားကို ခေါ်ပြီး လက်ဖက်ရည်ဆိုင်တွေကို လိုက်ပို့ပေးခဲ့တယ်.......တစ်လလောက် ဒီလိုနည်းနဲ့လုပ်ပေးပြီး နောက်လတွေမှာ ကြီးကြီးအမျိုးသားတစ်ယောက်ထဲကို သွားခိုင်းခဲ့တယ်......နှစ်လ သုံးလ သူတို့လည်ပါတ်နေတာကြည့်ပြီး လုပ်ငန်း လမ်းတန်းသွားပြီလို့ အဖေနဲ့အမေ ထင်နေတုန်းမှာပဲ လက်ဖက်ရည်ဆိုင်တွေက အသံတွေထွက်လာခဲ့တယ်.....ကြီးကြီးအမျိုးသားကြောင့်ပါဘဲ......

လက်ဖက်ရည်ဆိုင်တစ်ချို့က စမူဆာ သိပ်မကောင်းဘူး အီကြာကွေးသိပ်မကောင်းဘူး လို့ပြောရင် ကြီးကြီး အမျိုးသားက မကောင်းရင်မယူနဲ့ ဆိုပြီး ဘုပြောတတ်သလို နောက်နေ့ သွားမပို့တာတွေဘာတွေလုပ်တတ်တယ်....လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေက အဖေ့ကို တိုင်တဲ့အခါ အဖေက အမေကနေတစ်ဆင့်ပြောခိုင်းပေမယ့် မထူးခြားလာခဲ့ဘူး.......ဒါပေမယ့် တစ်ရက်မှာတော့ ကြီးကြီးအမျိုးသားလိုပဲ စိတ်ရှိတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ ကြီးကြီးအမျိုးသားနဲ့ အကြီးအကျယ်စကားများရန်ဖြစ်ပြီး တုတ်ဆွဲဒါးဆွဲ တွေအထိ ဖြစ်ကုန်ကြတယ်........ဒီလိုနဲ့ အဆုံးသတ်လိုက်တော့ အဖေနဲ့အမေ လမ်းကြောင်းပေးခဲ့တဲ့ အလုပ်လေး နိတ်ထိတန် သွားခဲ့တော့တယ်..........အမေနဲ့အဖေကတော့ ဇွဲမလျော့သေးဘူး သူတို့အပေါ်ကျေးဇူးရှိတယ်ဆိုတဲ့ အသိနဲ့ ကြီးကြီးကို ထမင်းဆိုင်လေး လုပ်ဖို့ အကြံပေးခဲ့သလို နေရာ အရင်းအနှီးစတာတွေလည်း လုပ်ပေးခဲ့တယ်.......

ကြီးကြီးအမျိုးသားကတော့ သူ့စိတ်ထဲမှာ အမေနဲ့အဖေ ဆီမှာကပ်နေရတာ အဖေနဲ့အမေ ပြောသမျှလုပ်နေရတာ အဖေနဲ့အမေ ဆီကလက်ဝေခံအနေနဲ့ နေနေရတာကို အောက်ကျတယ်လို့ ထင်ခဲ့သလို သူကိုယ်တိုင်လည်း ရပ်တည်ဖို့ရာမစွမ်းသာတဲ့အနေအထားမို့ အောင့်သီးအောင့်သက် အနေအထားနဲ့ နေနေခဲ့တယ်.......ကြီးကြီးကတော့ ဖတ်သီဖတ်သီနဲ့ လုပ်နေပေမယ့် သူကတော့ မိုးလင်းရင် လက်ဖက်ရည် အီကြာကွေး စမူဆာ စတာတွေနဲ့ တခန်းတစ်နား စားသောက်နေထိုင်တတ်သလို နေ့လည်ဆို လက်ဆေးပြီး ရောက်နေတဲ့ အနေအထားနဲ့ မှမလိုက် အင်မတန် ခန်းခန်းနားနားပြင်ထားတဲ့ ထမင်းစားစားပွဲမှာ အခန့်သား ထိုင်တတ်တယ်.......အမေ့ဆန် လုပ်တဲ့ လုပ်ငန်းမှာ အစ်ကို တစ်ယောက်လို အားကိုးအားထား ခေါ်တာကိုတောင် သူတို့လက်အောက်ငါ မလုပ်နိုင်ဘူးဆိုပြီး ပေကပ် နေခဲ့တော့တယ်........

ဒီလိုနဲ့ အဖေ့မိဘမောင်နှမ အမေ့အစ်မ ကြီးကြီးတို့မိသားစု နှိပ်စက်တာတွေနဲ့တင် အဖေနဲ့အမေလည်း စိတ်ဆင်းရဲကိုယ်ဆင်းရဲ တော်တော်ဖြစ်ခဲ့ရတယ်......နောက်ဆုံးမှာ ကြီးကြီးလည်း သူ့ယောင်္ကျားရဲ့ အဖေနဲ့အမေကို မကြည်တာတွေကြောင့် ဇာတိမြို့ကို ပြန်တော့မယ်ဆိုပြီး ပြောလာခဲ့တယ်........ဒါ့အပြင် ဇာတိမြို့မှာ ထမင်းဆိုင်ဖွင့်ဖို့ လိုအပ်တဲ့ အရင်းအနှီးနဲ့ နေရာအတွက်ပါ အဖေနဲ့အမေကို အကူညီတောင်းလို့ အဖေနဲ့အမေကိုယ်တိုင် လိုက်လုပ်ပေးပြီး ကြီးကြီးတို့မိသားစု ပြောင်းသွားခဲ့တော့တယ်.......မေမေကြီး ကလည်း ထင်တိုင်းကျဲပြီး နတ်ကနားပွဲ တစ်ချိန်းချိန်းနဲ့ နတ်ကလွဲလို့ ဘာကိုမှ အာရုံမစိုက်နိုင်လောက်အောင်ကို ဖြစ်နေသလို ဒီနယ်တစ်ဝိုက် ငါ့မုန့်ဖိုကလွဲရင် ဘယ်သူမှမရှိပါဘူးဆိုတဲ့ စိတ်ကလေးကလည်း ရှိနေတော့ ထင်တိုင်းကို ကျဲနေခဲ့တယ်.......ကိတ်မုန့်တိုက်နဲ့ တွဲလျက် ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာ လည်း စိတ်မထင်ရင်မထင်သလို လက်ဖက်ရည်တစ်ခွက်သောက်ပြီး အကြာကြီးထိုင်နေတဲ့လူ ဆိုရင် ခုံဆေးတယ်ဆိုပြီး ရေနွေးနဲ့ ပက်ချပြီးဆေးတာတို့ လက်ဖက်ရည်တစ်ခွက်နဲ့ အကြာကြီးမထိုင်ပါနဲ့လို့ ပြောတာတို့တွေကအစ မေမေကြီးက လုပ်ခဲ့တယ်..........

လူပျို အပျိုတွေဖြစ်လာတဲ့ အမေ့ မောင်ညီမ တွေက မလုပ်ဖို့ ပြောပေမယ့် သူတို့လောက်တော့ မေမေကြီးက ရှိတယ်လို့ကို မထင်သလို အဲလိုပြောလာရင်လည်း နီးရာနဲ့ကောက်ပြစ်ခဲ့တယ်......အမေကတော့ ဘာမှဝင်မပြောသလို ၀င်လည်း မစွက်ခဲ့ဘူး......အဲဒီအချိန်က မေမေကြီးတို့ သာ ခေတ်အမြင်ရှိခဲ့ပြီး သားသမီးတွေစကားနားထောင်ခဲ့ရင် ဒီနေ့ဒီအချိန်ထိ ကိတ်မုန့်တိုက်က ဆက်ရှိနေအုန်းမှာဖြစ်ပြီး မေမေကြီးနဲ့ဘဘကြီး သားသမီး အမေ့ တစ်ခြားမောင်နှမတစ်ချို့လည်း ကစဉ့်ကလျားတွေဖြစ်ကြမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်.......

ကြီးကြီးတို့ မေမေကြီးရှိတဲ့ ဇာတိမြို့မှာ ပြန်ပြီး ထမင်းဆိုင်ဖွင့်ခဲ့တာကလည်း တော်တော်အောင်မြင်ခဲ့တယ်.......ပိုက်ဆံပုံးထဲမှာ ဖွေးဖွေးလှုပ်နေတဲ့ပိုက်ဆံတွေကို နေ့တိုင်းနီးပါး အပြည့်မြင်ခဲ့ရတယ်..........အဖေနဲ့ အမေကို သူတို့ကိုထုတ်ပေးထားတဲ့အရင်းအနှီး ပြန်မပေးပေမယ့် အဖေနဲ့အမေကတော့ ကျေနပ်ခဲ့တယ်.....သူတို့ဒီလို လမ်းပြန်တန်းသွားတာကိုပဲ အဖေနဲ့အမေ ပျော်ရွှင်ခဲ့တယ်........ကြီးကြီး အမျိုးသားရဲ့ အဖေနဲ့အမေကတော့ ပျော်ရွှင်မှုလည်း မဖြစ်တော့သလို ပါတ်လည်း မပါတ်သက်ချင်တော့ပါဘူးဆိုတဲ့အထိဖြစ်ခဲ့ကြတယ်.......ကြီးကြီးတို့ ဇာတိမြေကို ပြန်တော့မယ်ဆိုတဲ့အချိန်ထဲက ကျွန်တော်တို့အခေါ် ဘိုးလှိုင်နဲ့မေကြီးရွှေ က အမေ့ကို အမေနဲ့အဖေ လက်ခံမယ်ဆိုရင် သူတို့ အမေတို့ဆီမှာနေခဲ့ပါရစေ ထမင်းကျွေးထား နေစရာပေးထားရင်ကိုကျေနပ်ပါပြီဆိုပြီး သူတို့သားကိုလည်း အဖေတို့မလိုက်ပါရစေနဲ့တော့ဆိုပြီး ပြောခဲ့လို့ အဖေနဲ့အမေက ဘိုးလှိုင်တို့သဘောပါဘဲဆိုပြီး ခေားခဲ့တယ်.......သူတို့ပြန်အဆင်ပြေလာတဲ့အချိန်မှာ ကြီးကြီးအမျိုးသားက လာခေါ်ပေမယ့် ဘိုးလှိုင်နဲ့ဘွားရွှေက ငါတို့ဘ၀ ဒီမှာအေးချမ်းပါတယ် ဒီမှာပဲနေတော့မယ်ဆိုပြီး ပြန်မလိုက်ခဲ့တော့ပဲ ရာသက်ပန် အဲဒီမြေမှာ ခေါင်းချတဲ့အထိ နေသွားခဲ့တော့တယ်........

