Thursday, February 12, 2009

အဖေနဲ့အမေ ။၂။

အဖေကစာတော်တဲ့အတွက် အတန်းတွေလည်း သူတို့ခေတ်အရခုန်တက်ခဲ့တယ်.....ထို့အတူအမေက
လည်း ၇တန်းနှစ်မှာလူရည်ချွန်ဝင်ခဲ့တယ်.......အမေသိပ်ပျော်ခဲ့တယ်.....ကံဆိုးတော့မှာကိုတော့အမေမသိခဲ့ဘူး..
၇ တန်းအောင်ပြီး လူရည်ချွန် ပါတယ်ဆိုတဲ့နေ့မှာပဲအမေ့အမေမေမေကြီးကမိန်းကလေးဒီလောက်တတ်ရင်တော်
ပြီ အိမ်မှ လူအရမ်းလိုတယ် ကျောင်းထွက်ဆိုပြီး တစ်ချက်လွှတ်ပြောခဲ့တယ်.......အမေငိုယိုပြီးကျောင်းမထုတ်ဖို့
မေမေကြီးကိုပြောပေမယ့် မေမေကြီးကတော့ ခေါင်းမာမာနဲ့ တစ်ချက်လွှတ်ပဲ ကျောင်းထွက်ဖို့ကိုသာ ပြောခဲ့တယ်....


အမဲသားလည်ရောင်းရတဲ့ဘ၀နဲ့ ပေါင်မုန့်ဖုတ်သမားလေးဘ၀တို့ ပေါင်းလိုက်တာကနေ ဖြစ်လာတဲ့ ချမ်းသာမှုက
ပညာကို အလေးမထားခဲ့ကြဘူး......အမေဟာ ဒီနေ့ဒီချိန်ထိ သူ့ရဲ့ပညာရေးနဲ့ပါတ်သက်လို့ သိပ်ကိုဝမ်းနည်းခဲ့
တယ်.....အဖေ့မိဘကတော့ ဆင်းရဲပေမယ့် တောမှာနေပေမယ့် ပညာကို အရယူခိုင်းခဲ့တယ်......ပညာတတ်မှလူ
ရာဝင်မယ်လို့လည်း တွေးနိုင်ခဲ့တယ်......ဒါပေမယ့် သူတို့ရဲ့လစ်မစ်ကလည်း ရွာမှာတင်လူရိုသေ ရှင်ရိုသေ
ကျောင်းဆရာလေးဘ၀လောက် သာ မျှော်မှန်းခဲ့တယ်......အဖေကတော့ ရွာမှာ သူ့ဘ၀ကို မမြှုပ်ချင်ခဲ့ဘူး.......


အဖေ ၇ တန်းအောင်တဲ့နှစ်မှာတင် ကျောင်းအုပ်ဆရာကြီးက အဖေ့ကို သူ့အိမ်မှာ ခေါ်ထားလိုက်တော့တယ်......
အမေကတော့ မေမေကြီးရဲ့အလုပ်တွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်နေခဲ့ရပြီ........ဒီလိုနဲ့ ဆရာကြီးအိမ်မှာ နေပြီး
ကျောင်းတက်လာခဲ့တဲ့အဖေ ၁၀ တန်းဖြေကာနီးမှာတော့ ပြသနာ အကြီးကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်......အဲဒါကတော့
အဖေ့ကို အစိုးရက ဆယ်တန်းဖြေဆိုခွင့်မပြုတာပါဘဲ.........ငယ်ငယ်က အတန်းတွေကျော်တက်ခဲ့တဲ့အတွက်အ
သက် ၁၆ နှစ်မပြည့်သေးတဲ့အဖေ့ကို ဆယ်တန်းဖြေခွင့်မပြုခဲ့ဘူး........နောက်ဆုံး ဖြေဆိုခွင့်မပြုပါဆိုတဲ့ စာအရ
မှာ အဖေ အထုတ်ပိုက်ပြီးရွာပြန်ခဲ့တယ်.........ဆရာကြီးကတော့ မကျေမနပ်နဲ့ စာတင်မယ်ဆိုပြီး ကျန်ရစ်ခဲ့တယ်.

စိတ်လေ တယ်ဆိုတာ ဘာမှန်းမသိတဲ့ အဖေ့ဘ၀မှာ ပထမဆုံးအကြိမ် စိတ်လေခဲ့တယ်........မိသားစုကဆင်းရဲ
နောက်တစ်နှစ်ဆိုတာ မလွယ် ဘ၀တစ်ခုလုံးသွားပြီဆိုပြီး အိမ်မှာ တွေတွေငေးငေး ထိုင်နေခဲ့တယ်.....စာမေးပွဲ
ဖြေဖို့ တစ်ပါတ်ပဲလိုတော့တဲ့အချိန် တစ်ခြားကျောင်ားးတွေစာတွေကျက်နေတဲ့အချိန်မှာ အဖေ တောရွာလေးက
အိမ်စုတ်လေးမှာ လှဲပြီးဝမ်းနည်းနေခဲ့တယ်.......

အဖေ့ရင်ထဲက အပူမီးက သိပ်ပြင်းထန်နေခဲ့တယ်.......အဖေ ဘယ်လိုမှ အဖြေမထွက် နိုင်ခဲ့ မဖြေသိမ့်နိုင်ခဲ့ဘူး....
နောင်နှစ်ဆိုတာ အဖေ့ဘ၀မှာ ပြန်လာတော့မှာမဟုတ်ဘူး.......ကိုးတန်းအောင် ဆယ်တန်းဘ၀နဲ့ ရွာမှာတင်
ကျောင်းဆရာလုပ်လို့ရတယ်ဆိုတဲ့ အတွေးနဲ့ အဖေ့ အဖေနဲ့အမေကတော့ ခပ်အေးအေး နေခဲ့တယ်........လူလေး
ရယ် စိတ်ညစ်မနေပါနဲ့ အခုလည်း ရွာမှ ကျောင်းဆရာလုပ်လို့ရတာပဲ လို့ အဖေ့ အဖေနဲ့ အမေက တတွတ်တွတ်
ပြောခဲ့တယ်......အဖေ့အနေနဲ့ကတော့ သူပညာတော်တာကို သူသိတဲ့အတွက် ဒီအဆင့်နဲ့မရပ်ချင်ခဲ့ဘူး.....
ရွာမှာလည်း အဖေမနေချင်ခဲ့ဘူး........ဒါပေမယ့်ဘ၀လက်မှိုင်ချနေယုံကလွဲလို့ ဘာမှလည်း အဖေမတတ်နိုင်ခဲ့
ဘူး......မနက်ဖြန်ဆို စာမေးပွဲဖြေရတော့မယ်ဆိုတဲ့အတွေးက အဖေ့ကို သိပ်နှိပ်စက်ခဲ့တယ်......ထမင်းမစားနိုင်
တာအဖေသုံးရက်ရှိခဲ့ပြီ.........စာမေးပွဲနီးလေ စိတ်ဆင်းရဲမှုနဲ့ အဖေထမင်းမစားနိုင်လေဖြစ်ခဲ့တယ်........


ဒါပေမယ့် ကံကြမာက အဖေ့ကို မျက်နှာသာပေးခဲ့တယ်.............

No comments: