Saturday, April 11, 2009

ဘူးသီးကြော် နဲ့ အချဉ်



စပ်နည်း


ဆန်မှုန့် ဆန်ချိန်တဲ့ခွက်နဲ့ ၂ ခွက်

ကောက်ညှင်းမှုန့် ဆန်ချိန်တဲ့ ခွက်နဲ့ ၁ ခွက်

ပဲမှုန့် ဆန်ချိန်တဲ့ခွက်နဲ့ ၁ ခွက်

ရေ ဆန်ချိန်တဲ့ ခွက်နဲ့ ၂ ခွက်

ဆား လက်ဖက်စားဇွန်း ၁ ဇွန်း မရှိတစ်ရှိ (မမောက်စေနဲ့)

ဆော်ဒါ လက်ဖက်စားဇွန်း ၁ ဇွန်း မရှိတစ်ရှိ (မမောက်စေနဲ့)


အားလုံးကို ရောပြီး ကြက်ဥ ခေါက်တဲ့ ဟာနဲ့ ရောမွှေလိုက် ( ယောင်းမနဲ့မွှေလည်းရပါတယ် ဟိုဟာနဲ့ကျတော့ ပိုညက်တယ်)


၁၅ မိနစ်လောက်နှပ်ထား....ဆီအိုးတည်ထား အပူချိန်ကို နံပါတ် ၂ လောက်မှာပဲထား ........

ဆီပူလာရင် ဗူးသီးတွေကို အကြော်အနှစ်ထဲကို တူလေးနဲ့ နှစ် ပြီးရင် အနှစ်တွေ အများကြီးမပါအောင် တူလေးနဲ့ အနှစ်ခွက်ပေါ် ခဏ ကိုင်ထားလိုက်အုန်း ....ပြီးတော့မှထည့်


အိုးထဲမှာ ဒီတိုင်း မထားနဲ့ မွှေပေး လှိမ့်ပေး ဒီတိုင်းထားရင် တစ်ဖက်က ကျက်ပြီး တစ်ဖက်က မကျက်ဘူး....အကျက်ညီအောင် လုပ်ရတယ်....တောက်လျှောက်ကြီးတော့မွှေစရာမလိုပါဘူး ၂ မိနစ် တစ်ခါလောက်ပေါ့.....ဆိုင်မှာ စားတဲ့ ဗူးသီးကြော်အရောင် မရှိတစ်ရှိဆို ချလိုက်တော့ ရပြီ ဒါပဲ.....အပေါ်မှာကြည့် အဲဒီကာလာထွက်မှ စားလို့ကောင်းတာ

အချဉ်ရည်အတွက် အရင်ဆုံး မန်ကျည်းသီး လက်မတစ်ဆစ်စာ ရေနွေးနဲ့စိမ်ထား (အပြစ်ကြိုက်ရင် ရေနည်းနည်း အကျဲကြိုက်ရင် ရေများများ အကောင်းဆုံးက ထမင်းစားဇွန်းနဲ့ လေးဇွန်းခန့်)

ကြက်သွန်ဖြူ နှစ်တက်

ဂျင်း လက်တစ်ဆစ် လျော့လျော့

ဆား လက်ဖက်ဆားဇွန်း တစ်ဝက်ခန့်

အချိုမှုန့် လက်ဖက်စားဇွန်း တစ်ဝက်ခန့်

ငရုတ် သီး ၇ တောင့် ကို အားလုံး ရောထောင်း


ထောင်းလို့ကြေသွားပြီးရင် မန်ကျည်းသီးစိမ်ထားတဲ့ ပန်းကန်ထဲက မန်ကျည်းသီး အဖတ်တွေဖယ်ပြီး (အနှစ်ပဲယူမယ်) ထောင်းထားတာတွေထည့်

ပြီးရင် ငံပြာရည် လက်ဖက်စားဇွန်း တစ်ဝက်ထည့်

ကြက်ဖ ငရုတ်ဆီ လက်ဖက်စားဇွန်း တစ်ဇွန်းထည့် (အရောင်လှအောင်)

ပြီးရင် နံနံပင်လေး ထည့်လိုက် ဒါပဲ ပြီးပြီ။

3 comments:

:P said...

Thanks u.

:P said...

s ပိုသွားပါလား.. နာရေးခဲ့တဲ့ကောမန့်မှာ :P

naungthu said...

ဖျက်ပေးရအုန်းမလား :P