ကြီးကြီးတို့ မရှိတော့တဲ့ နောက်ပိုင်း တိတ်ဆိတ်သွားပေမယ့် အဲဒိလိုတိတ်ဆိတ်သွားတာကို ပျင်းစရာကောင်းလိုက်တာနော်လို့ ကျွန်တော်တို့မိသားစု တစ်ယောက်မှအသံမထွက်ပဲ အားလုံးရဲ့စိတ်ထဲမှာ အေးချမ်းမှုကိုသာ ခံစားခဲ့ကြရတယ်........အမေလည်း အမေ့အလုပ်လုပ်လို့ အဖေလည်း အချိန်တန်ရုံးသွား ရုံးပြန်ကျွန်တော်တို့လည်း အိမ်မှာဆော့ကစားနဲ့ ကြီးကြီးတို့ မရှိတော့တာကို ထူးထူးထွေထွေ မခံစားမိခဲ့ကြဘူး........ဒီလိုပဲ ကျွန်တော်တို့မိသားစု ပုံမှန်လည်ပါတ်နေတုန်း တစ်ရက်မှာ အမေ့ မောင်အငယ်ဆုံး သူ့အထက် ညီမ နှစ်ယောက် အမေနဲ့အဖေဆီကိုလာပြီး ငိုယိုလို့ မေမေကြီးလုပ်နေတာတွေကို တိုင်ပြောခဲ့တဲ့အပြင် မြို့လည်ခေါင်မှာ သူများတွေခေတ်နဲ့အညီတိုက်တွေ အပြိုင်အဆိုင်ဆောက်နေတဲ့အချိန် တိုက်ခံပျဉ်ထောင်အိမ်နဲ့ နေနေရတာကို လည်း ရှက်တဲ့အတွက် အမေ့ကို တိုက်ဆောက်ပေးပြီး လုပ်ငန်းကို ပြန်ဦးစီးဖို့ လာပြောခဲ့ကြတယ်........မေမေကြီး တို့ လုပ်ငန်းတွေ ပြန်ဥိးစီးဖို့ အမေစိတ်မ၀င်စားတော့ပေမယ့် မောင်ညီမတွေ မျက်နှာငယ်နေတာကို ကုစားပေးဖို့ အတွက် တိုက်ဆောက်ပေးဖို့ကိုတော့ အမေ သဘောတူခဲ့တယ်........အဖေကလည်း သူ့အပေါ် အစ်ကိုအစ်ကိုဆိုပြီး အားကိုးကြတဲ့ အမေ့မောင်ညီမတွေအပေါ်မှာ သူ့အပေါ်စော်ကားလွန်းတဲ့ သူ့ညီညီမတွေထက် အချစ်ပိုခဲ့လို့ အမေ့ဆန်ဒကို အလွယ်တစ်ကူလိုက်လျောခဲ့တဲ့အပြင် ချက်ခြင်းကို လုပ်ပေးဖို့ အမေ့ကိုပြောခဲ့တယ်........

စိတ်မြန်တဲ့အမေကလည်း သူ့မောင်ညီမတွေကို လက်ဆွဲ ဇာတိမြေကိုပြန်ပြီး မေမေကြီးနဲ့ ဘဘကြီးကို သမီး တိုက်ဆောက်ပေးမယ်ဆိုပြီး လိုအပ်တာတွေကို ဇက်တိုက် တွန်းပြီး လုပ်ခဲ့တယ်........အဲဒီကာလမှာတော့ အမေနဲ့အဖေ ကိုယ်ပိုင်စီးပွားရေးကတစ်ဖက် အဖေ့ရုံးလုပ်ငန်းကတစ်ဖက် အိမ်ဆောက်နေတာတစ်ဖက်နဲ့ ပြားပန်းခပ်အောင်အလုပ်ရှုပ်နေခဲ့ကြတယ်.....တစ်ခါတစ်လေဆို ကျွန်တော့်ကိုတောင် မခေါ်နိုင်လောက်အောင် အမေနဲ့အဖေ ဟိုပြေးဒီပြေး ပြေးနေခဲ့ကြရတယ်........ဒီကြားထဲမှာပဲ အဖေ့ကို အမေရိကား ပညာတော်သင်သွားဖို့ စာထွက်လာခဲ့တယ်..........အဖေနဲ့အမေ သိပ်ပျော်ခဲ့သလို ကျွန်တော်တို့လည်း သိပ်ပျော်ခဲ့ကြတယ်.......အဲဒီအချိန်က အမေရိကားပညာတော်သင်သွားရင် ပိုက်ဆံ တော်တော် ရတဲ့အချိန်ဆိုတာကို သိထားကြတဲ့အပြင် အဖေက သူမသွားခင် လည်း ဆောက်ပေးနေတဲ့ အိမ်ကို အပြီးဆောက်သွားပေးချင်ခဲ့တယ်.........အိမ်ဆောက်တယ်ဆိုတာကလည်း မှန်းထားရင် မှန်းထားတာထက် ပိုကုန်ကျတော့ အဖေနဲ့အမေ လက်ထဲကိုင်ထားတဲ့ ပိုက်ဆံ ပြတ်ခဲ့တယ်........နောက်ဆုံး ဆောက်ရင်းတန်းလန်း ပိုက်ဆံ ထပ်ပြီး လိုအပ်လာတဲ့အချိန်မှာတော့ ဘဏ်မှာ အပ်ထားတဲ့ ပိုက်ဆံ ကိုပဲ ထုတ်လိုက်ကြတာပေါ့ဆိုပြီး အဖေနဲ့အမေ ဆုံးဖြတ်ခဲ့တယ်.....ဘဏ်ကို ပိုက်ဆံသွားထုတ်တဲ့နေ့က ကျွန်တော်ရယ်အဖေရယ်အမေရယ် သွားထုတ်ခဲ့ကြပြီး မေမေကြီးတို့ ရှိတဲ့ ဇာတိမြို့ကို ထွက်လာခဲ့ကြတယ်.......စနစ်ဆိုးရဲ့ သားကောင် ဖြစ်ကြတော့မယ့် အမေနဲ့အဖေ ရှေ့ရေးကိုသာ တိုင်ပင်ဆွေးနွေးပြီး ကျွန်တော့်လက်ကိုဆွဲလို့ မေမေကြီးတို့ဆီ ရောက်လာခဲ့ကြတယ်.....

အိမ်ဆောက်ဖို့ ဘဏ်ကထုတ်လာတဲ့ ငွေထုပ်ကိုင်လို့ အဖေနဲ့အမေ မေမေကြီးတို့အိမ်ကိုရောက်တဲ့ အချိန်မှာတော့ အဖေနဲ့အမေ အထူးသဖြင့် အမေ့ကို အလဲထိုးမယ့် သတင်းဆိုးက စောင့်ကြိုနေတော့တယ်.....တစ်ကယ့်ကို ကံဆိုးချင်လို့ ဖြစ်ခဲ့ရသလိုဖြစ်ခဲ့ရတာကတော့ အမေတို့ ပိုက်ဆံထုတ်ပြီး မေမေကြီးတို့ဆီအလာမှာပဲ အစိုးရရဲ့ ၇၅ ကျပ်တန် ၂၅ ကျပ်တန် စတာတွေကို ဖျက်သိမ်းလိုက်တာပါဘဲ........အမေတို့ ရောက်ရောက်ချင်းပဲ အမေ့မောင်တွေညီမတွေနဲ့ မေမေကြီးပါ အပါအ၀င် အသည်းအသန် စီးပြီးပြောကြပေမယ့် အရာရာဟာ အချိန်နှောင်းခဲ့တယ်......အမေက ချက်ခြင်းပဲ မဟုတ်ပါဘူး မဟုတ်ပါဘူး ဆိုပြီး တွင်တွင်ငြင်းနေပေမယ့် အမေ့ပါးပေါ်မှာတော့ မျက်ရည်တွေ တွေတွေကျပြီး ငိုသံပါနဲ့ ဒါဟာ အမှန်မဟုတ်ပါဘူးဆိုတာကို ပြောနေတဲ့ အမေ့ကို ကျွန်တော်မြင်ခဲ့ရတယ်.......တရားသမား မဟုတ်ပေမယ့် အေးချမ်းပြီး အရာရာကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းတတ်တဲ့အဖေကတော့ အမေ့ကို စိတ်လျော့လိုက်ဖို့နဲ့ လူထက် အရေးကြီးတာ ဘာမှမရှိကြောင်းအပြင် ဘ၀အစမှာတောင် လက်ထဲတစ်ပြားမှမရှိပဲ ရပ်တည်ခဲ့ကြသေးတာပဲ အခု တို့မှာ လက်ဝတ်လက်စားနဲ့ ပိုက်ဆံ ကျန်သေးတာပဲ ဆိုတာကို တရားချနေပေမယ့် အမေကတော့ တန်းလျားတစ်ခုပေါ်လှဲလို့ လူမမာတစ်ယောက်လို ဖြစ်ခဲ့ရတယ်.......

အမေ့မောင်တွေညီမတွေက အမေ့ကို အဲလိုမြင်လိုက်ရတော့ အားလုံး ရှိုက်ကြီးတစ်ငင် ငိုကြတဲ့အချိန်ကျမှ အမေက စိတ်ကို ထိန်းပြီး ဘာမှမပူနဲ့ အစ်မမှာရှိသေးတယ် အစ်မ ဒီအိမ်ကိုပြီးအောင် ဆောက်ပေးမယ်လို့ အမေ ပြောပြီး အဖေနဲ့အမေ သုံးမရတော့တဲ့ ငွေထုတ်ကို ပြန်လဲပေးလိမ့်နိုးနဲ့ အဖေတာဝန်ကျတဲ့နေရာကို အဲဒီငွေထုတ်ပိုက်လို့ ပြန်လာခဲ့ကြတယ်......အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ အမေ့ကို တရားပြခဲ့တဲ့ အဖေ အသားတဆတ်ဆတ် တုန်အောင် ဒေါသထွက်ခဲ့ရတော့တယ်.......ကျွန်တော့်တစ်သက်မှာ အဖေ ဒီလို ဒေါသထွက်တာကို ရှားရှားပါးပါး အဲဒီတစ်ခေါက်နဲ့ နောင် ကျွန်တော်ကြီးလာတဲ့အချိန် အမေ့အစ်မကြီး ကြောင့် တစ်ခါပဲ တွေ့ခဲ့ရဘူးတယ်........အဖေနဲ့အမေ ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန်မှာ အိမ်မှာထားခဲ့တဲ့ အစ်ကိုနဲ့အစ်မက အားရ၀မ်းသာ အဖေနဲ့အမေ ပြန်လာပြီဟေ့ဆိုပြီး ထွက်ကြိုတဲ့အထိ အေးဆေးပေမယ့် ပြစ်စည်းတွေကူဆွဲပေးရင် အစ်ကို ပြောလိုက်တဲ့ စကားကို ကြားတော့ အဖေ့ရဲ့ ဘာ ဆိုတဲ့ အသံက ကျယ်ကျယ်လောင်လောင်ထွက်ခဲ့တော့တယ်.......အဖေနဲ့အမေ တစ်ခြားမြို့က ဘဏ်ကို ပိုက်ဆံသွားထုတ် တစ်ခါ မေမေကြီးတို့ဆီအသွား လေဒီယို သတင်းနားထောင်ပြီး သတင်းကြိုသိနေပြီး အမေတို့လည်း ပိုက်ဆံထုတ်ပြီး မေမေကြီးတို့ဆီလာနေပြီဆိုတာကို သိတဲ့ အမေ့အောက်က မောင်က အဖေနဲ့အမေ လမ်းခုလတ် မှာတင် ကလေးသာသာပဲ ရှိသေးတဲ့ အစ်ကိုနဲ့အစ်မ သာကျန်ခဲ့တဲ့အိမ်ကို အရောက်သွား အဖေ ပထမတစ်ခေါက်ပြန်လာတုန်းကပါလာတဲ့ နတ်သေးသေးလေးတွေပေါ်မှာကအစ မိချောင်းရုပ်ကလေးတွေပါတဲ့ မိချောင်းစက်ဘီး လေး ၊ တီဗွီ နဲ့ နေရှင်နယ် လေဒီယိုကြီးကို အမေနဲအဖေ ကိုပြောပြီး ငွေပေးပြီးပြီ အခု သူတို့ ပြန်မလာနိုင်သေးဘူး အိမ်ကိတ်စ ရှုပ်နေတယ် ဒါ့ကြောင့် ကြိုပြီးလာယူတာဆိုတာ ဆိုပြီး ယူသွားတဲ့အကြောင်း ကို ပြောပြခဲ့တယ်......

