Wednesday, February 17, 2016

အဖေနဲ့အမေ ။၁။

အမေနဲ့အဖေ ဇာတ်လမ်းကို တစ်အိမ်လုံးမှာ ကျွန်တော်တစ်ယောက်ပဲ စိတ်ဝင်တစား နားထောင်ခဲ့တယ်........
ကျွန်တော့်ခေါင်းထဲမှာ ကျွန်တော့်အကြောင်းတွေလိုပဲ စွဲထင်နေခဲ့တယ်.......

အမေက နယ်မြို့လေးက ကိတ်မုန့်တိုက်ပိုင်ရှင် ရဲ့ သမီးဖြစ်ခဲ့ပြီး ပိုက်ဆံရှိခဲ့ပေမယ့် အဖေကတော့ လှည်းလမ်း
ကြောင်းတောင် ကောင်းကောင်းမရှိခဲ့တဲ့ ဖုန်းဆိုးတောရွာလေးမှာ ကြီးပြင်းခဲ့ရတယ်.....အဖေက အကြီးဆုံးသား
...မောင်နှမ ၁၁ ယောက် ဆင်းရဲတဲ့မိသားစု မှာ အကြီးဆုံးသားဆိုပေမယ့် အဖေ့ကျန်းမာရေးအရ အဖေလယ်အ
လုပ်တွေ မလုပ်ခဲ့ရဘူး.....အဖေ ကလေးဘ၀မှာတင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရတဲ့ လယ်သမားဘဝ
တွေကိုကြည့်ပြီး ပညာကိုသာ အရယူဖို့ အဖေ တွေးခဲ့တယ်......

အမေ ကတော့ ကောင်းကာင်းမွန်မွန် ကျောင်းတက်ပြီး ကလေးသဘာဝ ပြေးလွှားဆော့ကစားနိုင်ပေမယ့် အဖေ
ကျောင်းတက်ခဲ့ရတဲ့ ခရီးက သိပ်ကြမ်းလွန်းတယ်......မနက်လေးနာရီ ရွာကစထွက်ပြီး မြို့ပေါ်ကျောင်းရောက်တဲ့
အချိန်မှာ ၉ နာရီထိုးလုလို့ ကျောင်းတက်ခါနီးမှ အမြဲတမ်းအဖေ ရောက်လေ့ရှိတယ်.......နေ့စဉ်အဖေသွားရပေ
မယ့် စိတ်မပျက်ခဲ့ဘူး......စာတတ်မှာ လယ်မလုပ်ရမှာဆိုတဲ့ စိတ် အဖေ့ရင်ထဲစွဲနေခဲ့တယ်......ဆင်းရဲလွန်းတဲ့
မိဘက နေ့လည်စာ ထမင်းလည်း အဖေ့ကို ထုတ်မပေးနိုင်ခဲ့ဘူး.....မနက်စောစောစီးစီး အစာအိမ်နာကြောင့်
ထမင်းကြမ်းလည်းမစားနိုင်တဲ့အဖေက ဆန်ကြမ်းဆန်ပြုတ်ကို တစ်ဝသောက် ပြီး အဖေကျောင်းသွားလေ့ရှိခဲ့
တယ်.........

အဖေနဲ့ကျောင်းတက်ဖော်တက်ဖက် သူငယ်ချင်းနှစ်ယောက်နဲ့အတူ အဖေ နေ့တိုင်းမပျက်မကွက် ကျောင်းအ
ရောက်လာခဲ့တယ်......ရံဖန်ရံခါ အပြန်မှာ အဖေ့သူငယ်ချင်းတစ်ယောက်က ကျောင်းအပြန်လမ်း ကြံသကာပွဲရုံ
ကကြံသကာ နည်းနည်းဝင်တောင်းသူငယ်ချင်းသုံးယောက် အစာပြေစားပြီး ရွာအရောက်ပြန်ခဲ့ကြတယ်.....
ရွာပြန်ရောက်တာနဲ့ နွားစာစဉ်းတာစတဲ့ အသေးအဖွဲလေးတွေ လုပ်ကူပြီး ရေနံဆီမီးခွက်ထွန်းလို့ အဖေစာထိုင်
ကြည့်ခဲ့တယ်.....တစ်ခါတစ်လေ ဆောင်းတွင်းမှာ အေးလွန်းလို့ ကောက်ရိုးပုံတွေထဲစာသွားကြည့်ချိန် မီးမ
လောင်အောင် ဂရုစိုက်ရတဲ့အပြင် မနက်ဆို မြေကြီးနဲ့ကောက်ရိုးငွေ့ရိုက်တာကြောင့် မျက်လုံးတွေ မို့အစ် ခန်ဒါ
ကိုယ်တစ်ခုလုံး နာကျင်နေအောင်အဖေခံရတယ်.......ကလေးအရွယ်ပေမယ့် အဖေ ဒီဒုတ်ခတွေကို စိတ်ဓာတ်
တော့မကျခဲ့ဘူး.......

အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် နေတတ်တဲ့အဖေ့ကို ငယ်ငယ်က ဘယ်လိုများကစားလည်းဆိုတာလည်း
ကျွန်တော်သိချင်ခဲ့တယ်.......အဖေ့ရဲ့ ကလေးသဘာဝ ဆော့ကစားနည်းက ရွာက သူငယ်ချင်းတွေနဲ့အတူ
တောထဲကို ငှက်ပြစ်ထွက်တာပါဘဲ.......ရွာမှာရှိနေတုန်း အမြဲလို ရွာကသူငယ်ချင်းတွေနဲ့ ငှက်ပြစ်ထွက်တတ်တဲ့
အဖေ ကျောင်းပိတ်ရက်တစ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူထွက်ခဲ့တယ်.......အဲဒီနေ့ကစလို့ ကလေးသဘာဝ
ဆော့ကစားတာလောက်တောင်မရှိတော့ပဲ အဖေ စာသာ လုပ်နေခဲ့တယ်....အဖေ့ရင်ထဲမှာ ဒဏ်ရာတစ်ခု
လည်းရခဲ့တယ်......သူငယ်ချင်းတွေနဲ့ တောထဲအရောက် ငှက်ပြစ်နေတုန်းမှာအဖေ ငုံးသိုက်တစ်ခုကိုတွေ့လိုက်
တယ်.......အသိုက်နိမ့်နိမ့်မှာတည်ထားတဲ့ ငုံးသိုက်ထဲက ငုံးလေးကိုပြစ်ဖို့က အဖေ့အတွက် တော်တော်လွယ်ကူ
ခဲ့တယ်.......နီးနိုင်သမျှ နီးအောင် အဖေတိုးသွားပေမယ့် အဖေ့ကို မြင်နေတဲ့ငုံးလေးကတော့ မမှိတ်မသုန်ကြည့်
ပြီး ထပျံမသွားခဲ့ဘူး......

ဘာ့ကြောင့်မပျံတာလည်းဆိုတဲ့စိတ်ဲ့ အဖေ အနီးကပ်ဆုံးတိုးသွားပြီး နောက်ဆုံးတက်တစ်ကမ်းကွာသည်အထိငုံး
လေးက ကြည့်နေတုန်းမှာ အဖေ ပြစ်တောင်မပြစ်တော့ဘူး ဒီလောက်မှဖြစ်တဲ့ငုံး ဆိုပြီး လက်ထဲမှာကိုင်လာတဲ့
လောက်လေးနဲ့ ရိုက်ချခဲ့တယ်.......တစ်သက်လုံးရင်ကွဲရမယ့် အလုပ်ကို အဖေလုပ်ခဲ့မိတယ်......ငုံးလေး သေ
သွားတဲ့အချိန်မှာ ငုံးလေးအောက်မှာ ငုံးပေါက်လေးတွေ အဖေတွေ့လိုက်ရတယ်......အဖေရူးမတတ်ခံစားလိုက်
ရတယ်......မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျလို့ အဖေ ရွာကိုပြန်ပြေးလာခဲ့တယ်......စိတ်ဆင်းရဲပြီး တစ်ပါတ်
လောက် အဖေဖျားပြီး နေပြန်ကောင်းလာတဲ့အချိန်မှာ ရာသက်ပန် တရိတ်စာန်တွေကို သတ်တဲ့အလုပ် မလုပ်
တော့ဘူးလို့ အဖေဆုံးဖြတ်ခဲ့တယ်........နောင်တစ်ချိန်မှာငှက်ပြစ်တာ တွေတွေ့ရင် အဖေ သိပ်မုန်းလောက်
အောင်အဖေ့ရင်ထဲမှာ နင့်နင့်သီးသီးခံစားခဲ့ရတယ်........