နိုင်ငံခြား သွားသည် ဆိုတာနဲ့ ပိုက်ဆံတွေ အများကြီး ပါလာတော့မည် ဆိုသည့် အတွေးကို မြန်မာပြည်မှာ ကြီးပြင်းသော ကလေးကအစ လူကြီးအဆုံး အများစု လူများနည်းတူ ကျွန်တော် ကိုယ်တိုင်လည်း တွေးခဲ့သည်.......ငယ်စဉ်က အဖေ ပညာ တော်သင် အစည်းအဝေး စသည့် နိုင်ငံခြားခရီးစဉ်များ သွားအပြီး ပြန်လာတဲ့အချိန်မှာလည်း သာမန်ထက်ပိုတဲ့ ပိုက်ဆံ တွေ ပါလာတဲ့အချိန်မှာ နိုင်ငံခြားကို ကျွန်တော် အားကျခဲ့ဘူးသည်.......နိုင်ငံခြားကို အထင်ကြီးအားကျစိတ်ဖြင့် အဖေ နိုင်ငံခြားက ပြန်လာတိုင်း ရန်ကုန် လေဆိပ်မှလေယာဉ်တက်သည့်အချိန်မှစရ်ျ အဖေ နိုင်ငံခြားတွင်နေသည့်အချိန် သွားလာလှုပ်ရှား မြင်တွေ့ခဲ့ရသည်များအလယ် မြန်မာနိုင်ငံ ပြန်ရောက်သည့်အချိန်ထိ ခရေစေ့တွင်းကျ ကျွန်တော် မေးမြန်းသည့်အချိန်တိုင်းလည်း အဖေ စိတ်ရှည် လက်ရှည် ရှင်းပြတတ်သည်......
သတိရတိုင်း ထထမေးနေတတ်သည့် ကျွန်တော့်ကို စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည့် အဖေ့ နိုင်ငံခြားအတွေ့အကြုံ များကြားရဖန်များလာသည့် နောက်ပိုင်းတွင်တော့ ကျွန်တော့် ရဲ့ နိုင်ငံခြား အထင်ကြီးစိတ်များ ကျွန်တော်လူလားမမြောက်ခင်မှာပင် လျော့လျော့လာခဲ့တော့သည်.......မြန်မာနိုင်ငံမှ ပညာတော်သင် သွားသော အဖေတို့လို လူမျိုးများ နိုင်ငံခြားရောက်သည့်အချိန်တွင် ရောက်သည့်နိုင်ငံနှင့် လျော်ညီသော နေထိုင်စားသောက်မှု ပြုရန်အတွက် ထိုနိုင်ငံမှ ထုတ်ပေးသော လူတစ်ကိုယ်စာ အသုံးစရိတ်များကို မြန်မာနိုင်ငံပြန်သည့်အခါ ရှေ့ရှေ့က လူများနည်းတူ ငွေထုတ်ပိုက်ပြန်လာနိုင်ရန် ခြိုးခြံချွေတာ စားကြရသည် ဟူသည်......တစ်ခါ တစ်ရံ ကျောင်းပိတ်ရက် အလုပ်ပိတ်ရက် ခွင့်ရရ်ျ တစ်ခြားနိုင်ငံသားများ နေရင်းနိုင်ငံသို့ အလည်ပြန်သောအခါ မြန်မာနိုင်ငံမှ ပညာတော်သင်များသည် အဆောင် အခန်းထဲတွင်သာ အချိန် ကုန်ကြရသည်ဟု ဆိုသည်.....အဖေ ပြောပြခဲ့သည့် မြန်မာနိုင်ငံမှ ပညာတော်သင့် မျက်နှာမွဲများ အဖြစ်မှာ ကြားရသမျှ စိတ်မချမ်းသာ စရာ ပင်ဖြစ်သည်.........ဒါတောင် အဖေတို့က ပညာတော်သင် နော် ဆိုသည့် အဖေ့ စကားသံများအောက်တွင် ကျွန်တော့် နိုင်ငံခြား အထင်ကြီးစိတ်များ လည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ခြင်းမလှပျောက်သွားခဲ့တော့သည်......
ထို့အတူ အဖေတို့ကဲ့သို့ ပညာတော်သင် မဟုတ်ပဲ ရွှေ့ပြောင်းအခြေချ နေထိုင်သူ မြန်မာများ နိုင်ငံရပ်ခြားတွင် ဒုတ်ခ ရောက်နေကြပုံကို အဖေ ပြောပြသောအခါ သာရ်ျပင် စိတ်ပျက်မိတော့သည်.......တစ်ခေါက်များဆို ပန်းခြံထဲတွင် ဒုတ်ခရောက်ရ်ျ စားစရာမရှိ ထိုင်နေသော မြန်မာ နှစ်ယောက်အား အဖေ နဲ့ သူ့သူငယ်ချင်းများ ထောက်ပံ့လိုက်ရသေးသည် ဟု ဆိုသည်......ငါ့သား အသက်ကြီးလာလို့ နိုင်ငံခြား သွားရမယ်ဆိုရင် ပညာတော်သင် အနေနဲ့သွားရင်သွား သို့ ပိုက်ဆံရှိလို့ အလည်အပါတ်အနေနဲ့ သွားရင်သွားဟု အဖေ က အမြဲတမ်းပြောတတ်သလို ကျွန်တော့်စိတ်ထဲတွင်လည်း နိုင်ငံခြားလို ပိုက်ဆံ အများကြီးရနိုင်ချင်မှ ရနိုင်ပေမယ့် ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လူမျိုးများနှင့် နွေးထွေးသည် ဟု ယုံကြည်သော မြန်မာနိုင်ငံတွင်သာ အခြေချရ်ျ အခွင့်အလမ်းသင့်သည့်အချိန်များကျမှ အဆင်သင့်သော နိုင်ငံတစ်ခုခုအား နိုင်ငံခြားအလည်အပါတ် ခရီးတစ်ခု အဖြစ် သွားမည်ဟု သာ တွေးထားတော့သည်.......ဥာဏ်ကောင်းသည်ဟု ချီးမွမ်းထောပနာ ပြုခံရတတ်သော်လည်း ပညာရေး တွင် စိတ်မပါလှရ်ျ အဖေ့လို နိုင်ငံခြား ပညာတော်သင် ခရီးကိုတော့ ငယ်စဉ်ကပင် စိတ်မကူး ခဲ့ချေ........
ကျွန်တော် လူလားမြောက်ရ်ျ အထက်တန်းပညာ ပြီးချိန်တွင်တော့ အမျှော် အမြှင် ရှိသော အဖေက စင်ကာပူ တွင် ပေါ်လီ တက်ရန် တိုက်တွန်းသော်လည်း သူငယ်ချင်းများဖြင့်သာ ပျော်ပျော်ရွှင်ရွှင်ကျောင်းတက်မည်ဟု စိတ်ကူးမိသော ကျွန်တော်က ထိုစဉ်က ဖွင့်သော ဂျီတီအိုင် သာ တက်မည်ဟု အဖေ့ကို အဆိုပြုသောအခါ သားသမီး ဆန်ဒ အတိုင်း လိုက်လျောတတ်သော အဖေက အတင်းအကျပ် မတိုက်တွန်းပေ......ဂျီတီအိုင် တွင်လည်း ပေပေတေတေ နှင့် စိတ်ရှိတိုင်း ပျော်နေသော ကျွန်တော့် ကဘာတွင် နိုင်ငံခြားဆိုသည်မှာ ဝေးချင်တိုင်းဝေးနေသလို စိတ်ကူးထဲတွင်ပင် မရှိချေ.......ထိုအချိန်က လူတစ်ကာ သွားချင်သော အမေရိကား အား လေယာဉ်လက်မှတ်သာ အကုန်ခံ အကုန် သူ့အိမ်က လုပ်ပေးမည် လိုက်မလားဟု သူငယ်ချင်းတစ်ယောက် စေတနာ ဗလပွ ဖြင့် ခေါ်သည်ကိုပင် ဟင့်အင်း ဟု ငြင်းသော ကျွန်တော့်အား သူငယ်ချင်းမှ ခင်လွန်းလို့ခေါ်တာ နေပေါ့ကွာ ဟု စိတ်ဆိုးသွားခဲ့ဘူးသည်.......တစ်ခါ ဂျပန်ကို အလုပ်သွားလုပ်မည် ပွဲစားခအပြင် မည်သည့်ကျေးမှ ပေးစရာမလို လေယာဉ်လက်မှတ်ဖိုးတော့ အကုန်ခံ ဟု ဆိုသည့် သူငယ်ချင်း တစ်ယောက်လည်း ရှိခဲ့ဘူးသည်....သူတို့သာ နိုင်ငံခြားသို့ရောက်သွားသည် ကျွန်တော်ကတော့ မြန်မာပြည်မှာ ပျော်လို့ကောင်းတုန်းပင် ဖြစ်သည်.........
