နောင်သူဆိုတဲ့နာမည် ပေးမိတော့ လူငယ်လေးအရွယ် မန်းဒလေးဂျီတီအိုင်ကျောင်းသားဘ၀ကိုသွားသတိရမိတယ်.......ပထမနှစ်ဝက်လောက်မှာ ကဗျာသမားသူငယ်ချင်းတွေနဲ့ ကဗျာစာအုပ်လေး တစ်အုပ်ထုတ်တယ်.....သက်တန့်ပြတိုက်......ရေးတဲ့လူက ၇ ယောက်......ဒုတိယနှစ်မှာ နောက်တစ်အုပ်ထုတ်တယ် အစိမ်းရောင်ပဲရစ်စ် အပြာရောင်ကလော.......နောက်တစ်အုပ်ကတော့ နာမည်မေ့သွားပြီ........သုံးအုပ်စလုံးမင်းပဲနာမည် ပေးဆိုတာနဲ့ နာမည်ပေးလိုက်တယ်.......ကဗျာရေးတဲ့နာမည် ပေးမယ်ဆိုတော့ အိမ်နာမည်အရင်း လူသိများတဲ့နာမည်ထဲက နောင် ကိုယူလိုက်တယ်....အဲဒီတုန်းက ရည်းစားကောင်မလေးအိမ်နာမည်က စီးသူ လို့ခေါ်တယ်.....နတ်သမီး လို့ခေါ်သတဲ့ သူတို့လူမျိုးအရ.....အဲဒီက သူ ကို ယူလိုက်တယ်........ဒါနဲ့နောင်သူဖြစ်သွားတယ်......ရည်းစားကောင်မလေးကို ချစ်နေတုန်းမဟုတ်ပေမယ့် စိတ်ကူးထဲပေါ်တဲ့ ဒီနာမည် ကို ကောက်ပေးလိုက်တယ်.......ဒီနာမည် သုံးပေမယ့် ခုချိန်မှာတော့ ကဗျာ ဆိုတာ ဘာတုန်းလို့မေးယူရလောက်အောင် ဘ၀ လှိုင်းတွေထဲမှာ ကူးခတ်နေရတဲ့ ဘ၀ဖြစ်နေပါပြီ.......တစ်ချိန်က ရိုးသားခဲ့ နုပျိုခဲ့ ပျော်ရွှင်ခဲ့ရတာတွေဟာ ဒီနာမည်လိုပဲ မေ့လျော့ပျောက်ကွယ်စ ပြုနေပါပြီ.......။
Saturday, January 3, 2009
Subscribe to:
Post Comments (Atom)
2 comments:
သြော်...
ကလောင်အမည်က အထင်ကရ နောက်ခံ သမိုင်းကြောင်းနဲ့ပါပဲလား...
စီးသူမှာ ဘာလို့ စီးကို မယူသလဲ။ စီးကို ယူလိုက်ရင် နောင်စီး ပေါ့။ မသိရင် နောင်ကြီးနဲ့ ကာရံနဘေ ယူထားသလားပေါ့။ ထူးထူးခြားခြား မှတ်မိတာပေါ့ နောင်စီးရယ်။ အဟ...
ပျော်ရွင်ပါစေ။
Post a Comment