အစ်ကို့စကားလည်းဆုံးရော အဖေက ဒေါသတွေ အကြီးအကျယ်ထွက်ပြီး ချက်ခြင်း ပြန်သွားမယ် အလုပ်မှာ အမေက အဖေ့ကို အသည်းအသန်ဆွဲရတော့တယ်.......အဖေက ပြစ်စည်းကိုနှမျောတာထက် မောင်နှမအရင်းဖြစ်ပြီး ဒီလောက် ပူဆွေးဗျာပါဒ များနေရချိန်မှာ ကလေးတွေကို ကလိမ်ကကျစ်လာလုပ်သွားတာကို ဒေါသထွက်ခဲ့တာပါဘဲ........အမေ့အောက်က မောင် ကျွန်တော်တို့ အခေါ် ဦးကိုကြီး ကလည်း အင်မတန်ကို စီးပိုး ကပ်စီးနည်း ပိုက်ဆံရှိသလောက် သေသည်အထိ အမေ့အပေါ်မှာ အမေ့စိတ်ရင်းကို နင်းပြီး ရရင်ရသလောက် ယူခဲ့တဲ့လူတစ်ယောက်ပါဘဲ.....သူယူသွားခဲ့တဲ့ စက်ဘီးလေးကလည်း အမျိုးအစားက ကောင်းလို့လား သူတို့ပဲ ရိုသေလို့လားမသိ နှစ်ပေါင်း ၂၀ ကျော်ကြာ အထိ သူတို့အိမ်မှာ ရှိနေခဲ့သလို အဲဒီစက်ဘီးလေးကို တွေ့တိုင်းလည်း ကျွန်တော်က ကျွန်တော်နဲ့ ညီအစ်ကိုဝမ်းကွဲ သူ့သားတွေကို မင်းတို့ အဖေ ငါတို့အိမ်က ခိုးသွားတဲ့စက်ဘီး ဆိုပြီးပြောသလို သူ့ကိုလည်း ဦးကိုကြီး ကျွန်တော်တို့အိမ်က ခိုးသွားတဲ့ စက်ဘီးရှိသေးတယ်နော်လို့ အမြဲပြောတတ်လို့ အမေ့ကို နင့်သားက မမေ့သေးဘူးလို့ ပြောခဲ့တဲ့အထိ အဲဒီအဖြစ်အပျက်ကလည်း ကျွန်တော့်ခေါင်းထဲမှာ စွဲနေခဲ့တယ်.....(ကျွန်တော်တို့ အိမ်မှာ စက်ဘီးမလိုအပ်တော့ပေမယ့် အဲဒီစက်ဘီးလေးကိုတွေ့တိုင်း ငါတို့စက်ဘီးလေးဆိုတဲ့ စိတ်က ကျွန်တော့်ဆီမှာ ချက်ခြင်း ပေါ်လာတတ်တယ်.........)

ဆိုခဲ့သလို အဖေနဲ့ အမေလည်း ဘာမှသုံးမရတော့ တဲ့ ငွေထုတ်နဲ့ စိတ်ဆင်းရဲ ၀မ်းနည်းရတာကတစ်မျိုး အမေ့မောင် ကလိမ်ကကျစ်လာလုပ်သွားတာကို စိတ်တိုဒေါသထွက်ရတာကတစ်မျိုးနဲ့ အဲဒီရက်ပိုင်းက အိမ်မှာတိတ်တိတ်ဆိတ်ဆိတ် ဖြစ်ခဲ့ရတယ်..........နောက်ရက်တွေမှာ အမေက ငွေတွေပြန်လဲပေးလိမ့်နိုး ဒီငွေတွေကို အလိုက်ပေးပြီး လဲပေးတဲ့လူတွေ လာလိမ့်နိုးနဲ့ မျော်လင့်ခဲ့ပေမယ့် ဘာမှတော့ အရာမထင်ခဲ့ဘူး........အဖေကလည်း မေ့လိုက်ပါတော့လို့ ပြောခဲ့သလို အမေ့လုပ်ငန်း နဲ့ အဖေ နိုင်ငံခြားသွားဖို့အတွက် လုပ်စရာရှိတာတွေလည်း လုပ်ရအုန်းမှာမို့ အမေနဲ့အဖေ အချိန်အကြာကြီးတော့လည်း ပူဆွေးချိန်မရခဲ့ဘူး..........ဒီလိုနဲ့ ပိုက်ဆံတွေပြန်လဲပေးနိုး လည်းစောင့်ရင်း လုပ်လက်စ အလုပ်တွေလည်းလုပ်ရင်း အဖေ နိုင်ငံခြားသွားဖို့ အချိန် နီးကပ်လာလို့ အဖေ့အတွက် အမေ အထုတ်အပိုးထုတ်ပေးပြီး အဖေလည်း ကျွန်တော်တို့ကို နှုတ်ဆက်လို့ လုပ်စရာရှိတာတွေလုပ်ရအောင် တစ်လလောက် ကြိုပြီး အဖေ ရန်ကုန်ကို ထွက်သွားခဲ့တော့တယ်........ကျွန်တော်တို့လည်း နိုင်ငံခြားမှာ နှစ်အကြာကြီးနေဖို့ ထွက်သွားတဲ့အဖေ့ကို အမေ့အလုပ်တွေရှိတာကြောင့် ရန်ကုန်ထိ လိုက်မပို့နိုင်ပဲ အဖေ ထွက်သွားတာကို မျက်စိတစ်ဆုံးကြည့်ရင်း လက်တွေပြလို့ ကျန်ခဲ့ကြတယ်.......

ဒီလိုနဲ့ အဖေထွက်သွားပြီး တစ်လနီးပါးလောက်မှာ အဖေ့ဆီက ဖုန်းဝင်လာခဲ့တယ်.......နောက် တစ်ပါတ်ကျော်လောက်ဆို အဖေ နိုင်ငံခြားကို သွားတော့မှာ ဖြစ်လို့ ကျွန်တော်တို့ဆီကို ဖုန်းဆက်ခဲ့တာပါဘဲ.......အမေနဲ့ ကျွန်တော်တို့လည်း အဖေနဲ့ ၀မ်းသာအားရစကားတွေပြောခဲ့ကြတယ်........ကျွန်တော်တို့ကလည်း လိုချင်တာတွေ မှာသလို အဖေကလည်း လိမ်လိမ်မာမာနေဖို့ အမေ့စကားနားထောင်ဖို့ အမေ့ကိုလည်း ကလေးတွေကိုဂရုစိုက်ဖို့ မိသားစု အလွမ်းသယ်ပြီးဖုန်းချခဲ့ကြတယ်........ကျွန်တော်တို့ မောင်နှမတွေလည်း ကလေးအတွေးနဲ့ အဖေပို့လာမယ့် လက်ဆောင်တွေ ကို စိတ်ကူးယဉ်ပြီးပျော်ခဲ့ကြသလို အမေလည်း စိတ်ကူးနဲ့မြူးခဲ့တာပေါ့...........အဲဒီစိတ်ကူးတွေ အပျော်တွေနဲ့ ၂ ရက် ၃ ရက်လောက် နေအပြီးမှာတော့ မနက်စောစော ကျွန်တော်တို့ အိမ်တံခါးကို တစ်ဒေါက်ဒေါက် လာခေါက်နေတဲ့ အသံကို ကျွန်တော်တို့ကြားခဲ့ရတယ်........

Tuesday, June 9, 2009

ကျွန်တော် နဲ့ ကျွန်တော့် ဘလော့

ဒီဘလော့ စလုပ်တော့ တစ်ကယ့်ကို ပျင်းပျင်းနဲ့ ဘာမှလုပ်စရာမရှိတဲ့နေ့မှာ ဘလော့လေးတစ်ခုလောက်တော့
လုပ်ထားအုန်းမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တယ်........အရင်ကတော့ ဘလော့ပေါင်းစုံ လည်ဖတ်လေ့ရှိပြီး တစ်ခါတစ်လေ
အလည်လွန်တာ များပြီး အူဂျာပေါက် ကုန်တာတောင်ရှိတယ်......ကိုအန်ဒီ မနိုင်းနိုင်း စတဲ့ဘလော့တွေကတော့ အမြဲဝင်ဖတ်ဖြစ်တယ် တစ်နေ့ တစ်ခေါက်ကတော့ ရောက်တယ်.......မနိုင်းနိုင်း ဘလော့ကတော့ စိတ်အေးချမ်းတယ် ဖတ်ရတာ ကြည်နူးစရာ သနားစရာ မြစ်တာ ပေးတဲ့ စာလေးတွေကြည့်ရေးတယ် သဘောကျတယ်.......ကိုအန်ဒီကတော့ အသစ်မတင်ဘူး တော်တော်ကြာမှတင်တယ်........အသစ်မတင်လည်း သူ့ဘေးမှာ ထားထားတဲ့ ဘလော့လစ်စ်ကနေ အခြေခံပြီး ကျွန်တော်လိုက်ကြည့်လေ့ရှိတယ်.......သူအသစ်ရေးရင်လည်း သူရေးတာဖတ် ပြီးရင် ဘေးနားက ဟာတွေ တစ်ခုခြင်း နှိပ် လိုက်ဖတ် အဲဒီတွေကတစ်ဆင့် လိုက်ဖတ် နဲ့ လုပ်လေ့ရှိတယ်......

အခု ဒီဘလော့ကို ရေးနေတော့လည်း တစ်ရက်ကို ကျွန်တော် ၅ ခါဝင်ကြည့်ရင် လာကြည့်တဲ့လူ ၅ ယောက်ပဲရှိတယ်.........၁ ခါပဲ ၀င်ကြည့်ရင် တစ်ယောက်ပဲရှိတယ်......ပြသနာမရှိဘူး ကျွန်တော် ရေးတာအနေနဲ့တင်နေတာ တစ်ခါတစ်လေ သွားနေကြဘလော့တွေ လူတွေဝင်ပြီး ကွန်မန့်တွေပေးနေရင်တော့ တယ်ဟုတ်ပါလား ငါ့ဘလော့က ငါတစ်ယောက်ထဲရှိတယ်ဆိုပြီး ကိုယ့်ဖာသာကိုယ် ဟာသလည်း ပြောမိဘူးတယ်.....တစ်ရက် ကိုအန်ဒီ့ ဘလော့ကို ထုံးစံအတိုင်းဝင်ကြည့်တော့ ဘေးနားက စာရင်းမှာ ကျွန်တော့်ဘလော့စာရင်း ပါတော့ ဖျတ်ကနဲ အလဲ့ တယ်ဟုတ်ပါလား ဆိုပြီးဖြစ်သွားတယ်.....ကျွန်တော်မသိလိုက်ခင်မှာပဲ ကျွန်တော့်မျက်နှာပြုံးဖြီးဖြီးကြီး ဖြစ်သွားတယ်......ကျွန်တော် ကျေနပ်သွားတယ်......ဘာကို ကျေနပ်မှန်းမသိဘူး ကျွန်တော်ကျေနပ်သွားတယ်......ချီးကျူးလက်ခုပ်သြဘာတွေကို လိုချင်လို့ရေးတာမဟုတ်ပဲ အဖေနဲ့အမေကို သတိတရနဲ့ ရေးနေတာပေမယ့် ဒီလိုမြင်လိုက်ရတော့ ကျေနပ်သွားတယ်.....

ကိုအန်ဒီ့ ဆီကနေတစ်ဆင့် ကျွန်တော့်လိုပဲ ဖတ်တဲ့လူတွေ ကျွန်တော့်ဘလော့ကို ကလစ်မိပြီး ရောက်လာ နောက်ဖတ် နောက် ကွန်မန့်တွေပေးကြတော့ စိတ်ခံစားချက်တစ်ခုပိုလာတယ်.......ဒီနေ့ ငါ့ဘလော့ ဘယ်နှစ်ယောက်ဝင်ကြည့်ပြီး ဘယ်သူက ကွန်မန့်ပေးသွားလည်းဆိုတာပဲ.....ပြောရရင်တော့ စိတ်မလွတ်လပ်တော့ဘူး .....ကိုယ့်ဟာကိုယ်ရေးနေတုန်းကတော့ ဖတ်ဖတ် မဖတ်ဖတ် လာလာ မလာလာ ဘယ်လိုမှမနေဘူး......စိတ်မလွတ်လပ်လို့ ဒါကိုမကျေနပ်ဘူးလားဆိုတော့ လည်း မဟုတ်ဘူး .....ကျေနပ် မလွတ်လပ် ဖြစ်နေတယ်........အေး မင်းစိတ်မလွတ်လပ်လို့ ဒို့မလာတော့ဘူးဆိုရင်လည်း ကြေကွဲသွားမလားမသိ......နောက်ဆုံးတော့ အရှိအတိုင်း ကောင်းပါသည်ပေါ့....ကိုအန်ဒီနဲ့ အားပေးသူများကို ကျေးဇူးတင်ပါတယ်.....။

နောင်သူ

Saturday, June 6, 2009

အဖေနဲ့အမေ ။၁၇။

ပြသနာတွေ တက်မယ့်နေ့က ကျွန်တော်တို့ မောင်နှစ်မ သုံးယောက် အိမ်ကနေ လှမ်းမြင်နေရတဲ့ ကံ့ကော်ပင်ကြီးအောက်မှာ ကံ့ကော်ပန်းတွေ သွားခူးနေခဲ့ကြတယ်.....ကျွန်တော်တို့ ကံ့ကော်ပန်းတွေ ခူးနေတဲ့အချိန်မှာ အိမ်ဘက်မှာ အော်ကျယ်အော်ကျယ် အသံတွေကြားလို့ ပြန်ပြေးလာတဲ့အချိန်မှာ အဖေ့ညီမနဲ့ ယူမယ်ဆိုတဲ့ ဆိုင်ကယ်ဝပ်လျှော့က လူက လာပြီး အဖေနဲ့ အမေ့ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုနေသလို အဖေ့ညီမကပါ ၀င်ဆဲနေခဲ့တယ်......အဖေ့ကို မင်းနဲ့ဘာဆိုင်လည်း မယားကြောက် အလကားကောင်လို့ ပြောဆိုနေတဲ့အပြင် အမေ့ကိုလည်း အင်မတန်ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုနေခဲ့တယ်.......အဖေကတော့ အိမ်ပေါ်မှာ နဖူးပေါ်လက်ထောက်လို့ ထိုင်နေပေမယ့် အမေက ကြာလာတဲ့အချိန်မှာ ဓားဆွဲပြီး ခုတ်မယ်လုပ်လို့ အဖေ အမေ့ကို ဇွတ်ကိုဆွဲခဲ့ရတယ်......အမေတို့ အဲလိုဖြစ်နေချိန်မှာ အိမ်မှာနေတဲ့ အဖေ့ညီမ ကတော့ တစ်ခွန်းမှဝင်မပြောခဲ့ပေမယ့် သူ့မျက်နှာကလည်း သိပ်ကို တင်းနေခဲ့တယ်........

သူတို့ပြန်ထွက်သွားပြီချိန်မှာ ဒီလို လာလုပ်တာကို အဖေနဲ့အမေက လူကြီးအိမ်ကိုသွားတိုင်မယ်ဆိုပြီးထွက်သွားခဲ့သလို ကျွန်တော်တို့တွေလည်း ကိုယ့်အခန်းထဲမှာကိုယ် ခပ်ကုတ်ကုတ် နေခဲ့ကြတယ်......ခဏနေတော့ အိမ်မှာ နေတဲ့ အဖေ့ညီမက ငါ လည်း သွားတော့မယ် နင်တို့ အမေလာရင်ပြောလိုက် ငါတို့ တစ်သက် မကြေဘူးဆိုတာ ကိုလို့ ဆိုပြီး အိမ်ကနေထွက်သွားခဲ့တယ်......ကျွန်တော်တို့လည်း ဘာမှ ပြန်မပြောသလို သူတို့မျက်နှာကိုလည်း မကြည့်ချင်ခဲ့တော့ဘူး.......အဖေနဲ့အမေ ပြန်လာပြီးတဲ့အချိန်မှာ အဖေက သူ့ညီမ ဘယ်သွားလည်း လို့မေးတော့ အစ်ကိုက အိမ်က ထွက်သွားပြီအဖေဆိုတော့ အဖေက အေး ကောင်းပါတယ် အဲဒါပဲ လို့ပြောခဲ့တယ်......အမေကတော့ စိတ်တွေပဲတိုနေခဲ့တယ်......အမေထပ်ပြီး စိတ်တိုရအောင်လည်း အဖေ့ညီမက လုပ်သွားခဲ့ပြန်တယ်.....ကျွန်တော်တို့ စားဖို့ ထားတဲ့ ဆန်တွေကို အိတ်တွေထဲက နေ အသေအချာထုတ် ပြီး သဲတွေနဲ့ စနစ် တကျကို ရောသွားတာ အမေသိလိုက်ရတော့ အမေ့ဒေါသ အထွတ်အထိပ်ကိုရောက်ပြီး အမေ ရှိသမျှ အကုန်ရိုက်ခွဲတော့တာပါဘဲ.......

အဖေကတော့ မိုက်ရိုင်းစော်ကားလိုက်ကြတာကွာ လို့ ပြောယုံကလွဲပြီး သူ့မောင်နှမ သားချင်းအပေါ် စိတ်အပျက်ကြီးပျက်သွားခဲ့တယ်......သိပ်မကြာခင်မှာပဲ အိမ်ရဲ့ ခပ်လှမ်းလှမ်းကနေ အဖေ့နာမည်ကိုတပ်ခေါ်လို့ ဟေ့ကောင်မယားကြောက် အလကားကောင် မင်းက မင်းမိန်းမကို ကြောက်နေတာ မင်းလုပ်လို့ ငါတို့ ဒီဘ၀ ရောက်နေတာ စတဲ့ အဖေ့၅ ယောက်မြောက် ညီက အော်ဆဲနေတဲ့အသံကို ကြားတဲ့အခါမှာ ဓားဆွဲနေတဲ့အမေ့ကို အဖေရအောင်ထိန်းပြီး ရဲစခန်းကို ဖုန်းဆက်လို့ ဖမ်းခိုင်းခဲ့တယ်......ရဲတွေရောက်လာပြီး သူ့ကို ဖမ်းသွားပြီးတဲ့ အချိန်ကျမှ ဇာတ်ရှိန်က ပိုတက်လာခဲ့တယ်.....မေကြီးက ဘဘမပါပဲ ရောက်လာခဲ့ပြီး အမေ့ကို အိမ်ထဲတောင် မ၀င် အိမ်ရှေ့က နေ အော်ဆဲတော့တာပါဘဲ......အဖေ့ကို သူတို့လက်ထဲက လုယူတယ် အဖေ သာ အမေ့ကို မယူခဲ့ရင် သူတို့ဘ၀တွေ ကောင်းစားနေပြီ ခုတော့ အမေနဲ့ ကျွန်တော်တို့က ကောင်းစားပြီး သူတို့က ဆင်းရဲမွဲတေနေရတယ် အခု သားတစ်ယောက်ပါ အမေလုပ်လို့ အချုပ်ကျနေပြီ အဖေ့ကိုလည်း မယားကြောက် မိဘကျေးဇူး မသိတတ်တဲ့လူ မိန်းမ မျက်နှာပဲ ကြည့်တဲ့ကောင် စသဖြင့် ပြောနေချိန်မှာ အဖေကတော့ အမေရယ် အိမ်ထဲဝင်ပါ သားတောင်းပန်ပါတယ် ပြောလည်း လက်မခံခဲ့ဘူး......

ကြာလာတော့ အမေ့ရဲ့ အဖေ့အမေ လို့ထိန်းထားတဲ့ စိတ်က ပေါက်ကွဲထွက်ခဲ့ပြီး ကိတ်စတိုင်းကို အမေ ဒေါသ တစ်ကြီး အော်ဟစ်ခဲ့သလို အဖေအမေ့ဆီကို ရောက်လာတုန်းက ပုဆိုး ၂ ထည် အိမ်င်္ကျ ၂ ထည်ပဲ ပါခဲ့တယ်ဆိုတာတွေက အစ ပါလာတော့တယ်......ဒါပေမယ့် မေကြီးကတော့ အဖေ့ ပညာကြောင့်သာ အမေ ဒီလိုနေရတယ် အဖေနဲ့သာ မရရင် နင်ဒီလိုနေနိုင်မလား နင့်နေရာမှာ ငါတို့ ရောက်မှာ ဆိုတာကိုပဲတွင်တွင်ပြောနေခဲ့ပြီးနောက်ဆုံးမှာ လူကြီးကတော်တွေက အမေ့ကို ဆွဲခွေားခဲ့ပြီး လူကြီးတွေက အစ အဖေ့အမေကိုပြောဆို ပြန်လွှတ်ခဲ့တယ်.......မိဘကို မစော်ကားချင်တဲ့ မိဘကျေးဇူးသိချင်တဲ့အဖေကတော့ အမေတို့ ရက်စက်လိုက်တာဗျာ လို့ တွင်တွင်ပြောပြီး ရှိုက်ကြီး တစ်ငင် ငိုနေခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်.....

နောက်တစ်နေ့မှာ မေကြီးလက်ဆွဲလို့ ဘဘအိမ်ကိုရောက်လာခဲ့တယ်......အဖေကတော့ ပုံမှန်ပေမယ့် အမေကတော့ မေကြီးနဲ့ဘဘကိုတွေ့တာနဲ့ အခန်းထဲကို တန်းဝင်သွားခဲ့တယ်......ဘဘက အဖေ့ကို လူလေး အဖေ စိတ်မကောင်းပါဘူးကွာလို့ ပြောတဲ့ အချိန်မှာပဲ အဖေက အဖေ သားလည်း မိသားစုနဲ့ အဖေနဲ့အမေကိုပဲ ကြည့်နိုင်မယ် သားမှာလည်း သားသမီးလေးတွေနဲ့ မောင်နှမထိကတော့ သားမကြည့်နိုင်ဘူး အဖေနဲ့အမေ လည်း အိမ်လာနေလို့ရတယ် သားတင်ကျွေးထားနိုင်တယ် ဆိုတော့ မေကြီးက တစ်ခါ ထအော်ပြန်ခဲ့တယ်......ဘဘက မေကြီးကို ငေါက်ငန်းပြီး ရပါတယ်သားရယ် ကျန်တဲ့သားသမီးတွေကိုလည်း အဖေ ပြစ်မထားနိုင်ဘူး ငါ့သားဘ၀ ငါ့သားပဲနေပါတော့ လို့ပြောပြီး ဘဘတို့က ရုတ်ကနဲ ထပြန်သွားလို့ အဖေ စိတ်မကောင်းချင်းကြီးစွာနဲ့ တစ်ခါ ထပ်ငိုရပြန်တယ်........

အဲဒီနောက်ပိုင်းမှာတော့ စနေတနင်္ဂနွေလောက်မှာသာ ဘဘတစ်ယောက်ထဲအိမ်ကို ရောက်ရောက်လာခဲ့တယ်.......အမေကတော့ ဘဘကို ပုံမှန် ဆက်ဆံခဲ့ပြီး တစ်ခါတစ်လေ ဘဘတို့ကို လကုန်တိုင်း ပိုက်ဆံသွားပေးဖို့ အဖေ အလုပ်ရှုပ်နေရင်တောင် အမေနဲ့အဖေကိုနားလည်ပြီးလေးစားတဲ့ အဖေ့အောက်က ညီကို ပိုက်ဆံ လာယူခိုင်းခဲ့သလို အဖေ့ညီတွေ ညီမတွေအတွက် အ၀တ်အစားက အစ အမေ အမြဲလိုပေးခဲ့တယ်......သူတို့ကလည်း ကွယ်ရာမှာသာ အမေ့ကိုပြောချင်ပြောမယ် အမေအဖေ့အောက်က ညီ ကတစ်ဆင့်ပေးတဲ့ မုန့်ဖိုး အ၀တ်အစားက အစ ယူခဲ့ကြတယ်.......ဒါတွေပဲ ၀တ်ခဲ့သုံးခဲ့ကြတယ်.......ဒီလို ပြသနာတွေတက်ပြီး ပူပူနွေးနွေးကာလမှာပဲ ဘ၀တွေရဲ့ အလှည့်အပြောင်းကို အမေတို့ပါမက ငယ်သေးတဲ့ ကျွန်တော်တို့ပါ အံ့သြတစ်ကြီး ကြုံတွေ့ခဲ့ရသလို ဘ၀ဆိုတာ ဘာမှမတည်မြဲပါလားဆိုတာ မျက်မြင်ကိုယ်တွေ့ သိခဲ့မြင်ခဲ့ရတော့တယ်......

တစ်ရက် အမေနဲ့အဖေ ဆင်းရဲခဲ့စဉ်က အမေ့ကို ကြည့်ခဲ့တဲ့ လက်ကောက်တံတောင်လောက်ဝတ်ခဲ့ပြီး ခန့်ခန့်ကြီးနေခဲ့တဲ့ အမေ့အစ်မလတ် အပူမီးဝိုင်းနေတဲ့ မျက်နှာနဲ့ အမေ့ဆီကိုရောက်လာခဲ့တယ်......အမေ့ ကိုတွေ့တာနဲ့ အမေ့အစ်မလတ် ကျွန်တော်တို့အခေါ် ကြီးကြီးက အမေ့ကိုတိုင်တည်ပြီး ငါ့ညီမ ရယ် ကုန်ပြီ အစ်မရှိသမျှ ကုန်ပြီဆိုပြီး ရှုံးပွဲချ ငိုခဲ့တော့တယ်.......အမေလည်း ထိတ်ထိတ်ပျာပျာနဲ့ ဘာဖြစ်တာလည်း ငါ့ကို ပြောစမ်း ပါ ဆိုပြီး အတန်တန် မေးအပြီး ကြီးကြီးလည်း ရှုံးပွဲချ ငိုအပြီးမှာ ဖြစ်ကြောင်းကုန်စင် ကြီးကြီးက ပြောပြခဲ့တယ်.......ပိုက်ဆံလေး ရှိလာတဲ့အချိန် လောင်းကစား ဖက်မိလိုက်တဲ့ ကြီးကြီးရဲ့ အမျိုးသား က ဂျင်ဝိုင်းတစ်ခုမှာ ထိုးရင်းထိုးရင်း ရှုံးမဲ မဲ လာတဲ့အပြင် ငါ့မှာပိုက်ဆံရှိတယ် ဆိုတဲ့ အရှုံးဆိုတာကို လက်မခံချင်တဲ့စိတ်ကနေ နောက်ဆုံး တစ်ပြားမှမကျန်တဲ့ဘ၀ထိအောင်ကို အနှစ်နှစ်အလလ ရှာခဲ့တဲ့ပိုက်ဆံတွေကို တစ်ချက်ထဲနဲ့ အကုန် ရောစုံမျောတဲ့ ထိအောင် မိုက်ခဲ့မိလို့ ရွှေတိုရွှေစ အနည်းငယ်က လွဲလို့ ဘာမှမကျန်တော့ပါဘူးလို့ ကြီးကြီးက ငိုရင်း ပြောပြခဲ့တယ်........

အမေ လည်း သူ့ထက် အကြီးတွေကို မိုက်လိုက်တာ မိုက်လိုက်ကြတာဆိုတာကလွဲလို့ ဘာမှမပြောနိုင်ခဲ့ဘူး........အမေက ကြီးကြီးကို ဘာဖြစ်ချင်လည်း ဆိုတော့ ကြီးကြီးက လောလောဆယ် အိမ်လည်း ထိုးအပ်ရတော့မှာမိုလို့ မိသားစုလိုက်ပြောင်းလာချင်တယ်ဆိုတော့ အမေ အဖေနဲ့တိုင်ပင်ခဲ့တယ်.......အမေနဲ့အဖေ ဒုတ်ခရောက်ချိန်နဲ့ အစ်ကို့ကိုမွေးတဲ့အချိန်မှာ ကြီးကြီးက အဓိက ထောက်ပံ့ခဲ့တာဆိုတော့ အဖေကလည်း အမေတိုင်ပင်တာကို မဆိုင်းမတွပဲ လက်ခံခဲ့သလို ကြီးကြီးကိုလည်း အစ်မ ဘာမှမပူနဲ့ ကျွန်တော်တို့ရှိတယ် ကျွန်တော်တို့ တစ်လှည့်ပြန်စောင့်ရှောက်ပါမယ် လို့ ပြောပြီး ပြောင်းလာခဲ့ဖို့ ကြီးကြီးကို ပြောလိုက်တယ်....ကြီးကြီးတို့ မိသားစု ဆိုပေမယ့် ပြောင်းလာမယ့်အထဲမှာ ကြီးကြီးအမျိုးသားရဲ့ မိဘ နှစ်ယောက်ပါ ကန့်လန့်ကန့်လန့် သနားစရာကောင်းအောင်ပါလာခဲ့ပြန်တယ်........ကြီးကြီးအမျိုးသားက တစ်ဦးထဲသော သားဆိုတော့ သားလေးနောက်ကို လိုက်လာခဲ့တဲ့ မိဘ နှစ်ယောက်စလုံးပါ ရှိသမျှ ကုန်ပြီး ဇာတိမြေကို လည်း ပြန်မဖြစ်နဲ့ နောက်ဆုံး သွေးမတော်သားမစပ်ချွေးမ ညီမရဲ့ အိမ်ကို လိုက်လာခဲ့ကြရတယ်.........

ကြီးကြီးတို့ပြောင်းမလာခင်မှာပဲ အဖေက ကျွန်တော်တို့ မောင်နှမ သုံးယောက် ကစားဖို့ဖောက်ထားတဲ့ မြေကြက်တောင်ကွင်းလေးပေါ်မှာပဲ ကြီးကြီးတို့မိသားစု ၇ ယောက် နေဖို့ ပျဉ်ထောင်အိမ် လေးတစ်ခု ဆောက်ပေးခဲ့ပြီး ကြီးကြီးယောက်ခမတွေအတွက်ကတော့ အဖေကိုင်ထားရတဲ့ ဆိုဒ်ထဲမှာ အိမ်သေးသေးတစ်လုံးဆောက်ပေးခဲ့ပြီး ညစောင့်ဆိုပြီးထားပေးခဲ့တယ်........ကျွန်တော်တို့အတွက်ကတော့ ညနေဆို အစ်ကို့သူငယ်ချင်း အစ်မသူငယ်ချင်း ကျွန်တော့်သူငယ်ချင်းတွေနဲ့ ဆော့နေတဲ့ ကြက်တောင်ကွင်းပျက်သွားပေမယ့် မောင်နှမ၀မ်းကွဲတွေ အများကြီးရောက်လာတော့ ဖြေသာခဲ့တယ်.......ပျော်စရာလည်းကောင်းတယ်လို့ ထင်ခဲ့ကြတယ်........ရောက်ရောက်ချင်း တစ်လ နှစ်လမှာတော့ ကြီးကြီးတို့ကို အမေနဲ့အဖေက ဘာမှမလုပ်ခိုင်းခဲ့ပဲ နေရာဒေသအသစ်မှာ လေ့လာခိုင်းထားပြီး တစ်ခုခုလုပ်ချင်တယ်ဆို လုပ်ပေးမယ်ဆိုပြီး ဒီတိုင်းတင်ကျွေးထားသလို ကျောင်းနေနေတဲ့ ကြီးကြီးသားသမီး လေးယောက်ကိုလည်း ကျောင်းတွေအပ်ပေးထားခဲ့တယ်.......အစိုးရအလုပ်သာ ဆက်လုပ်ခဲ့မယ်ဆိုရင် အဖေ့ထက် ရာထူးတစ်ဆင့်မြင့်မယ့် ကြီးကြီး အမျိုးသားကတော့ ခပ်တန်းတန်း နဲ့ အဖေနဲ့အမေက လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့ပုံစံနဲ့နေခဲ့သလို တစ်ခါတစ်လေ ကျွန်တော် အော်ကြီးဟစ်ကျယ်အော်ဆော့နေရင် ထထငေါက်တတ်လို့ အဖေအိပ်နေလို့ကျွန်တော်ဆူရင်တောင် အငေါက်မခံရတဲ့ကျွန်တော့်စိတ်ထဲ ကလေးစိတ်နဲ့ စိတ်တော့ကွက်မိပေမယ့် အဖေနဲ့အမေကတော့ ကိုယ့်ကိုယ် စောင့်ရှောက်ခဲ့တဲ့လူတွေ အခုလို ဒုတ်ခရောက်လို့ ကိုယ့်အိမ်မှာ လာပြီး ခိုနေရချိန်မှာ သည်းခံလိုက်ပါမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော့်ကို စိတ်မဆိုးစေဖို့ ဆိုဆုံးမခဲ့သလို သူ့အပေါ်လည်း အပြစ်မမြင်ခဲ့ကြဘူး.............

ဒါပေမယ့် ရောက်ပြီး တစ်လ နှစ်လ ကြီးကြီးတို့ ဘာမှမလုပ်သေးခင်မှာပဲ အဖေနဲ့အမေ ကိုယ်တိုင် အနည်းငယ် စိတ်ညစ်စပြုခဲ့ရတယ်......ဘ၀ကအမြင့်ကနေအနိမ့်ကို ရုတ်တရက်ပြောင်းကုန်လို့ စိတ်ဓာတ်တွေပဲ ကြမ်းကုန်တာလား နေထိုင်ခဲ့ရတဲ့ပါတ်ဝန်းကျင်ကြောင့်ပဲလား မွေးရာပါ ဗီဇကြောင့်ပဲလားမသိနိုင် မခန့်မှန်းနိုင်လောက်အောင် ကြီးကြီးတို့နဲ့ တစ်ကယ်အတူ နေကြည့်တဲ့အခါမှာ မောင်နှမ ညီအစ်မ တစ်အူတုံဆင်း ငယ်ငယ်ထဲက အတူကြီးပြင်းခဲ့တယ် ဆိုပေမယ့် အိမ်ထောင်တွေကျအပြီး ဘ၀တွေ ပြောင်းအပြီးမှာတော့ စရိုက်တွေက အတန်ငယ်မက တော်တော်ခြားသွားခဲ့တာကို အဖေနဲ့အမေ တွေ့ခဲ့ရသလို ခံစားခဲ့ရတယ်.......မနက်စောစော ကလေးတွေကိုကျောင်းသွားဖို့ ထမင်းကျွေးနေတုန်း ထမင်းစာတာ ပြီးစေနော် ပြီးစေ ဟိုသေနာ မျိုလေ မြန်မြန် လည်မြိုဖြတ်ရိုက်လိုက်မယ် စသဖြင့် မနက်စောစောစီးစီး ပြောနေတဲ့အသံတွေက ရှေ့ကအိမ်မှာ မနက်စောစော ထမင်းပူပူနဲ့ တိတ်တိတ်ဆိတ်ဆိတ် သာယာနာပျော်ဖွယ် စကားတွေဖြစ်တဲ့ အမေ သားက ပဲပြုတ်ကို ဆီရွှဲရွှဲနဲ့မှစားချင်တာ အမေ ကြက်ဥကြော်ကြော်ပေးပါအုန်း သားထမင်းကြော်ထပ်ယူအုန်းမလား စသဖြင့် ပြောဆို စားသောက်နေတဲ့ ကျွန်တော်တို့မိသားစု အတွက်တော့ ပြောခဲ့သလို ကြီးကြီးအော်နေတဲ့ အသံတွေက အားမနာတမ်းပြောရမယ်ဆို မနက်စောစောစီးစီး ငှက်ဆိုး ထိုးနေသလိုပါဘဲ.........

အရင်က နေ့လည်နေ့ခင်း ကျွန်တော် ၀ုန်းဒိုင်းကျဲနေအောင် အိမ်ပါတ်ပြေးပြီး ဆော့နေလည်း အဖေ တရေးတမော အိပ်ပျော်ပေမယ့် ကြီးကြီးတို့ရောက်လာပြီးနောက်ပိုင်း သူ့သားသမီးတွေကို ဆဲဆိုပြီး တံမြက်စည်းကျိုးအောင် ရိုက်တတ်ပြီး ကြီးကြီး၇ိုက်လို့ အော်ဟစ်ငိုယိုနေတဲ့ ကြီးကြီးသားသမီးတွေရဲ့ အသံတွေကြောင့်လည်း အဖေ လန့်နိုးရလောက်အောင်ဖြစ်သလို သားသမီးကို ပါးစပ်ကပဲ ဆိုဆုံးမပြီး စိတ်ကြီးတဲ့ အမေ့ကိုလည်း သားသမီးကို ပါးစပ်ကပဲ ဆိုဆုံးမဖို့ ပြောခဲ့တဲ့အဖေ့အတွက်တော့ ကြီးကြီး နဲ့သူ့အမျိုသား အပြုအမူတွေက စိတ်အနှောက်အယှက် တော်တော်ကြီးကြီးကို ဖြစ်စေခဲ့တယ်......ဒါပေမယ့် အဖေ ပါးစပ်က ထုတ်မပြောခဲ့သလို ဒီလို အချိန်တွေတိုင်း ဘယ်လောက်ပဲပင်ပန်းခဲ့ပါစေ အဖေ တရေးတမောတောင်မလှဲနိုင်ပဲ ရုံးကို တိတ်တိတ်ဆိတ်ဆိတ် ပဲ ပြန်ပြန်ထွက်သွားခဲ့ရတဲ့ အကြိမ်ပေါင်းလည်း များလာခဲ့တယ်.......အမေ က ကြီးကြီး ကို အဖေ့အပေါ်လည်းတစ်မျိုးမထင်အောင် အမေ့ကိုလည်း တစ်မျိုးမမြင်အောင် အရိပ်အမြွက်လောက်ပြောပြပေမယ့် ကြီးကြီးနဲ့ သူ့တို့အမျိုးသားကတော့ သူ့တို့ဗီဇ သူ့စရိုက်ကို မဖျောက်နိုင်ခဲ့ကြဘူး........

အဖေနဲ့အမေ ။၁၇။

ပြသနာတွေ တက်မယ့်နေ့က ကျွန်တော်တို့ မောင်နှစ်မ သုံးယောက် အိမ်ကနေ လှမ်းမြင်နေရတဲ့ ကံ့ကော်ပင်ကြီးအောက်မှာ ကံ့ကော်ပန်းတွေ သွားခူးနေခဲ့ကြတယ်.....ကျွန်တော်တို့ ကံ့ကော်ပန်းတွေ ခူးနေတဲ့အချိန်မှာ အိမ်ဘက်မှာ အော်ကျယ်အော်ကျယ် အသံတွေကြားလို့ ပြန်ပြေးလာတဲ့အချိန်မှာ အဖေ့ညီမနဲ့ ယူမယ်ဆိုတဲ့ ဆိုင်ကယ်ဝပ်လျှော့က လူက လာပြီး အဖေနဲ့ အမေ့ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုနေသလို အဖေ့ညီမကပါ ၀င်ဆဲနေခဲ့တယ်......အဖေ့ကို မင်းနဲ့ဘာဆိုင်လည်း မယားကြောက် အလကားကောင်လို့ ပြောဆိုနေတဲ့အပြင် အမေ့ကိုလည်း အင်မတန်ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုနေခဲ့တယ်.......အဖေကတော့ အိမ်ပေါ်မှာ နဖူးပေါ်လက်ထောက်လို့ ထိုင်နေပေမယ့် အမေက ကြာလာတဲ့အချိန်မှာ ဓားဆွဲပြီး ခုတ်မယ်လုပ်လို့ အဖေ အမေ့ကို ဇွတ်ကိုဆွဲခဲ့ရတယ်......အမေတို့ အဲလိုဖြစ်နေချိန်မှာ အိမ်မှာနေတဲ့ အဖေ့ညီမ ကတော့ တစ်ခွန်းမှဝင်မပြောခဲ့ပေမယ့် သူ့မျက်နှာကလည်း သိပ်ကို တင်းနေခဲ့တယ်........

သူတို့ပြန်ထွက်သွားပြီချိန်မှာ ဒီလို လာလုပ်တာကို အဖေနဲ့အမေက လူကြီးအိမ်ကိုသွားတိုင်မယ်ဆိုပြီးထွက်သွားခဲ့သလို ကျွန်တော်တို့တွေလည်း ကိုယ့်အခန်းထဲမှာကိုယ် ခပ်ကုတ်ကုတ် နေခဲ့ကြတယ်......ခဏနေတော့ အိမ်မှာ နေတဲ့ အဖေ့ညီမက ငါ လည်း သွားတော့မယ် နင်တို့ အမေလာရင်ပြောလိုက် ငါတို့ တစ်သက် မကြေဘူးဆိုတာ ကိုလို့ ဆိုပြီး အိမ်ကနေထွက်သွားခဲ့တယ်......ကျွန်တော်တို့လည်း ဘာမှ ပြန်မပြောသလို သူတို့မျက်နှာကိုလည်း မကြည့်ချင်ခဲ့တော့ဘူး.......အဖေနဲ့အမေ ပြန်လာပြီးတဲ့အချိန်မှာ အဖေက သူ့ညီမ ဘယ်သွားလည်း လို့မေးတော့ အစ်ကိုက အိမ်က ထွက်သွားပြီအဖေဆိုတော့ အဖေက အေး ကောင်းပါတယ် အဲဒါပဲ လို့ပြောခဲ့တယ်......အမေကတော့ စိတ်တွေပဲတိုနေခဲ့တယ်......အမေထပ်ပြီး စိတ်တိုရအောင်လည်း အဖေ့ညီမက လုပ်သွားခဲ့ပြန်တယ်.....ကျွန်တော်တို့ စားဖို့ ထားတဲ့ ဆန်တွေကို အိတ်တွေထဲက နေ အသေအချာထုတ် ပြီး သဲတွေနဲ့ စနစ် တကျကို ရောသွားတာ အမေသိလိုက်ရတော့ အမေ့ဒေါသ အထွတ်အထိပ်ကိုရောက်ပြီး အမေ ရှိသမျှ အကုန်ရိုက်ခွဲတော့တာပါဘဲ.......

အဖေကတော့ မိုက်ရိုင်းစော်ကားလိုက်ကြတာကွာ လို့ ပြောယုံကလွဲပြီး သူ့မောင်နှမ သားချင်းအပေါ် စိတ်အပျက်ကြီးပျက်သွားခဲ့တယ်......သိပ်မကြာခင်မှာပဲ အိမ်ရဲ့ ခပ်လှမ်းလှမ်းကနေ အဖေ့နာမည်ကိုတပ်ခေါ်လို့ ဟေ့ကောင်မယားကြောက် အလကားကောင် မင်းက မင်းမိန်းမကို ကြောက်နေတာ မင်းလုပ်လို့ ငါတို့ ဒီဘ၀ ရောက်နေတာ စတဲ့ အဖေ့၅ ယောက်မြောက် ညီက အော်ဆဲနေတဲ့အသံကို ကြားတဲ့အခါမှာ ဓားဆွဲနေတဲ့အမေ့ကို အဖေရအောင်ထိန်းပြီး ရဲစခန်းကို ဖုန်းဆက်လို့ ဖမ်းခိုင်းခဲ့တယ်......ရဲတွေရောက်လာပြီး သူ့ကို ဖမ်းသွားပြီးတဲ့ အချိန်ကျမှ ဇာတ်ရှိန်က ပိုတက်လာခဲ့တယ်.....မေကြီးက ဘဘမပါပဲ ရောက်လာခဲ့ပြီး အမေ့ကို အိမ်ထဲတောင် မ၀င် အိမ်ရှေ့က နေ အော်ဆဲတော့တာပါဘဲ......အဖေ့ကို သူတို့လက်ထဲက လုယူတယ် အဖေ သာ အမေ့ကို မယူခဲ့ရင် သူတို့ဘ၀တွေ ကောင်းစားနေပြီ ခုတော့ အမေနဲ့ ကျွန်တော်တို့က ကောင်းစားပြီး သူတို့က ဆင်းရဲမွဲတေနေရတယ် အခု သားတစ်ယောက်ပါ အမေလုပ်လို့ အချုပ်ကျနေပြီ အဖေ့ကိုလည်း မယားကြောက် မိဘကျေးဇူး မသိတတ်တဲ့လူ မိန်းမ မျက်နှာပဲ ကြည့်တဲ့ကောင် စသဖြင့် ပြောနေချိန်မှာ အဖေကတော့ အမေရယ် အိမ်ထဲဝင်ပါ သားတောင်းပန်ပါတယ် ပြောလည်း လက်မခံခဲ့ဘူး......

ကြာလာတော့ အမေ့ရဲ့ အဖေ့အမေ လို့ထိန်းထားတဲ့ စိတ်က ပေါက်ကွဲထွက်ခဲ့ပြီး ကိတ်စတိုင်းကို အမေ ဒေါသ တစ်ကြီး အော်ဟစ်ခဲ့သလို အဖေအမေ့ဆီကို ရောက်လာတုန်းက ပုဆိုး ၂ ထည် အိမ်င်္ကျ ၂ ထည်ပဲ ပါခဲ့တယ်ဆိုတာတွေက အစ ပါလာတော့တယ်......ဒါပေမယ့် မေကြီးကတော့ အဖေ့ ပညာကြောင့်သာ အမေ ဒီလိုနေရတယ် အဖေနဲ့သာ မရရင် နင်ဒီလိုနေနိုင်မလား နင့်နေရာမှာ ငါတို့ ရောက်မှာ ဆိုတာကိုပဲတွင်တွင်ပြောနေခဲ့ပြီးနောက်ဆုံးမှာ လူကြီးကတော်တွေက အမေ့ကို ဆွဲခွေားခဲ့ပြီး လူကြီးတွေက အစ အဖေ့အမေကိုပြောဆို ပြန်လွှတ်ခဲ့တယ်.......မိဘကို မစော်ကားချင်တဲ့ မိဘကျေးဇူးသိချင်တဲ့အဖေကတော့ အမေတို့ ရက်စက်လိုက်တာဗျာ လို့ တွင်တွင်ပြောပြီး ရှိုက်ကြီး တစ်ငင် ငိုနေခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်.....

နောက်တစ်နေ့မှာ မေကြီးလက်ဆွဲလို့ ဘဘအိမ်ကိုရောက်လာခဲ့တယ်......အဖေကတော့ ပုံမှန်ပေမယ့် အမေကတော့ မေကြီးနဲ့ဘဘကိုတွေ့တာနဲ့ အခန်းထဲကို တန်းဝင်သွားခဲ့တယ်......ဘဘက အဖေ့ကို လူလေး အဖေ စိတ်မကောင်းပါဘူးကွာလို့ ပြောတဲ့ အချိန်မှာပဲ အဖေက အဖေ သားလည်း မိသားစုနဲ့ အဖေနဲ့အမေကိုပဲ ကြည့်နိုင်မယ် သားမှာလည်း သားသမီးလေးတွေနဲ့ မောင်နှမထိကတော့ သားမကြည့်နိုင်ဘူး အဖေနဲ့အမေ လည်း အိမ်လာနေလို့ရတယ် သားတင်ကျွေးထားနိုင်တယ် ဆိုတော့ မေကြီးက တစ်ခါ ထအော်ပြန်ခဲ့တယ်......ဘဘက မေကြီးကို ငေါက်ငန်းပြီး ရပါတယ်သားရယ် ကျန်တဲ့သားသမီးတွေကိုလည်း အဖေ ပြစ်မထားနိုင်ဘူး ငါ့သားဘ၀ ငါ့သားပဲနေပါတော့ လို့ပြောပြီး ဘဘတို့က ရုတ်ကနဲ ထပြန်သွားလို့ အဖေ စိတ်မကောင်းချင်းကြီးစွာနဲ့ တစ်ခါ ထပ်ငိုရပြန်တယ်........

အဲဒီနောက်ပိုင်းမှာတော့ စနေတနင်္ဂနွေလောက်မှာသာ ဘဘတစ်ယောက်ထဲအိမ်ကို ရောက်ရောက်လာခဲ့တယ်.......အမေကတော့ ဘဘကို ပုံမှန် ဆက်ဆံခဲ့ပြီး တစ်ခါတစ်လေ ဘဘတို့ကို လကုန်တိုင်း ပိုက်ဆံသွားပေးဖို့ အဖေ အလုပ်ရှုပ်နေရင်တောင် အမေနဲ့အဖေကိုနားလည်ပြီးလေးစားတဲ့ အဖေ့အောက်က ညီကို ပိုက်ဆံ လာယူခိုင်းခဲ့သလို အဖေ့ညီတွေ ညီမတွေအတွက် အ၀တ်အစားက အစ အမေ အမြဲလိုပေးခဲ့တယ်......သူတို့ကလည်း ကွယ်ရာမှာသာ အမေ့ကိုပြောချင်ပြောမယ် အမေအဖေ့အောက်က ညီ ကတစ်ဆင့်ပေးတဲ့ မုန့်ဖိုး အ၀တ်အစားက အစ ယူခဲ့ကြတယ်.......ဒါတွေပဲ ၀တ်ခဲ့သုံးခဲ့ကြတယ်.......ဒီလို ပြသနာတွေတက်ပြီး ပူပူနွေးနွေးကာလမှာပဲ ဘ၀တွေရဲ့ အလှည့်အပြောင်းကို အမေတို့ပါမက ငယ်သေးတဲ့ ကျွန်တော်တို့ပါ အံ့သြတစ်ကြီး ကြုံတွေ့ခဲ့ရသလို ဘ၀ဆိုတာ ဘာမှမတည်မြဲပါလားဆိုတာ မျက်မြင်ကိုယ်တွေ့ သိခဲ့မြင်ခဲ့ရတော့တယ်......

တစ်ရက် အမေနဲ့အဖေ ဆင်းရဲခဲ့စဉ်က အမေ့ကို ကြည့်ခဲ့တဲ့ လက်ကောက်တံတောင်လောက်ဝတ်ခဲ့ပြီး ခန့်ခန့်ကြီးနေခဲ့တဲ့ အမေ့အစ်မလတ် အပူမီးဝိုင်းနေတဲ့ မျက်နှာနဲ့ အမေ့ဆီကိုရောက်လာခဲ့တယ်......အမေ့ ကိုတွေ့တာနဲ့ အမေ့အစ်မလတ် ကျွန်တော်တို့အခေါ် ကြီးကြီးက အမေ့ကိုတိုင်တည်ပြီး ငါ့ညီမ ရယ် ကုန်ပြီ အစ်မရှိသမျှ ကုန်ပြီဆိုပြီး ရှုံးပွဲချ ငိုခဲ့တော့တယ်.......အမေလည်း ထိတ်ထိတ်ပျာပျာနဲ့ ဘာဖြစ်တာလည်း ငါ့ကို ပြောစမ်း ပါ ဆိုပြီး အတန်တန် မေးအပြီး ကြီးကြီးလည်း ရှုံးပွဲချ ငိုအပြီးမှာ ဖြစ်ကြောင်းကုန်စင် ကြီးကြီးက ပြောပြခဲ့တယ်.......ပိုက်ဆံလေး ရှိလာတဲ့အချိန် လောင်းကစား ဖက်မိလိုက်တဲ့ ကြီးကြီးရဲ့ အမျိုးသား က ဂျင်ဝိုင်းတစ်ခုမှာ ထိုးရင်းထိုးရင်း ရှုံးမဲ မဲ လာတဲ့အပြင် ငါ့မှာပိုက်ဆံရှိတယ် ဆိုတဲ့ အရှုံးဆိုတာကို လက်မခံချင်တဲ့စိတ်ကနေ နောက်ဆုံး တစ်ပြားမှမကျန်တဲ့ဘ၀ထိအောင်ကို အနှစ်နှစ်အလလ ရှာခဲ့တဲ့ပိုက်ဆံတွေကို တစ်ချက်ထဲနဲ့ အကုန် ရောစုံမျောတဲ့ ထိအောင် မိုက်ခဲ့မိလို့ ရွှေတိုရွှေစ အနည်းငယ်က လွဲလို့ ဘာမှမကျန်တော့ပါဘူးလို့ ကြီးကြီးက ငိုရင်း ပြောပြခဲ့တယ်........

အမေ လည်း သူ့ထက် အကြီးတွေကို မိုက်လိုက်တာ မိုက်လိုက်ကြတာဆိုတာကလွဲလို့ ဘာမှမပြောနိုင်ခဲ့ဘူး........အမေက ကြီးကြီးကို ဘာဖြစ်ချင်လည်း ဆိုတော့ ကြီးကြီးက လောလောဆယ် အိမ်လည်း ထိုးအပ်ရတော့မှာမိုလို့ မိသားစုလိုက်ပြောင်းလာချင်တယ်ဆိုတော့ အမေ အဖေနဲ့တိုင်ပင်ခဲ့တယ်.......အမေနဲ့အဖေ ဒုတ်ခရောက်ချိန်နဲ့ အစ်ကို့ကိုမွေးတဲ့အချိန်မှာ ကြီးကြီးက အဓိက ထောက်ပံ့ခဲ့တာဆိုတော့ အဖေကလည်း အမေတိုင်ပင်တာကို မဆိုင်းမတွပဲ လက်ခံခဲ့သလို ကြီးကြီးကိုလည်း အစ်မ ဘာမှမပူနဲ့ ကျွန်တော်တို့ရှိတယ် ကျွန်တော်တို့ တစ်လှည့်ပြန်စောင့်ရှောက်ပါမယ် လို့ ပြောပြီး ပြောင်းလာခဲ့ဖို့ ကြီးကြီးကို ပြောလိုက်တယ်....ကြီးကြီးတို့ မိသားစု ဆိုပေမယ့် ပြောင်းလာမယ့်အထဲမှာ ကြီးကြီးအမျိုးသားရဲ့ မိဘ နှစ်ယောက်ပါ ကန့်လန့်ကန့်လန့် သနားစရာကောင်းအောင်ပါလာခဲ့ပြန်တယ်........ကြီးကြီးအမျိုးသားက တစ်ဦးထဲသော သားဆိုတော့ သားလေးနောက်ကို လိုက်လာခဲ့တဲ့ မိဘ နှစ်ယောက်စလုံးပါ ရှိသမျှ ကုန်ပြီး ဇာတိမြေကို လည်း ပြန်မဖြစ်နဲ့ နောက်ဆုံး သွေးမတော်သားမစပ်ချွေးမ ညီမရဲ့ အိမ်ကို လိုက်လာခဲ့ကြရတယ်.........

ကြီးကြီးတို့ပြောင်းမလာခင်မှာပဲ အဖေက ကျွန်တော်တို့ မောင်နှမ သုံးယောက် ကစားဖို့ဖောက်ထားတဲ့ မြေကြက်တောင်ကွင်းလေးပေါ်မှာပဲ ကြီးကြီးတို့မိသားစု ၇ ယောက် နေဖို့ ပျဉ်ထောင်အိမ် လေးတစ်ခု ဆောက်ပေးခဲ့ပြီး ကြီးကြီးယောက်ခမတွေအတွက်ကတော့ အဖေကိုင်ထားရတဲ့ ဆိုဒ်ထဲမှာ အိမ်သေးသေးတစ်လုံးဆောက်ပေးခဲ့ပြီး ညစောင့်ဆိုပြီးထားပေးခဲ့တယ်........ကျွန်တော်တို့အတွက်ကတော့ ညနေဆို အစ်ကို့သူငယ်ချင်း အစ်မသူငယ်ချင်း ကျွန်တော့်သူငယ်ချင်းတွေနဲ့ ဆော့နေတဲ့ ကြက်တောင်ကွင်းပျက်သွားပေမယ့် မောင်နှမ၀မ်းကွဲတွေ အများကြီးရောက်လာတော့ ဖြေသာခဲ့တယ်.......ပျော်စရာလည်းကောင်းတယ်လို့ ထင်ခဲ့ကြတယ်........ရောက်ရောက်ချင်း တစ်လ နှစ်လမှာတော့ ကြီးကြီးတို့ကို အမေနဲ့အဖေက ဘာမှမလုပ်ခိုင်းခဲ့ပဲ နေရာဒေသအသစ်မှာ လေ့လာခိုင်းထားပြီး တစ်ခုခုလုပ်ချင်တယ်ဆို လုပ်ပေးမယ်ဆိုပြီး ဒီတိုင်းတင်ကျွေးထားသလို ကျောင်းနေနေတဲ့ ကြီးကြီးသားသမီး လေးယောက်ကိုလည်း ကျောင်းတွေအပ်ပေးထားခဲ့တယ်.......အစိုးရအလုပ်သာ ဆက်လုပ်ခဲ့မယ်ဆိုရင် အဖေ့ထက် ရာထူးတစ်ဆင့်မြင့်မယ့် ကြီးကြီး အမျိုးသားကတော့ ခပ်တန်းတန်း နဲ့ အဖေနဲ့အမေက လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့ပုံစံနဲ့နေခဲ့သလို တစ်ခါတစ်လေ ကျွန်တော် အော်ကြီးဟစ်ကျယ်အော်ဆော့နေရင် ထထငေါက်တတ်လို့ အဖေအိပ်နေလို့ကျွန်တော်ဆူရင်တောင် အငေါက်မခံရတဲ့ကျွန်တော့်စိတ်ထဲ ကလေးစိတ်နဲ့ စိတ်တော့ကွက်မိပေမယ့် အဖေနဲ့အမေကတော့ ကိုယ့်ကိုယ် စောင့်ရှောက်ခဲ့တဲ့လူတွေ အခုလို ဒုတ်ခရောက်လို့ ကိုယ့်အိမ်မှာ လာပြီး ခိုနေရချိန်မှာ သည်းခံလိုက်ပါမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော့်ကို စိတ်မဆိုးစေဖို့ ဆိုဆုံးမခဲ့သလို သူ့အပေါ်လည်း အပြစ်မမြင်ခဲ့ကြဘူး.............

ဒါပေမယ့် ရောက်ပြီး တစ်လ နှစ်လ ကြီးကြီးတို့ ဘာမှမလုပ်သေးခင်မှာပဲ အဖေနဲ့အမေ ကိုယ်တိုင် အနည်းငယ် စိတ်ညစ်စပြုခဲ့ရတယ်......ဘ၀ကအမြင့်ကနေအနိမ့်ကို ရုတ်တရက်ပြောင်းကုန်လို့ စိတ်ဓာတ်တွေပဲ ကြမ်းကုန်တာလား နေထိုင်ခဲ့ရတဲ့ပါတ်ဝန်းကျင်ကြောင့်ပဲလား မွေးရာပါ ဗီဇကြောင့်ပဲလားမသိနိုင် မခန့်မှန်းနိုင်လောက်အောင် ကြီးကြီးတို့နဲ့ တစ်ကယ်အတူ နေကြည့်တဲ့အခါမှာ မောင်နှမ ညီအစ်မ တစ်အူတုံဆင်း ငယ်ငယ်ထဲက အတူကြီးပြင်းခဲ့တယ် ဆိုပေမယ့် အိမ်ထောင်တွေကျအပြီး ဘ၀တွေ ပြောင်းအပြီးမှာတော့ စရိုက်တွေက အတန်ငယ်မက တော်တော်ခြားသွားခဲ့တာကို အဖေနဲ့အမေ တွေ့ခဲ့ရသလို ခံစားခဲ့ရတယ်.......မနက်စောစော ကလေးတွေကိုကျောင်းသွားဖို့ ထမင်းကျွေးနေတုန်း ထမင်းစာတာ ပြီးစေနော် ပြီးစေ ဟိုသေနာ မျိုလေ မြန်မြန် လည်မြိုဖြတ်ရိုက်လိုက်မယ် စသဖြင့် မနက်စောစောစီးစီး ပြောနေတဲ့အသံတွေက ရှေ့ကအိမ်မှာ မနက်စောစော ထမင်းပူပူနဲ့ တိတ်တိတ်ဆိတ်ဆိတ် သာယာနာပျော်ဖွယ် စကားတွေဖြစ်တဲ့ အမေ သားက ပဲပြုတ်ကို ဆီရွှဲရွှဲနဲ့မှစားချင်တာ အမေ ကြက်ဥကြော်ကြော်ပေးပါအုန်း သားထမင်းကြော်ထပ်ယူအုန်းမလား စသဖြင့် ပြောဆို စားသောက်နေတဲ့ ကျွန်တော်တို့မိသားစု အတွက်တော့ ပြောခဲ့သလို ကြီးကြီးအော်နေတဲ့ အသံတွေက အားမနာတမ်းပြောရမယ်ဆို မနက်စောစောစီးစီး ငှက်ဆိုး ထိုးနေသလိုပါဘဲ.........

အရင်က နေ့လည်နေ့ခင်း ကျွန်တော် ၀ုန်းဒိုင်းကျဲနေအောင် အိမ်ပါတ်ပြေးပြီး ဆော့နေလည်း အဖေ တရေးတမော အိပ်ပျော်ပေမယ့် ကြီးကြီးတို့ရောက်လာပြီးနောက်ပိုင်း သူ့သားသမီးတွေကို ဆဲဆိုပြီး တံမြက်စည်းကျိုးအောင် ရိုက်တတ်ပြီး ကြီးကြီး၇ိုက်လို့ အော်ဟစ်ငိုယိုနေတဲ့ ကြီးကြီးသားသမီးတွေရဲ့ အသံတွေကြောင့်လည်း အဖေ လန့်နိုးရလောက်အောင်ဖြစ်သလို သားသမီးကို ပါးစပ်ကပဲ ဆိုဆုံးမပြီး စိတ်ကြီးတဲ့ အမေ့ကိုလည်း သားသမီးကို ပါးစပ်ကပဲ ဆိုဆုံးမဖို့ ပြောခဲ့တဲ့အဖေ့အတွက်တော့ ကြီးကြီး နဲ့သူ့အမျိုသား အပြုအမူတွေက စိတ်အနှောက်အယှက် တော်တော်ကြီးကြီးကို ဖြစ်စေခဲ့တယ်......ဒါပေမယ့် အဖေ ပါးစပ်က ထုတ်မပြောခဲ့သလို ဒီလို အချိန်တွေတိုင်း ဘယ်လောက်ပဲပင်ပန်းခဲ့ပါစေ အဖေ တရေးတမောတောင်မလှဲနိုင်ပဲ ရုံးကို တိတ်တိတ်ဆိတ်ဆိတ် ပဲ ပြန်ပြန်ထွက်သွားခဲ့ရတဲ့ အကြိမ်ပေါင်းလည်း များလာခဲ့တယ်.......အမေ က ကြီးကြီး ကို အဖေ့အပေါ်လည်းတစ်မျိုးမထင်အောင် အမေ့ကိုလည်း တစ်မျိုးမမြင်အောင် အရိပ်အမြွက်လောက်ပြောပြပေမယ့် ကြီးကြီးနဲ့ သူ့တို့အမျိုးသားကတော့ သူ့တို့ဗီဇ သူ့စရိုက်ကို မဖျောက်နိုင်ခဲ့ကြဘူး........