Thursday, February 12, 2009

အဖေနဲ့အမေ ။၃။

တဲအိမ်လေးမှာ အိပ်နေတဲ့အဖေ့ဆီကို ရွာကဦးလေးတစ်ယောက်ရောက်လာခဲ့တယ်.......သူ့လက်ထဲ

မှာ စာလေးတစ်စောင်လည်း ကိုင်လာခဲ့တယ်.........ကျောင်းအုပ်ဆရာကြီးက ပေးလိုက်တဲ့စာ......သူမြို့ကနေ ရွာကိုချက်ခြင်းမပြန်မရောက်တဲ့အကြောင်းမနေ့ညကပြန်ရောက်တော့လည်းမိုးအရမ်းချုပ်နေလို့မလာဖြစ်ကြောင်း အခုမနက်လယ်ထဲခဏသွားပြီးမှာပြန်လာပြီးပေးတာဖြစ်ကြောင်းဆရာကြီးကအရေးကြီးတယ်လို့တော့ပြောလိုက

်ကြောင်းရှင်းပြခဲ့တယ်..........



အဖေအိပ်နေရာက ခုန်ထပြီး အမြန်ဖတ်ကြည့်လိုက်တော့ အစိုးရက အဖေ့ကို ဖြေခွင့်ပြုလိုက်တဲ့အကြောင်း ဒါ

ကြောင့်ဒီစာရရခြင်းအမြန်လာပါဆိုတဲ့အကြောင်းပြီးခဲ့တဲ့တစ်ပါတ်ကဆရာကြီးကရေးလိုက်တဲ့စာဖြစ်နေတယ်....

စာမေးပွဲကမနက်ဖြန်မနက်ရွာကနေမြို့ကိုသွားရမယ့်ခရီးအချိန်ကနေ့လည်ရောက်ကာနီးအဖေလွယ်အိတ်ဆွဲပြီး

မိဘတွေ တစ်ဟဲ့ဟဲ့ အော်တာတောင် မကြားနိုင်အောင် အရူးတစ်ယောက်လို ပြေးထွက်ခဲ့တယ်........လှည်းလမ်း

ကြောင်းအတိုင်း ၁၇ မိုင်ကျော် ဝေးတဲ့မြို့ကို အဖေ မရပ်မနားပြေးထွက်ခဲ့တယ်.......



ကားလမ်းမပေါ်ရောက်တော့ အဖေ အမေဆို့လှပြီ.......ဒါပေမယ့် အဖေ့ရဲ့ အတွင်းစိတ်တွန်းအားက ဆရာကြီးဆီ

ရောက်မှ ဖြစ်မယ် မနက်ဖြန် စာမေးပွဲဆိုတဲ့ စိတ်ပဲရှိခဲ့တယ်......ကားလမ်းမပေါ်ပြေးရင်း လိုင်းကားတစ်စီးအလာ

မှာ အဖေတားလိုက်တယ်.......ကား ရပ်အပေး ဒရောသောပါးခုန်တက်ပြီး ကားထွက်တော့မှာ အဖေသတိရခဲ့

တယ် အဖေ့မှာ ပိုက်ဆံမရှိဘူး.......ကားစပါယ်ယာက ကားခပိုက်ဆံတောင်းတဲ့အချိန်မှာ မောဟိုကနေတဲ့အသံ

ကတုန်ကရင်နဲ့ ဦးလေး ကျွန်တော် ပိုက်ဆံမပါလို့ပါ စာမေးပွဲဖြေဖို့သွားမှာပါ ကျွန်တော်ရွာက ထွက်လာရလို့ပါဆို

ပေမယ့် ကားစပါယ်ယာကြီးကတော့ လက်မခံခဲ့ဘူး........ငယ်ငယ်ထဲက အေးအေးချမ်းချမ်းနဲ့ တိတ်တိတ်ဆိတ်

ဆိတ် နေခဲ့တဲ့အဖေ့အတွက် ကြီးမားတဲ့ ရှက်ရွှံ့မှုကို ရစေခဲ့တယ်.......ခရီးသည်တွေရဲ့ မျက်လုံးတွေအောက်မှာ

ရှက်ရွံ့စွာနဲ့ အဖေကားပေါ်ကဆင်းခဲ့ရတယ်.........



ကားပေါ်ကဆင်းဆင်းခြင်း အဖေ့ခေါင်းထဲဝင်လာတာက စာမေးပွဲ........ဖိနပ်မပါ ခြေဗလာနဲ့ အဖေ ကားလမ်းအ

တိုင်း တစ်ချိုးထဲပြေးထွက်ခဲ့တယ်.........ခဏနေတော့ အဖေ့ကို ချခဲ့တဲ့ လိုင်းကား က အဖေ့ကိုကျော်တက်သွား

ခဲ့တယ်........အဖေကတော့ အားကုန် ပြေးတုန်း ...........ပြေးထားကောင်လေးရေ ပြေးထားဆိုပြီး တစ်ဟားဟား အော်ရီသွားတဲ့ ကားစပါယ်ယာ အသံကို အဖေ နာကျင်ခဲ့ရတယ်........ညနေစောင်းလောက်မှာ အဖေ ဆရာကြီး

အိမ်ရဲ့ လှေကားထစ်အောက်မှာ အမောဆို့ပြီးလဲနေခဲ့တယ်......မောကြီးပန်းကြီးပြေးလာပြီး အိမ်ခြေရင်းအရောက်

အမောဆို့လဲကျသွားတဲ့ အဖေ့ကို ဆရာကြီးက ပွေ့ပြီးအိမ်ပေါ်ခေါ်တင်ခဲ့တယ်.......



