Sunday, June 28, 2009

သို့

ဆရာမ..
နေကောင်းရဲ့လား....ဆရာမကတော့ ကျွန်တော့်ကို သတိရမယ် မထင်ဘူး... ကျွန်တော် က တော့တစ်နေ့မှမမေ့ပါဘူးဆရာမကို.....ဆရာမလည်း အသက်တွေကြီးလို့ အတ္တ္တတွေလည်း ရော့နေလောက်ပြီလို့ ကျွန်တော် ထင်ပါတယ်..... ဆရာမတို့ ရန်ကုန်ပြောင်းလာကြပြီး ရန်ကုန်မှာ နေနေကြတယ်ဆိုတာ ကျွန်တော့် သူငယ်ချင်း ဆရာမတစ်ပည့် ကိုတောက် ပြောလို့ သိရပါတယ်.... ဟိုးတစ်ခေါက်က ကိုတောက်က ကျွန်တော့် ကို လိမ်ခေါ်လာပြီးဆရာမတို့ အိမ်နားရောက်မှ ဆရာမဆီကို လာတာ ဒီနေ့ ဆရာမတို့ အိမ်မှာ ဆွမ်းကျွေးရှိလို့ ဆိုပြီးပြောတော့ ကျွန်တော် မလိုက်ဘဲ ကားပေါ်မှာဘဲ ထိုင်နေလို့ ဆရာမသိသွားပြီး စိတ်မကောင်းဖြစ်နေတယ်လို့ ကိုတောက်ကကျွန်တော့်ကို ပြန်ပြောလို့ သိရပါတယ်...ကိုတောက် က တော့ အမြဲတမ်း ကျွန်တော့်
ရင်ထဲမှာကလေးထဲကရှိတဲ့ဒဏ်ရာတွေကို ပျောက်စေချင်တဲ့လူဆိုတော့ ကိုတောက်ကို ကျွန်တော် နားလည်ပါတယ်....ဒါပေမယ့် ဆရာမရယ် အဲဒီနေ့ကတော့ ကျွန်တော် ကိုတောက် ကို စိတ်ဆိုးမိတယ် ကျွန်တော် ရင် ထဲမှာ ရှိနေတဲ့ အနာတွေကို ဖြေဖျောက်ဘို့ ဘာလို့ ကြိုးစားနေတာလည်း
ကွှန်တော့်ကို ချစ်တယ် ဆိုရင်လည်း ကျွန်တော့် ကို ဒီတိုင်းဘဲ လွှတ်ထားပေးပါလို့ ကျွန်တော် ပြောမိတယ်.... ကျွန်တော် ဆရာမ အိမ်ပေါ်ကို လိုက်ဖို့ မပြောနဲ့ ဆရာမနာမည်ကို မကြားချင်တာပါ.... ကျွန်တော်
ဒါကြောင့် ကားပေါ်မှာဘဲ ထိုင်နေခဲ့တာပါ.... ဆရာမကတော့ ခုချိန်မှာ အသက်ကြီးပြီဆိုတော့ မာန်တွေကျပြီး သားရယ် ဘာလို့ များ ဒီလောက်တောင် မမေ့နိုင်သေးတာလည်း လို့ မေးရင်လည်းမေးမှာပေါ့.... (ဆရာမအရင်စိတ်နဲ့ဆိုရင်တော့ မေးမှာမဟုတ်ဘူးနော်).....

ဘာလို့ နာတာလည်း မေးရင်တော့ အများကြီးဘဲဆရာမရယ်.... ဆရာမ လုပ်တာတွေကို ကလေး အသိနဲ့ ၀မ်းနည်း . ၀မ်းနည်းတာတွေများလာပြီး မခံနိုင်တော့ ဘဲ အရွဲ့တိုက်ရင်း အရွဲ့တိုက်ရင်းနဲ့ ပတ်ဝန်းကျင်မှာ
လူငချဉ်လေးဖြစ်လာ အဲဒီကတစ်ဆင့် လူဆိုးလေးဖြစ်လာပြီး လုပ်လိုက်တဲ့ အလုပ်တွေက ကျွန်တော် ကြိးလာလို့ ကျွန်တော့်ကို ကျွန်တော် ပြင်ရင်း ပတ်ဝန်းကျင်နဲ့ သင့်မြတ်အောင် လူယဉ်ကျေးတစ်ယောက်ဖြစ်အောင် ကြိုးစားပေမယ့် ဘယ်လိုမှကို မရဘူးဆရာမရယ်.... ကျွန်တော် က ခွေးမြီးကောက် ကျီတောက် စွပ်ဆိုတဲ့ ကောင်မျိုးလိုကို ဖြစ်လို့ပေါ့.....သာမာန်လူတစ်ယောက်လုပ်ရင် ပြောရင် ဘာမှမဖြစ်ပေမယ့် အဲဒါကို ဘဲ ကျွန်တော် က လုပ်ရင် ပြောရင် တစ်ကယ့်လူဆိုးကြီးလိုဘဲပေါ့ ဆရာမရယ်.....ဒီလောက်ဖတ်ပြီးရင်
ဆရာမအရင် လို များ ကဲပြောစမ်းငါကနင့်ကို ဘာတွေများဒီလောက်လုပ်ခဲ့လို့လဲ လို့များ မေးမလားမသိဘူး.... မေးလာခဲ့ရင်လည်း ကျွန်တော် ကပြန်ပြောမှာပါဘဲ လုပ်တာပေါ့ ဆရာမရယ် သိပ်လုပ်တာပေါ့လို့.... ဆရာမရဲ့ အကြီးဆုံးထိုးနှက်ချက်ကတော့ ကျွန်တော့် အဖေ သူငယ်ချင်း ဆရာမ ယောက်ျားကိစ္ခ္ခ နဲ့ပါတ်သက်လို့ ပါ ....ဟုတ်တယ်နော် ဆရာမ...မှတ်မိမယ်လို့ ကျွန်တော် ထင်ပါတယ်....လူကြီးတွေဖြစ်ကြတာဘဲ
ဆရာမရယ် ကျွန်တော့် အပေါ် ဘာလို့ ပုံချခဲံရတာလည်း.....ကျွန်တော် တို့ က၀န်ထမ်း အသိုင်း အ၀န်းကြားမှာ နေခဲ့ကြတာဘဲ ဆရာမကိုယ်တိုင်လည်း အစိုးရ၀န်ထမ်း တစ်ယောက်ဖြစ်ရဲ့သားနဲ့ ဘာလို့နားမလည်ခဲ့တာလည်း.....ဆရာမယောက်ျား ဘေးပေါက်တွေ လုပ်တာများလို့ လူကြီးတွေက နေရာကောင်းကနေဖယ် တစ်ခြားတစ်နေရာမှာ တာဝန်ပေးပြီး ကျွန်တော့် အဖေကို အဲဒီနေရာပေးခဲ့တာပါ... ကျွန်တော့် အဖေက တောင်းဆိုရတာလည်း မဟုတ်ရသလို ဆရာမယောက်ျား ဘေးပေါက် ၀င်ငွေရအောင် ဘယ်လောက်ထိ လွန်လွန် ကျွံကျွံ လုပ်ခဲ့တယ် ဆိုတာ ဆရာမအသိဆုံးဖြစ်မှာပါ..... ဆရာမက ဆရာမယောက်ျားကို လည်း အရမ်းနိုင်တယ်လေ....အဲဒီကိစ္ခ္ခနဲ့တင် ကျွန်တော့် အဖေကို အမုန်းကြီးမုန်း နောက် ကျွန်တော့် ဘက် ဆရာမလှည့်ခဲ့တာဘဲမဟုတ်လား....အခန်းထဲမှာ သချာင်္ လေးတစ်ပုဒ် မတွက်တတ်လို့ ဘေး နားကသူငယ်ချင်းကို မေးတာကို ဆရာမက စကားပြောတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒဏ်ကြေး တစ်မတ် တောင်းတယ်လေ.... ကလေးဘဲဆရာမရယ် မုန့်စားကျောင်းလည်း ဆင်းပြီး ပြီ ကျွန်တော့်မှာဘယ်လိုလုပ် ရှိတော့မှာလည်း....ကျွန်တော် တစ်မတ်မပေးနိုင်တာနဲ့ စကားပြောတဲ့ အတွက် ဆိုပြီး ၅ တန်း ကျောင်းသားတစ်ယေက်ကို ထိုင်ထ အခါ ၄၀၀ လုပ်ခိုင်းတာကတော့ဆရာမရယ်........

ဆရာမမှာလည်း သားလေးတစ်ယောက် ရှိတာဘဲ ကျွန်တော့် နေရာမှာ ဆရာမ သားလေးနဲ့ အစားထိုးပြီးတော့ မမြင်နိုင်တော့ လောက် အောင် ကိုဆရာမရဲ့ အတ္တတွေ ကြီးနေခဲ့တာလား....ဆရာမလုပ်ခိုင်းတာကတော့ ၃၀၀ ပါဘဲ ဒါပေမယ့် ထိုင်ထ အခါ ၃၀၀ လုပ်ပြီးလို့ ကျွန်တော် တစ်ကိုယ်လုံး ထိန်းမရအောင် တုန်နေတာတောင် ဆရာမ မသိချင်ယောင်ဆောင်ပြီး ကျွန်တော့် ကို ၁၀၀ ထပ်လုပ် ခိုင်းတယ်လေ....ကျွန်တော့်ကို ကြည့်ပြီး စိုးရိမ်တဲ့ ရှေ့ဆုံးတန်းက ကျွန်တော့် သူငယ်ချင်းကောင်မလေးကိုတောင် ကျွန်တော်နဲ့ ရောပြီး မပြည့်သေးဘဲနဲ့ ပြည့်တယ်လို့ ကူညာတယ်ဆိုပြီး ဆရာမ သူ့ကို ထိုင်ထ ၁၀ ခါလုပ် ခိုင်းသေးတယ်နော်.....

တစ်တန်းလုံးကိုလည်း သူ့ဘက်က ကူပြီးညာရင် ဒီလိုဘဲ အပြစ်ပေးမယ်ဆိုတော့ ဘယ်သူကပြောရဲတော့မှာလည်း
ဆရာမရယ်....ကလေးတွေကိုး နောက် ဆရာမက ဆရာမကိုး.........ကျွန်တော့် သူငယ်ချင်း ကောင်မလေး ဆရာမတစ်ပည့်လေးလည်းခုဆို ဆရာဝန်ကြီတောင်ဖြစ်နေပါပြီ... သူနဲ့ပြန်တွေ့တုန်းက ကျွန်တော်က ဒီအကြောင်းတွေကို နာနာကျင်ကျင်ပြောပြလို့ သူကမျက်ရည်တွေတောင်ဝိုင်းလို့....သူငယ်ချင်းရယ်
ဒါတွေမေ့လိုက်ပါတော့လို့ ပြောရှာပါတယ်..... ဆရာမဒဏ်ပေးတဲ့ နေ့ကတော့ ကျွန်တော့် အတွက် တစ်ကယ့်ကို ငရဲခန်းပါဘဲ...... တစ်တန်းလုံးကငြိမ်ပြီးစာလုပ်နေတဲ့ အချိန် အတန်းရှေ့မှာ ထိုင်ထလုပ်နေတဲ့ ကျွန်တော့်ကို လှမ်းလှမ်းကြည့်ကြတဲ့ အတန်းဖေါ်သူငယ်ချင်းလေးတွေရဲ့ အကြည့်တွေကို ရှက်တာရယ် ၅ တန်း ကျောင်းသားနဲ့ မမျှတဲ့ ပြစ်ဒဏ်ကို လုပ်နေရတဲ့ ကျွန်တော့် တစ်ကိုယ်လုံး နာကျင်နေရလို့ တစ်ကယ့်ကို ငရဲခဏ့်းပါဘဲ ဆရာမ...... ထိုင်ထလုပ်ပြီးလို့ ကျွန်တော့် ခုံကျွန်တော် ပြန်ထိုင်နေပြီး ကျောင်းဆင်းသွားတဲ့ နောက်ပိုင်းကိုတော့ ဆရာမ မသိတော့ဘူးနော် ကျွန်တော် ပြောပြပါအုန်းမယ်....ထိုင်ထလုပ်ပြီးလို
ကျွန်တော့် ခုံကို တောင်ကျွန်တော် ပြန်လမ်းမလျှောက်နိုင်တော့လို့ ကျွန်တော့် ဘေးနားမျာ ထိုင်တဲ့ သူငယ်ချင်း ၂ ယောက် ကလာတွဲရတာတော့ ဆရာမ မြင်ပါတယ်...

နောက် ကျောင်းဆင်းခေါင်းလောင်းထိုးလို့ အားလုံး နှုတ်ဆက် အပြိး ဆရာမကတော့ ဆွဲခြင်းလေး ဆွဲလို့ အေးအေးဆေးဆေးဘဲ ထွက်သွားတာပေါ့.... အတန်းဖေါ် သူငယ်ချင်းလေးတွေကလည်း ကလေး ဘဲ ဆရာမရယ် ကျောင်းဆင်း ခေါင်းလောင်းထိုးတာနဲ့ သူ့ထက်ငါအရင် ဦးအောင်ပြေးကြတာပေါ့.... နောက်ဆုံး အတန်းထဲမှာ ကျန်ခဲ့တာ ကျွန်တော် တစ်ယောက်ထဲပါ..... ကျွန်တော် မှ လမ်းမလျှောက်နိုင်တော့ဘဲ.... ဆရာမရယ် စဉ်းစားကြည့်ပါ တစ်ဖြည်းဖြည်း နဲ့ တိတ်ဆိတ်လာတဲ့ ကျောင်းဝန်းထဲမှာ ကလေး တစ်ယောက်အနေနဲ့ ကျွန်တော် တော်တော် ချောက်ခြားခဲ့ပါတယ်.... နောက်ဆုံး ကျွန်တော့် အမေဆီရောက်မှ ဖြစ်မယ် ဆိုတဲ့ အတွေးနဲ့ ကျွန်တော် ၄ ၅ လှန်းလောက် လျှောက်လိုက် ဖင်တစ်ရွတ်ဆွဲပြီးသွားလိုက်နဲ့ ဆရာမသိတဲ့ အတိုင်း ကျွန်တော် တို့ အိမ်တွေ နဲ့ ကျောင်းကြားမှာ ရှိတဲ့ တောအုပ်ထဲရောက်မှ ကျွန်တော့်ပြန်မရောက် သေးလို့ စိတ်ပူပြီး လိုက်လာတဲ့ အမေနဲ့ တွေ့ပြီး ကျွန်တော့်ကို အမေကချီပြီး ပြန်ခေါ်လာလို့ အဲဒီနေ့ကအိမ်ပြန်ရောက်ခဲ့တာပါ... အမေကလည်း ကျွန်တော့်ကို အဲဒီလို မြင်လိုက်ရတော့ ငို ကျွန်တော် ကလည်း အမေ့ကို တွေ့တော့ စိတ်ကို
လျှော့ချလိုက် ပြီး ငို ကျွန်တော်တို့ သားအမိ ၂ ယောက် ငိုပြီး အိမ်ပြန်ရောက်ခဲ့တာပေါ့.........

အဲဒီကီစ္ခကစလို့ ကျွန်တော့်ဘ၀လမ်းကြောင်းတွေ လည်း ပြောင်းလည်း ခဲ့တာပါ ဆရာမ.....အဲဒီနောက် ပိုင်း
ကစလို့ လူဆိုး လူပေ ငတေ လေး ဖြစ်လာ တာပေါ့...တစ်ခုတော့ ကောင်းပါတယ် လေကျွန်တော် ဒီလို တွေ နင်းကန် လျှောက် လုပ်ခဲ့လို့ တန်ဖိုးရှီတဲ့သင်ခန်း စာတွေအများကြီး ရခဲ့ တာကို တော့ ကျေးဇူးတင်ပါတယ်.....အဲဒီနေ့ညနေအကြောင်းကို ဆက်ပြောရအုန်းမယ် ....ဆရာမလည်း သိတော့
သိပြီးသားတွေဖြစ်မှာပါ.....ကျွန်တော်နဲ့ အမေ အိမ်ပြန်ရောက်တော့ အမေ ကကျွန်တော့် ကို ချပြိးတာနဲ့ မီးဖိုချောင်ထဲသွားပြီး သူအသားခုတ်တဲ့ ဓားမယူပြီး ဆရာမ အိမ်ကို တန်းပြေးတော့တာပါဘဲ...အမေ စိတ်ကြီးပေမယ့်အဲဒီနေ့က စီတ်ကြိးတာလောက်ကို တော့ ကျွန်တော် ဒိနေ့ ထိထပ်မမြင်ဘူးတော့ဘူး.....အမေ အဲဒီလောက် ဖြစ် နေတော့ဘေးအိမ်ကအိမ်နီးနားချင်းတွေက ၀ိုင်းဆွဲပေမယ့် ဘယ်လိုမှကို မရတော့လို့
ဆရာမအိမ်ကို ဖုန်းဆက် ဆရာမဘေးအိမ်နား ကလူတွေက ဆရာမကိုတံခါးပိတ်ပြီးတော့ အိမ်ထဲမှာ ဖွက်ထားခဲ့ရတဲ့ အဆင့်ထိဘဲနော်ဆရာမ.....နောက်တော့ ကျွန်တော့် အဖေကို ဖုန်းဆက်ခေါ် သူကြီးတွေ
ကိုယ်တိုင်လည်း ရောက်လာလို့ သာတော် တော့တယ်......လူကြီးတွေကလည်းအိမ်ထိလိုက်လာပြီး ဖျောင်းဖျ အမေကလည်း ကျွန်တော့်ကို ပြပြီး ကျွန်မသားလေးကို ကြည့်ပါအုန်းဆိုပြီး ငိုငို ပြီးပြော ကျွန်တော် ကလည်း နဂို
ဓာတ်ခံ ရယ် အမေငို နေတာကို ကြည့်ပြီး ၀မ်းနည်း လို့ ငိုတာရယ်အမေရှီတယ်ဆိုပြီး အမေ့ကို နွဲ့ချင်တာနဲ့ တစ်ကယ် ခံစားရတာထက်ပိုခံစားပြ...... အမေ က ပြောရင်းပြောရင်းနဲ့ ဇာတ်ရှီန်တက်နေတုန်း
အဖေက လူဆိုတာမှားတတ်ပါတယ် ကွာစိတ်ကို လျှော့ချလိုက်ပါ တရား နဲ့ဖြေပါသွားလုပ်လို့ ဒေါသကအဖေ့ဘက်လှည့်သွားလိုက်တာ လူကြီးတွေမှာတော်တော်ရှင်းယူလိုက်ရသေးတယ်.......

နောက်နေ့ဆရာမကအမေ့ကိုတောင်းပန်ချင်တယ်ဆိုတာကိုအမေကလက်မခံဘူးနော်...အဲဒီကစတာပါဘဲ....
အမေကမြို.နယ်ပညာမှုးဆီတက်တိုင် မြို့နယ် ပညာရေးမှုးက ဆရာမကိုပြစ်ဒဏ်လည်းပေးလိုက် ရော ကျွန်တော် က ကျောင်းကဆရာ ဆရာမတွေ
ကြားထဲ ကျောင်းသားတွေ ကြားထဲမှာ ပေါ်ပြူလာလည်း ဖြစ် ချဉ်ဖတ်လေးလည်းဖြစ်လို့ ပေါ့ ဆရာမရယ်....ဒီကစလို့ ကျွန်တော် နောက်ဆုံးနေခဲ့တဲ့ ၈တန်းနှစ် ထိ ကျွန်တော့် စာအုပ်မှာ အမှန် ခြစ် အမှားခြစ်မရှီခဲ့ပါဘူး.....ဆရာမ နဲ့ပြသနာတက်ခဲ့တဲ့ဒဏ်တွေပေါ့....ကျွန်တော့မှာခံစားလိုက်ရတာဆရာမရယ်....ဆရာမကိုလည်း ရင်ထဲမှာ
ပိုပိုနာလာခဲ့တယ်....ကျွန်တော် ကျောင်းသားတစ်ယောက်ဘဲ ကျွန်တော် လုပ်တဲ့ကျောင်းစာတွေ မှန်လား မှားလားကျွန်တော် သိချင်တာပေါ့ တစ်ခြား အခန်းဖော်တွေဆရာ နားမှာ ၀ိုင်း အုံပြီး ပြရင် ကျွန်တော် လည်း ပြချင်တာပေါ့ကျွန်တော် သွားပြတိုင်း စာအုပ် လွှင့် ပြစ်တဲ့ ဆရာနဲ့ ကျွန်တော့်စာအုပ်ကို ဘေးဖယ်ထားတဲ့ ဆရာနဲ့. ....ကျွန်တော့်ကိုကျဉ်တယ်ဆုံးမတယ်ပေါ့လေ....ထိရောက်ကျပါတယ်.....တော်ကြပါတယ်....မနက်ဖြန်လို
စာပြန်ရမယ်ဆို ဒီနေ့ ညကျွန်တော် ညက်ညက်ကျေအောင် ကျက်ခဲ့တာပါကျွန်တော့် စာပြန်ချင်လို့ပါ.....အတန်းထဲမှာ တစ်ယောက်ပြီးတစ်ယောက်တစ်အုပ်စု ပြီး တစ်အုပ်စု သာပြီး သွားတယ် ကျွန်တော့်ကို ကျတော့ မခေါ်ကြဘူးနော်......ရှေ့ဆုံးတန်းမဟုတ်ပါဘူး ကျွန်တော်အလယ်တန်းလောက်လေး ထိုင်ချင် .. ထိုင်နေတာတောင်ဆရာမတို့မှာ ရှီတဲ့ဗီတိုအာဏာနဲ့ ဘာလို့ ကျွန်တော့်ကို နောက်ဆုံးတန်းမှာ သွားထိုင်ခိုငိးကြတာလည်း ကျွန်တော် နားမလည်ခဲ့ဘူး ဆရာမရယ်.....ကျွန်တော်လည်း
ကြာတော့ မခံနိုင်တော့ဘူးလေ....ကလေးအသိဥာဏ်နဲံ တတ်နိုင်သလောက်လိုက်ညှိကြည့်တာ ဘယ်လိုမှ အဆင်မပြေတော့ ရွတ်ချင်လာတာပေါ့...ကျွန်တော့်အခြေခံ စိတ်ဓာတ်မကောင်းတာလည်း ပါမှာပါလေ.......ကျွန်တော် က ရွတ်လေဆရာမတို့ကကျွန်တော့်ကို လူဆိုး ဒီကောင်က ဒီကောင်နဲ့
မပေါင်းကြနဲ့ဆိုလို့ နောက်ဆုံးကျွန်တော့်မှာ အမြဲတန်း နောက် ဆုံးတန်းမှာကျွန်တော် တစ်ယောက်တည်း ထိုင်ရတဲ့ ထိကိုရောက်သွားတယ်နော်......

ကျွန်တော်ကလည်း အဲဒီတုန်းကတော့ ကောင်းတယ်ဘယ်သူမှ လာမထိုင်ကြနဲ့ ငါတစ်ယောက်တည်း အကျယ်ကြီး ထိုင်ရတယ် ဆိုပြီးခတ်ရွတ်ရွတ်ပါဘဲ.....ကျွန်တော့်ကို ငေါက်ပြီဆို လှည့်လှည့် ကြည့်
ကြတဲ့ အတန်းဖေါ် သူငယ်ချင်းလေးတွေကို စိတ်ဆိုးတာတောင်တော်တော်နဲ့မပျောက်နိုင်ဘူး....ခုနောက်ပိုင်းတော့လည်း သြော်သူတို့လည်း ဆရာတွေ
ကြောက်၇တော့ ဘက်လိုက်ပြီး ဖားတာနေမှာပေါ့ ဆိုတဲ့ အတွေးနဲ့ဘဲဖြေလိုက်ပါတယ်.....ဒါပေမယ့် ကျွန်တော် ကို ခုံပေါ်တက်မတ်တတ်ရပ်ခိုင်းတိုင်း လှည့်ကြည့် လှည့်ကြည့်လုပ်တဲ့ လူမှန်သမျှ ဆရာတွေ
ရှေ့ အတန်းထဲမှာ တင် ငါ-ိုးမသားတွေ-ီးကြည့်တာလားဆိုပြီး ဆဲလို့ကျွန်တော့် သူငယ်ချင်းလေးတွေ ကျွန်တော်ကို မပေါင်းရဲကြတော့လို့ကျွန်တော် တစ်ယောက်တည်း ဖြစ်ခဲ့ရတာကတော့
အသေအချာပါဘဲ.....တစ်ခုတော့ကောင်းပါတယ်လေ ပေါင်းမယ့်လုသိပ်မရှီတော့လို့ အမေ့ နားပိုကပ်ရင်း မီးဖိုချောင်မှာ အမေ့ ကိုကူလုပ်ပေးရင်းနဲ့ ကျွန်တော် ထမင်းချက် ဟင်းချက်တော့ တော်တော် လေး
တတ်ခဲ့တာတော့ အမြတ်ပေါ့လေ......ကျွန်တော် ၇ တန်းရောက်တော့ အဆိုးထဲကအကောင်းလို့ ဘဲပြောရမှာဘဲ ကျွန်တော် နည်း နည်းတော့ကံကောင်းခဲ့ပါသေးတယ်...ဆရာမ မှတ်မိမှာပါ....ရန်ုကုန် က
ပြောင်းလာတဲ့ ဆရာမဖိုးဝရုပ်လေ....ဆရာမဖိုးဝရုပ်ကရန်ကုန်ကလည်း ပြောင်းလာ ပြီးတော့ရန်ကုန်သူဆိုတော့ နယ်ကျောင်းကတော့အပျော့ပေါ့....သူကကျောင်းအုပ်ကြီးတောင်သိပ်ဂရုစိုက်တာမဟုတ်ဘူးလေ.....သူက
ရောက်ရောက်ချင်းကျောင်းအခြေအနေ မေးဘာညာနဲံ နောက်ဆုံး ဆရာမတို့ ကျွန်တော့် အကြောင်းကို
ပြောလိုက်တယ်လို့ ဆရာမဖိုးဝရုပ်က ကျွန်တော့်ကိုပြောပြတယ်....သူကလည်း ရောက်စဆိုတော့ဘယ် သိမလည်း သူ့အမေ ဘာဖြစ်ဖြစ်ဒိကောင် ဘယ်လောက်ဆိုးဆိုး ကျွန်မနဲ့တွေ့မယ် ဆိုပြီး
ကြုံးဝါးတာဘဲ....

ဒါပေမယ့် ကျွန်တော် ခေါင်း ဆင်နင်းခံရတယ်လို့တော့အိမ်မက် မမက်ခဲ့ဘူး...ဆရာမဖိုးဝရုပ်က ကျွန်တော်တို့ အတန်းပိုင်မဟုတ်ဘူးလေ....ဒါပေမယ့် သူ သင်ရမယ့် အချိန်ရောက်လို့ ကျွန်တော်တို. အခန်းထဲကို စ၀င်ရတဲ့နေ့မှာ တွေ့တာပါဘဲ....ကျွန်တော်တို.လည်းသတင်းတွေကြားရတာပေါ့ ဆရာမဖိုးဝရုပ်က အခန်းတိုင်းမှာရန်ကုန်ကလာတာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတော့ အဲဒါတွေပြန်ကြားပြိး
ကြောက်နေတာပေါ့.....ကျွန်တော်တို့ အခန်းထဲစ၀င် ရတဲ့ နေ့ကထုံးစံအတိုင်း ကြုံးဝါးပြီးတော့ ဆရာမရဲံ ကျေးဇူးနဲ့ နာမည်ဘယ်သူဆိုတာ ဘယ်ကောင်လည်းဆို ပြီး ကျွန်တော့် နံမည်ကို ပြောပြီး မတ်တတ်
ရပ်ခိုင်းပါလေရော.....ကျွန်တော်လည်း ဆရာမဖိုးဝရုပ်ကိုတော့ ကြောက်တာနဲ့ သားပါဆရာမဆိုပြီး
မတ်တတ်ရပ်ရတာပေါ့ဆရာမရယ်......ကြောက်အာလန့်အားနဲ့ သားလို့ သုံးမိတဲ့အထိပါဘဲ......ဆရာမ ဖိုးဝရုပ်က အေးမင်းငါ့အခန်းထဲပြောင်းဆိုြ့ပီး ကျွန်တော့်ကို ပြောင်းခိုင်းတာပေါ့.....ဆရာမကတော့
အဲဒီအချိန်တုန်းကတော့ ၀မ်းသာနေမှာဘဲနော် ဒီကောင်တော့နာပြီဆိုပြိး......ဒါနဲ့ ဆရာမဖိုးဝရုပ်က
အခန်းထဲပြန်ရောက်လာတော့ ဟိုကောင်ရှေ့ထွက်ခဲ့ဆိုပြီး ကျွန်တော့်ကိုကျောင်းသားဆိုတာ အင်္ကျီအပြင်ထုတ်မ၀တ်ရဘူးဆရာမအခန်းထဲမှာလိမ်လိမ်မာမာနေ နော်သား ညနေ ဆရာမနဲ့ အတူပြန်မယ်
ဆရာမ ခြင်းတောင်းဆွဲဆိုတော့ ကျွန်တော် တော်တော် ပျော်သွားတာပေါ့ဆရာမရယ်....ဆရာမလုပ်လို့ သားလို့ ဆရာတွေဆီက ခေါ်တဲ့အသံမကြားရတာလည်း ကျွန်တော့်မှာ နှစ်ပေါက်နေပြီ မဟုတ်လား.....

ညနေကျတော့ ကျွန်တော် လည်းဆရာမ ဖိုးဝရုပ် ရဲ့ ခြင်းတောင်းလေးဆွဲပြိး ဆရာမဘေး ကမြောက်ကြွှမြောက်ကြွနဲ့ လိုက်ခဲ့တာပါဘဲ...ဆရာမတို့လည်း တော်တော် အံ့သြနေမှာပေါ့.....ကျွန်တော်လည်း တော်တော် ပျော်ပါတယ်....ဆရာမတွေနဲ့တစ်ခြား ကျောင်းသားတွေ ရုံးရုံး လုပ် နေတာတို့ ဆရာမ နောက်မှာ ကျောင်းသားတွေ ခြင်းတောင်းဆွဲလို့ လိုက်သွားကြတာမြင်ရင် ကျွန်တော် လည်း လိုက်ချင်ခဲ့တာ ခုမှ ဆန်ဒပြည့်ခဲ့တာကိုး...မင်းရှီလို့ ငါ့ကျူရှင်မှာ လူမလာတာဆိုပြီး ကျွန်တော့်ကို ပြောလို့ ကျွန်တော် ကျူရှင်မတက်ရတာလည်း ကြာပြီလေ.....ဆရာမ ဖိုးဝရုပ်က ကျွန်တော့်ကို ဘာလို့ ဒီလိုဖြစ်သွားတာလည်း ခုထိဆရာမ မသိသေးဘူးနဲ့တူပါတယ်....ဆရာမ ဖိုးဝရုပ် ရဲ့ အမျိုးသား ကျွန်တော့် အခေါ် ဦးဦး ကောင်းတာလည်း ပါပါတယ်...ဆရာမ ဖိုးဝရုပ်က ကျောင်းမှာ ဒီလို ဒီလို ဆိုးတဲ့ ချာတိတ်တစ်ယောက်ရှီတယ် ဆိုပြီး ကျွန်တော့် အကြောင်းပြောတော့ ဦးဦး က ဒီလောက်ဆိုးနေတာ အကြောင်းတော့ ရှိမှာပါ ဆိုးလို့ ပြစ်ပယ်ထားတဲ့ကလေးတစ်ယောက်ကို ဆက်ပြီး ပြစ်ပယ်ထားမယ်ဆိုရင် ပို ဆိုးသွားမယ် မေတ္တာနဲ့ ပြုပြင်ကြည့်ပါအုန်း၊နောက် ကလေးရဲ့အဖေ ကလည်း တစ်ရုံး တည်း အတူတူ လူကောင်းပါလို့ ပြောတာရယ် ပါပါတယ်....