ကျောင်းပြီးရ်ျ အိမ်ထောင်ကျ အပြီး လုပ်ငန်းခွင်ထဲ ရောက်သည်အထိ အမေရိကား တွင် ရှိနေသော သူငယ်ချင်းမှ လာချင်သည် ဆိုလျှင် သူ့ သူငယ်ချင်း နိုင်ငံခြားသူ ကောင်မလေး မြန်မာပြည် အလည်လာခိုက် လက်ထပ်ရ်ျ လင်မယား ဆိုပြီး လာလျှင် ရသည် လာမည်လား ဟု မေးသောအခါ နိုင်ငံခြားတွင် အလုပ်လုပ်နေသော သူ့ဝင်ငွေအား မေးရ်ျ မင်း မြန်မာပြည်ပြန်လာပြီး ငါ့ဆီမှာ အလုပ်လုပ်လျှင် ထို ပိုက်ဆံအတိုင်း ပေးမည် ဟု လှောင်ရီခဲ့ဖူးသည်......သူငယ်ချင်းမှာ အေးပေါ့ကွာ မင်းကတော့ ဂေါက်ဆိုတော့ ဘယ်လာမှာလည်း သူငယ်ချင်း အချင်းချင်းမိုလို့ ပြောတာ မလာလည်းနေဟေ့ကောင် တောမှာပျော်ပေါ့ကွာ တောသားရာ ဟု အတန်ငယ် စိတ်ဆိုးသွားခဲ့ဖူးသည်......
ထိုအချိန်က အသက် ငယ်သေးသော်လည်း ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်လမ်းကိုယ်ဖောက် စီးပွားရေးလုပ်ရ်ျ အတန်သင့် ၀င်ငွေကောင်းခဲ့သောကြောင့် မာန်များ ချမရအောင် တက်ခဲ့သည်တော့ ၀န်ခံရမည်ဖြစ်သည်......နိုင်ငံခြားတွင် နေနေသော သူငယ်ချင်းများအား မင်းတို့ကွာ သူများနိုင်ငံ ကျွန်သွားခံနေတယ် ကိုယ့်နိုင်ငံမှာ လုပ်စားလည်းဖြစ်ပါတယ် အခု မင်းတို့ တစ်လလုံး ကြုံးရုံးလုပ်ရတာ ငါ့ ၁၀ ရက်စာ ၀င်ငွေ လောက်တောင် မရှိဘူး ဟု ပြောသောအခါ တစ်ဖက် နိုင်ငံမှ ကွန်ပျူတာတွင်ပေါ်လာသော ကျွန်တော်ပြောသမျှ စကားလုံးများအား ကြည့်နေသော သူငယ်ချင်းများသည် ထိုအချိန်က မချိပြုံး ပြုံး နေခဲ့မည်လား မသိချေ......ကျွန်တော်၏မာန်များကား ချမရတော့ချေ.......ထိုကြားထဲ စင်ကာပူနိုင်ငံတွင် ပညာရှင်ဘ၀ဖြင့်ရပ်တည်နေသော သူငယ်ချင်းတစ်ယောက် မြန်မာပြည်တွင် မင်္ဂလာဆောင်ရန် ပိုက်ဆံလိုနေချိန်တွင် သိန်းဆယ်ချီ ထုတ်ပေးနိုင်ခဲ့ရ်ျ မင်းကွာ စင်ကာပူမှာ ပညာရှင် လုပ်နေပြီး မစွံပါဘူးကွာ ဆိုပြီး ပြောဖြစ်အောင်ပြောမိလိုက်သေးသည်........နိုင်ငံခြား သွားမည့် စိတ်ကူးကား ထိုအချိန်က အိမ်မက်ထဲပင် ထည့်မမက်ခဲ့ချေ......
Wednesday, July 1, 2009
Subscribe to:
Post Comments (Atom)
1 comment:
နောက်ဆုံးတော့လည်း နောက်ဆုံးတော့ပေါ့ ။
Post a Comment