၂ နာရီ ၃ နာရီ အကြာလောက်မှာ အဖေ လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာတော့ ဆရာကြီးက အအေးတစ်ခွက်

တိုက် ရေတိုက်ပြီး ရေချိုးခိုင်းခဲ့တယ်........အဲဒီနောက်တော့ ဆရာကြီးက မနက်ဖြန်ဖြေမယ့် ဘာသာရပ်ကို စ

ကြည့်ခိုင်းတော့တယ်..........ညဦးပိုင်းကနေ ၁၀ နာရီလောက်ထိ စာလုပ်ပြီး ၁၀ နာရီခွဲလောက်မှာ ဆရြာ့ကီးက

နွားနို့ပူပူတစ်ခွက်နဲ့ ဆေးလုံးမဲမဲလေး ငါးလုံး အဖေ့ကို ပေးခဲ့တယ်........ဒါဘာလည်း ဆရာကြီးလို့ အဖေမေးတော့

ဒါ မင်း တစ်နှစ်လုံးကျက်ခဲ့တဲ့စာတွေကို ပြန်မှတ်မိစေတဲ့ဆေး ငါဘယ်သူ့ကိုမှမပေးဘူး မင်းကိုချစ်လို့တိုက်တာ

သိပ်လည်းမရှိတော့ဘူး သောက်ဆိုပြီးတိုက်ခဲ့တယ်.......အဖေလည်း ယုံယုံကြည်ကြည်နဲ့ သောက်အပြီးမှာ ဒီနေ့

အဖို့ဒီလောက်ဆို လုံလောက်ပြီ အိပ်တော့ဆိုတာနဲ့ အဖေ အိပ်ရာဝင်ခဲ့တယ်.........



မနက် ၅ နာရီမှာ ဆရာကြီးနဲ့နေခဲ့စဉ်ကလို အိပ်ရာထ ဆရာကြီးနဲ့အတူ ဘုရားရှိခိုးအပြီးမှာ ငါ့တစ်ပည့်လာ လမ်း

လျှောက်မယ် မင်း တစ်နှစ်လုံး စာပဲလုပ်လာတာ စာတွေကရပြီးသား ပူမနေနဲ့ မနေ့ကဆေးကလည်းစွမ်းတယ်

ဆရာကြီးကိုယုံ အခုလမ်းလျှောက်မယ်ဆိုပြီး အဖေ့ကို လမ်းလျှောက်ခေါ်သွားခဲ့တယ်.....အိမ်ကိုပြန်အရောက်မှာ

တော့ ဆရာကြီးက အဖေ့ကို ၁၅ မိနစ် တရားထိုင်ခိုင်း ပြီး နွားနို့တစ်ခွက်နဲ့အတူ ငါ့တစ်ပည့်ကို ပိုထက်မြက်စေ

ချင်လို့ ဆေးကိုလည်း မနှမျောတော့ပါဘူး ထပ်သောက်သွားဆိုပြီး ငါးလုံးထပ်တိုက်လိုက်တယ်.......အဖေ ပထမ

နေ့ကို ကောင်းကောင်းဖြေနိုင်ခဲ့တယ်........ဒီလိုနဲ့နေ့စဉ် ရက်ဆက် ပထမနေ့ကလိုပဲ ဆရာကြီးအစီအစဉ်တွေအ

တိုင်းနေခဲ့ပြီး ဆရာကြီးတိုက်တဲ့ ဥာဏ်ကောင်းဆေးတွေသောက်ရင်း အဖေ စာမေးပွဲကို လွတ်လွတ်ဖြေနိုင်ခဲ့

တယ်......စာမေးပွဲပြီးတဲ့နေ့မှာတော့ အဖေက သောက်ခဲ့ရတဲ့ဆေးကို တော်တော်အထင်ကြီးနေခဲ့ပြီ......အင်မ

တန်ဥာဏ်ရွှင်ပြီး လန်းဆန်းစေတဲ့ဆေးက ဘာလည်းဆိုတာ အဖေသိချင်ခဲ့တယ်.......



အဖေဆရာကြီးကိုမေးတော့ ဆရာကြီးက ပြုံးစေ့စေ့နဲ့လုပ်နေခဲ့တယ်......အဖေက ဆရာကြီးပြေပြပါ ဆိုတော့မှ

ဒီဆေးဟာ ကလေးသူငယ်နာပျောက်အောင် တိုက်တဲ့ ကြွက်ချေးလို ဆေးလုံးလေးတွေဆိုတာ အဖေသိခဲ့ရတယ်.

စိုးရိမ်ပူလောင်မှုတွေများနေတဲ့အဖေ့ အခြေအနေကိုသိတဲ့ ဆရာကြီးက တစ်ဖက်လှည့်နဲ့အဖေ့ကို အယုံသွင်းပြီး

စာမေးပွဲအေးအေးဆေးဆေး ဖြေနိုင်အောင် လှည့်စားခဲ့တယ်.........ဆရာကြီး ကျေးဇူးက အဖေ့အပေါ်မှာ သိပ်

ကြီးခဲ့တယ်........

No comments: