Wednesday, January 13, 2010

........................


အလွမ်းတွေနဲ့
ငါဆာလောင်နေခဲ့တာပါ ချစ်သူ
အလွမ်းတွေကို
စနစ်တကျ ပျိုးထောင်ခဲ့တာကလည်း
ငါကိုယ်တိုင်ပဲ ဖြစ်ရဲ့
ရေလောင်းပေါင်းသင်ခဲ့တဲ့
မျှော်လင့်ချက်မဲ့ အိပ်မက်တွေနဲ့ပေါ့
မင်းပစ်ချခဲ့တဲ့ နေရာမှာ
အလွမ်းရဲ့ သစ်တစ်ပင် ရှင်သန်ခဲ့တယ်။

အပြာရောင် သန်းနေတဲ့ကမ္ဘာမှာ
ငါနေခွင့်ရချင်ရဲ့
နှလုံးသွေးနဲ့ ပျိုးထောင်ခဲ့ရတဲ့
ငါ့အလွမ်းသစ်ပင်မှာ
မင်း အသံလေးတွေ ချိတ်ဆွဲပေးလှည့်ပါ
မုတ်သုန်မလာခင်
ငါ သိမ်းဆည်းထားပါရစေ။

အလင်းတွေ တဖျတ်ဖျတ်လက်နေတဲ့ညက
မျှော်လင့် ခြင်းကွင်းပြင်ဆီ
ငါ တရွေ့ရွေ့လှမ်းခဲ့တယ်
အနာဂတ်မဲ့ ကြယ်တွေ
ကြွေကျနေပုံများ
ဟင်းလင်းပွင့်နေတဲ့ ကမ္ဘာတစ်ခုလိုပါဘဲ။

လွန်ခဲ့သောနှစ်များဆီက
ချစ်ခြင်းရဲ့ကမ္ဘာမှာ
တိမ်တွေနဲ့ အတူ ငါတို့လဲလျောင်းခဲ့ကြတာ
မနေ့တစ်နေ့ကလို
ငါ့ကမ္ဘာမှာ ဖူးပွင့်နေကြတယ်
နာရီတွေ ဟောင်းနွမ်းမသွားဖို့တော့
ငါမတတ်နိုင်ခဲ့ဘူးလေ။ ။

Sunday, January 10, 2010

မနေ့က ကလေး ၄ ယောက်ကို အပျော်ကြီးပျော်အောင် လုပ်ပေးနိုင်ခဲ့သောကြောင့် ကျွန်တော့်စိတ်အလျဉ်တွင် ကျွန်တော်ကြံဆုံခဲ့ဖူးသော ကလေးများအကြောင်း တစ်ချိန်လုံးလိုသာ ရောက်နေခဲ့တော့သည်။

ပထမဆုံး ကြုံဆုံခဲ့ဖူးသော ကလေးမှာ စွာပု ဆိုသော ကလေးပင်ဖြစ်သည်။ ကျွန်တော့်ထက် ငယ်၍သာ ကလေးဟု ခေါ်ရသော်လည်း ထိုစဉ်က ကျွန်တော်ကိုယ်တိုင်သည်လည်း ကလေးပင် ဖြစ်သည်။ တိတိကျကျ ဆိုရသော် ၅ တန်း ၆ တန်း အရွယ်ဖြစ်သည်။ ထိုစဉ်က ကျွန်တော့်ဖခင်သည် အစိုးရ၀န်ထမ်း တစ်ဦးဖြစ်သောကြောင့် တာဝန်ကျရာ နေရာရှိ ဝန်ထမ်း အိမ်ရာတွင် နေချိန်ဖြစ်သည်။ စွာပု ဖခင်မှာ ကျွန်တော့်ဖခင်ဖြင့် ကျောင်းထဲက သူငယ်ချင်းဖြစ်သည့်အပြင် လုပ်ငန်းခွင်ဝင်ချိန်၌လည်း အတူတူပင်ဖြစ်၍ အရာရှိများဖြစ်ကြသောအခါတွင်လည်း နေထိုင်ရသည့် အိမ်များ ဘေးချင်းကပ်ရက် ကျ၍ အင်မတန်ခင်မင်ရင်းနှီးကြသည်။ စွာပု တွင် အစ်မတစ်ယောက်ရှိသော်လည်း မွေးစကပင် ပိုလီယို အရိုးပျော့ ရောဂါ ပါလာ၍ အိပ်ရာပေါ်တွင် သာ ထားရပြီး လူစဉ်မမှီသော အမြဲတစေ မွေးစကလေးလို ထမင်းခွန့်နေရသော ဘ၀ဖြင့် နေနေရသူဖြစ်သည်။

စွာပုမှာ အမေကဲ့သို့ အသားဖြူပြီး အဖေကဲ့သို့ အရပ်ပုပျတ်ပျတ်လေးဖြင့် ချစ်စရာကောင်းသော ကလေးအရွယ်လေးဖြစ်သော်လည်း ဒေါသကြီးပြီး စကားကလည်း တတ်လှသောကြောင့် စွာပု ဟု အမည်တွင်နေခြင်းဖြစ်သည်။ စွာပု အမေမှာလည်း ရုံးဝန်ထမ်းတစ်ဦးပင်ဖြစ်သောကြောင့် ရံဖန်ရံခါ စွာပု ဝေယျာဝစ္စများကို ကျွန်တော့် မိခင် လုပ်ပေးရသည့် အခါများလည်း ရှိခဲ့သည်။ ထို့အပြင် ကျွန်တော့်မိခင်မှာ စွာပုကိုလည်း ချစ်သကဲ့သို့ စွာပုမှာလည်း ကလေးချစ်တတ်သော ကျွန်တော့်မိခင်ကို အန်တီမြ ဟု သူ့ခေါ်သံတစ်မျိုးဖြင့် တစ်စာစာ ခေါ်နေတတ်လောက်အောင် ချစ်လေသည်။ စွာပု ကျောင်းတက်ခါစကဆိုလျှင် ညနေတိုင်း ကျွန်တော်တို့အိမ်၌ ကျွန်တော့်မိခင် ဖတ်ခိုင်းသော မဖတ်တတ် ဖတ်တတ် ဖတ်နေသော စွာပု စာဖတ်သံများကို ရီမောကြရင်း ပွဲကျနေလေ့ရှိတတ်သည်။

စွာပုမှာ စကားလည်း တတ်လှသည်။ တစ်ရက် သူကျောင်းက ပြန်လာပြီး ညဦးပိုင်းအချိန်၌ သူ့ဖခင်မှ ဦးထုပ်ကော ဟု မေးသောအခါ စွာပုမှာ ချက်ခြင်းပင် သားလည်း အဲဒါ ပြောမလို့ ဖေဖေရ......ကျောင်းဆင်းကာနီး သား ကျောင်းစာအုပ်တွေကို ကျောပိုးအိတ်ထဲကို ထည့်နေတဲ့အချိန်မှာ နောက်ကနေပြီး တစ်စုံတစ်ယောက်က သား ဦးထုပ်ကို ကြိုးကွင်းနဲ့ ပြစ်ဖမ်းလိုက်တယ်လို့ သားထင်တယ် ဖေဖေ......သားလည်း ချက်ခြင်းလှည့်ကြည့်တာပဲ....ဒါပေမယ့် ဘယ်သူ လည်း ဆိုတာ မသိလိုက်ဘူး ဆိုပြီး သူ့အဖေကို ပြောလေသည်။ သူ့အဖေမှာ ရီရမလို