နောက် ဆရာမတို့ အမြင်ကပ်တဲ့ ကျွန်တော့် ပါးပေါ်က အမေကွက်ကွက်ပေးလိုက်တဲ့ သနပ်ခါး ပါးကွက်ကျားကြီးနဲ့ ကျွန်တော့် ကိုလည်း ဆရာမ ဖိုးဝရုပ် က မြင်မြင်ခြင်းချစ်သွားတယ်လို့ ဆရာမဖိုးဝရုပ်ကပြန်ပြောပြပါတယ်.....ကျွန်တော့် အတွက်တော့ တကယ့်ကို ဆရာမ ဖိုးဝရုပ်က ဘုရားပေးတဲ့ဆုလာဒ်ပါဘဲ ကျူရှင်မသင်တဲ့ ဆရာမက ကျွန်တော် တစ်ယောက်တည်းကို သူ့အိမ်မှာ နေခိုင်းပြီးသင်ပေးခဲ့တယ် လေ....အဖေနဲ့အမေ ရှေ့ကလွဲရင် ကလေးလို မနေတတ်တော့တဲ့ ကျွန်တော် ဆရာမ ဖိုးဝရုပ် အိမ်မှာ ကလေးလို ပြန်နေခဲ့ရပါတယ်....ကျွန်တော်ပျော်ခဲ့ပါတယ်....အမေကလည်း ကျွန်တော့် အတွက် ပျော်ပြီး ဆရာမ ဖိုးဝရုပ်ကို ကျေးဇူးတွေ အထပ်ထပ်တင်လို့ပေါ့...ဆရာမ တို့ အမြင်ကပ်တဲ့ ကျွန်တော် ဆရာမ ဖိုးဝရုပ် မျက်နှာနဲ့ ဆရာမတို့ကို ကလန်ကဆန်လည်းပြန်မလုပ်ခဲ့ပါဘူး....ကျွန်တော့် ဆရာမ ဆုံးမတာရယ် ဆရာမတို့ ကို ကျွန်တော့် ဂေါင်းထဲ ကထုတ်ထားတာရယ်ကြောင့် ကျွန်တော့် စိတ်ထဲမှာ ဘယ်လိုမှ မရှီခဲ့ပါဘူး....ကျွန်တော့် ဆရာမနဲ့ ကျွန်တော် ပျော်နေတာပါဘဲ....ကျွန်တော့် ပုံ စံကဘဲ ဆရာမတို့ အမြင်မှာ ဘယ်လိုမှ ကြည့်မရခဲ့တာလား ကျွန်တော် ကဘဲ ဒေါင့်မကျိုးတာလား ကျွန်တော် စဉ်းစားလို့ မရခဲ့ဘူး...

ကျွန်တော် ဆရာမတို့ ကျောင်းမှာ နောက်ဆုံး နေခဲ့တဲ့ နှစ်က နည်းပေါင်းစုံ နဲ့ လုပ်ခဲ့လို့ ကျွန်တော် နောက် ပြောင်းရတဲ့ ကျောင်းမှာ လည်း လိမ်လိမ် မာမာ နေချင်ပေမယ့် ဘယ်လိုနေနေ အမြင်ကပ် ခဲ့တဲ့ ကျွန်တော့် အတန်းပိုင်ဆရာမနဲ့ ကျွန်တော် ကြုံခဲ့တာပေါ့....ကျွန်တော် ၈ တန်း နှစ် ရောက်တော့ ဆရာမသူငယ်ချင်း က ကျွန်တော့် အတန်းပိုင် ဖြစ် ကတည်းက ကျွန်တော် သွားပြီဆိုတာ သိပါတယ်.....ကျွန်တော့် ဆရာမကတော့ အားပေးပါတယ်...ဒါပေမယ့် ဆရာမရယ် သူလည်း ဆရာမတစ်ယောက်ဘဲ ဘောင်ထဲကလုပ်သွားရင် သူ ဘာလုပ်လို့ ရမှာ လည်း.....ကျွန်တော် တို့ ကျောင်းဖွင့်လို့ ပြန်တက်တာနဲ့ စတာပါဘဲ.....ကျွန်တော်နဲ့ မထိုင်နဲ့ ကျွန်တော် နဲ့ ပေါင်းရင် ကျွန်တော့် လို လူဆိုး လူပေ ငတေ ဖြစ်မယ် နဲ့ပြောတာပါဘဲ...ဆရာမ အတွက် သူငယ်ချင်းကောင်းပါဘဲ....အတန်းထဲမှာ ကျောင်းသားတွေရဲ့ ပိုက်ဆံနဲ့ မြီးရှည် လုပ်စားတော့ ကျွန်တော်တို့ ကို ကြက်သားမျှင်လေးတွေ ထည့်ပေးပြီး ဆရာမတို့ရဲ့သားလေးတွေ သမီးလေးတွေ ကို ကြက်ပေါင်ကြီးတွေ ပေးကိုက်ထားတာ မြင်တော့ ငါတို့က ပိုက်ဆံလည်းပေးရသေးတယ် ကြက်သားကျတော့ အမျှင်ဘဲစားရတယ် သူတို့ကဆရာမဆိုပြီး အလကားလည်းစားသေးတယ် သူတို့သားသမိးတွေ ကျတော့ ကြက်ပေါင်ပေးထားတယ်ဆိုပြီး ကြက်ပေါင်တွေ ကို သူငယ်ချင်းတွေကို ဝေပေးခဲ့တဲ့ ကျွန်တော့်ကို အလှု လက်ဖက်နဲ့ မျက်နှာ လုပ်ချင်တဲ့ ဆရာမသူငယ်ချင်း မျက်နှာပျက်ပြီး ကျွန်တော့် ကို မျက်မုန်း အကျိုးကြီး ကျိုးတာလည်း မဆန်းပါဘူး ......

ပို ဆိုးတာက ကျွန်တော် ရဲ့ အဖေ ဆရာမတို့ ရဲ့ ယောက်ျားတွေ လုပ် နေတဲ့ ဌာန မှာ အထက်အရာအရှိ အဖြစ် ရောက်လာတဲ့ ဦးဦး ရဲ့ သားက ဘယ်လို ပြောပြော ဖေဖေ က နောင်သူ နဲ့ ဘဲ ထိုင်ရမယ်ပြောတယ် ဆိုပြီး ကျွန်တော် နဲ့ဘဲ ထိုင်တော့ဆရာမတို့ မှာ ပြောရခက်ကြီးဖြစ်နေတာပေါ့.....ဦးဦး က ကျွန်တော့် အဖေ နဲ့ တစ်ရွာတည်း သားပါ......ဆရာမတို့လည်း ဖားဘို့ အခွင့် အရေးလေးတွေ လျော့တာကိုး......ကျွန်တော် လည်း ပြောပါတယ် ဟေ့ကောင် မင်းငါနဲ့ မထိုင်နဲ့လို့ ....သူ့ ဟာသူ ကျွန်တော်နဲ့ဘဲ ဇွတ် ထိုင်ချင်တာကတော့ ကျွန်တော်လည်း မတတ်နိုင်ဘူးပေါ့ ဆရာမရယ်....ရီတော့ ရီစရာပါ ဆရာမ ငလုံး က အတန်းထဲမှာ ဟေ့ကောင် ငါအီး အကျယ် ကြီး ပေါက်ချင်တယ်ဆိုတော့ ကျွန်တော် ကပြောပါတယ် မလုပ်နဲ့ တော်ကြာ ငါမြှောက်ပေးတယ် ဖြစ်နေမယ် အေးအေးနေပါကွာဆိုတာ ဟိုကောင်ကမရဘူး ပေါက်ချင်တယ် ဇွတ်လုပ် တာနဲ့ ကျွန်တော် လည်း အဲဒီလောက်မှ ပေါက်ချင်နေတာ ပေါက်ကွာ ဆိုတော့ ဟိုကောင်ကလည်း တစ်ကယ်ပေါက်ပါတယ်....

တစ်တန်း လုံး လည်း ၀ိုင်းရီပေါ့ ဆရာမရယ် ဟို ကောင်ကလည်း တမင်ကို ပေါက်နေတာပါ အီးကြောကလည်း တော်တော် ရှည်ပါတယ် တစ်တန်းလုံး ၀ိုင်းရီနေပေမယ့် သူ ကတော့ ခပ်တည်တည်ပါဘဲ တစ်လုံး ပေါက်ပြီးလိုက် ခဏနေလိုက် နောက်တစ်လုံးပေါက် လိုက်နဲ့ တော်တော်နဲ့ကို မပြီးပါဘူး...ဒါပေမယ့် ဆရာမသူငယ်ချင်း လုပ် တာနဲ့ ကျွန်တော့် သူငယ်ချင်း ငလုံး လည်း အင်တာနေရှင်နယ် တန်းဝင်သွားတော့တာဘဲ ....ဆရာမသူငယ်ချင်းကပြောပါတယ် တစ်တန်းလုံးကို အီးပေါက်တယ်ဆိုတာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ဒါကောင်းတဲ့ အချက်ဘဲ နိုင်ငံတိုင်းမှာ အီးပေါက်တာကို မကောင်းမမြင်ဘူး လေချင်တက်တာကို မှ မကောင်းမြင်တယ် ဘာညာလုပ်တော့တာပါဘဲ....ဟိုကောင်ကလည်း ဟုတ်တယ် ဆရာမ ဖေဖေ ကလည်း ပြောတယ် ဘာညာစွတ်လုပ်တော့တာပါဘဲ...သူ့ အဖေ ကလည်း ၇ နှစ်လောက် နိုင်ငံခြား ပြင်ညာတော်သင် သွားခဲ့တဲ့ တာဆိုတော့ သူကလည်း သူ့ အဖေ က ပြောတယ် ဘယ်မှာဆို ဘယ်လို ဆိုပြီး စွတ်တင်တာပါဘဲ ရုပ်တည် နဲ့ တစ်ကယ်က သူရုပ်ပြောင်လုပ်ချင်လို့ လုပ်ခဲ့တာပါ အဲဒါကို အတည် ပေါက်ကြီးနဲ့ပြော ဆရာမသူငယ်ချင်းကလည်း ဟုတ်တယ် အင်တာနေရှင်နယ်မှာ ဘာဖြစ်တယ် ညာဖြစ်တယ်လုပ်တော့မှ ကျွန်တော် လည်း တစ်ကယ် ရီချင်လာတာပါ....စိတ်ထဲမှာလည်း အင်း ငါသာဆိုရင် ရစရာမရှိအောင် အပြောခံရမှာလို့ တွေးမိခဲ့သေးတယ်.....

အဲဒီနေ့ ညနေက ဆရာမဖိုးဝရုပ် ကသားညနေအိမ်လာခဲ့ ဆိုလို့ ကျွန်တော် သွားတော့ ဆရာမ ဖိုးဝရုပ်က ပြောတာပေါ့...ဆရာမသူငယ်ချင်း က တိုင်တယ် ရှင့် တစ်ပည့် က ငလုံးကို အတန်းထဲမှာ မြှောက်ပေးတယ် နေ့လည် က ဒီလိုဘဲဆိုပြီး တိုင်တယ် အဲဒါ သားဟုတ်လား ဆိုတော့ ကျွန်တော် တော်တော် လည်း အံ့သြ ဆရာမ ကော ဆရာမသူငယ်ချင်းကို ကော ကျွန်တော့် ရင်ထဲမှာ တော်တော် မုန်းသွားတယ် ဆရာမ....ဆရာမတို့နှယ်ဗျာ ကျွန်တော့်ကို ဒီလောက်ဘဲ အမြင်မကြည်ခဲ့ရသလား.....ဆရာမတို့ လုပ်ခဲ့တာအတွက် လိပ်ပြာသန်ုတယ်ဆိုရင်တော့လည်း ပြီးတာပါဘဲ.....ကျွန်တော်ကတော့ ဒီအဖြစ်တွေကို မေ့လို့ ကို မရဘူး.....နောက် ကျွန်တော် လုပ်ခဲ့တာအတွက်လည်း ဆရာမတို့ ကောင်းမှုနဲ့ ကျွန်တော် နောက် ပြောင်းတဲ့ ကျောင်းမှာ စတား ၃ ခု နဲ့ရောက်ခဲ့တာကလည်း မေ့လို့မရဘူး....ကျွန်တော်လည်း မှားခဲ့ပါတယ် ဒါပေမယ့် ဆရာမသူငယ်ချင်းလုပ်တာကိုတော့ ဆရာမတို့ မျက်ကွယ်ပြုထားတယ်.....

တစ်ရက် ကကျွန်တော် လည်း သေးအရမ်းပေါက်ချင်နေပြီ လူတိုင်းလည်း ထွက်လို့ရတယ် ကျွန်တော့် ကိုကျမှ ထွက်လို့ မရဘူးဆိုတော့ ကျွန်တော် မစဉ်းစားတတ်ဘူး.....ကျွန်တော့် ဘေးနားထိုင်တဲ့ ငလုံး က ကျွန်တော်နဲ့ သူသွားမယ် ပြောတာတောင် ငလုံးကို သွားခွင့် ပေးတယ် ကျွန်တော့်ကို ကျတော့ သွားခွင့်မပေးဘူးဆိုတော့ ကျွန်တော် ဆရာမသူငယ်ချင်းကိုလည်း တော်တော်စိတ်တိုပါတယ်....ဒါပေမယ့် ကျွန်တော် မသွားပါဘူး.....နောက်ဆုံး ကျွန်တော် ဘယ်လိုမှ မနေနိုင်တော့ တာနဲ့ ဆရာမကျွန်တော် သွားပါရစေဆိုတော့ ဆရာမ သူငယ်ချင်းက သွားခွင့် မပေးဘူး ငါ့များဘာမှတ်နေလည်း ဆိုတော့ ဆိုင်မှမဆီုင် တာ ဆရာမရယ် ကျွန်တော် သေးပေါက် ချင်တာနဲ့ သူ့ကို ဘာထင်ရတာနဲ့...ကျွန်တော်လည်း သွားခွင့် မပေးရင် အခန်းထဲမှာ တင် ပေါက်မယ်ပြောတော့ သူကလည်း သတ္တိ ရှိရင်ပေါက်လိုက်လေဆိုလို့ ပေါက်ကလည်း ပေါက်ချင် စိတ်ကလည်းပေါက်လာတော့ အခန်းထဲတင်ပေါက်လိုက်တာပေါ့....ဒါနဲ့ဘဲ ကျွန်တော်လည်း ရုံးခန်းရောက် အဖေလည်း လက်မှတ်လာထိုးပေးလိုက်ရတာပါဘဲ.....အဲဒါလေးတွေကဘဲ ကျွန်တော့် ရဲ့ ရှေ့ခရီးမှာ အဖုအထစ်လေးတွေဖြစ်ခဲ့ရတာပါဘဲ....ကျွန်တော် လည်း ဆရာမက စတဲ့ဇာတ်လမ်းလေးမို့ ဆရာမကို မေ့လို့ကို မရခဲ့ပါဘူး....တစ်နေ့နေ့မှာတော့ ဆရာမရဲ့ ရင်ထဲကို စူးလေးတစ်ချောင်း စိုက်ပေးဘို့ ကျွန်တော် ရည်ရွယ်ထားပါတယ်....အကျိုးအကြောင်းမသင့်လို့ ဆရာမနဲ့ ကျွန်တော် မဆုံစည်းတော့ဘူး ဆိုရင် နောင်ဘ၀ဆိုတာတွေရှီခဲ့မယ် ဆိုရင် တော့ဆရာမကို ကျွန်တော် ဆပ်စရာရှိတဲ့ အကျွေး ကျွန်တော် ဆပ်ပါအုန်းမယ်...ခုတော့ ကျွန်တော် ဆရာမ ဆီကို စာရေးရင်းနဲ့ အဖြစ် အပျက်တွေက မနေ့တစ်နေ့ကမှ ဖြစ်ထားသလို ပြန်ခံစားရလို့ ဒီစာကို ဒီနေရာဘဲ ရပ်ပါတော့မယ်....ဆရာမလည်း လုပ်ခဲ့တာ တွေ အားလုံးအတွက် လိပ်ပြာ သန့်သန့်နဲ့စိတ်လက်ချမ်းသာစွာ အိပ်ပျော်အောင်အိပ်နိုင်ပါစေ ကျွန်တော် ဆုတောင်းလိုက်ပါတယ်မရိုသေချင်ပေမယ့် ရိုသေစွာနဲ့ဘဲ ကျွန်တော့် စာကို အဆုံး သတ်လိုက်ပါမယ်

နောင်သူ

6 comments:

မောင် said...

ဖတ်၇တာ အ၇မ်းစိတ်မကောင်းပါဘူး. ဆ၇ာမတွေထဲမှာလည်း အ၇မ်းကောင်းတဲ့ ဆ၇ာမတွေ၇ှိသလို အဲလို ဆိုးတဲ့ဆ၇ာမတွေလည်း ၇ှိတာပဲ. ဆ၇ာမတွေကလည်း အမြင်မကျယ်ကြလို့ ဒီလိုအချင်းချင်း ဘက်လိုက်ကြတာပါ. ဆ၇ာမ ဖိုးဝ၇ုပ်ကိုတော့ လေးစားပါတယ်. သူက မြို့က လာတော့ အမြင်ကျယ်တာပေါ့. ကျွန်တော်တော့ ဒီလောက်ဆိုးတဲ့ ဆ၇ာမနဲ့ မတွေ့ တာ ကံကောင်းတာပါ. ကျွန်တော် ၅တန်းတုန်းက အလကား နေ၇င်း ဗလာချီ ၃ချက် ၇ိုက်ခံ၇တာ အခုထိ မမေ့ဘူး. ဒါကြောင့် ကိုယ်ချင်းစာပါတယ်. ကျွန်တော်က စာတော်တော့ အတန်းတိုင်လိုလို ဆ၇ာအများစုတွေ၇ဲ့ ချစ်ခင်မှုကို ၇ခဲ့ပါတယ်. ငယ်တုန်းကတော့ ကျောင်းက ဆ၇ာမက တစ်မျိုး အိမ်ကတစ်မျိုး ကြားထဲမှာ စိတ်ညစ်ခဲ့၇ဘူးပါတယ်. ဘာပဲ ပြောပြော ဆ၇ာဆိုတာ အနန်တ ဂိုက်းဝင် ကျေးဇူး၇ှင်တွေ မလား. ဆ၇ာမမှားတာ မှန်ပါတယ်. သူလဲပဲ လူပဲလေ အက်တ နဲ့လေ. မခေါပဲ နေလိုက်ပါ. မပစ်မှားကောင်း ပါဘူး. ဖြစ်နိုင်၇င် ဒီအဖြစ်အပျက်ကို မေ့လိုက်ပါ. ဆ၇ာမလည်း နောင်တ ၇ကောင်း ၇နေနိုင်ပါတယ်. ကိုနောင်သူ. ကျွန်တော်လည်း တစ်ချို့ ဆ၇ာမတွေကို မုန်းပါတယ်. ဒါပေမယ့် ကျွန်တော် မပစ်မှား မဆဲဘူး. ဒါကြောင့်လည်း ပညာေ၇း ကံကောင်းပါတယ်. အခုတော့ ဆ၇ာဝန်ပေါ့. အကောင်းဆုံးကတော့ ဆ၇ာမကို စိတ်ထဲက ဖြစ်ဖြစ် နောက်ဆုံး တောင်းပန်ကန်တော့လိုက်ပါ. ပြီး၇င် ဒီအဖြစ်အပျက်ကို မေ့လိုက်ပါ. အမုန်းတ၇ားဆိုတာ မမွေးထားကောင်းပါဘူး. ကိုနောင်သူ နောက်နောင် ဆ၇ာကောင်း သမားကောင်းများနဲ့သာ ကြုံပါစေ.........

naungthu said...

ဟုတ် ကိုမောင် လမ်းမှန်ကို ပြန်တင်ပေးတာ ကျေးဇူးပါခင်ဗျာ......ဒီစာကို ကျွန်တော် လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်လောက်က ရေးတာပါ......အဲဒီတုန်းက လည်း သူငယ်ချင်းတစ်ချို့က ကိုမောင့် လိုပဲ ပြောပြ ဆုံးမပါတယ်......ကျွန်တော် လည်း ပြန်စဉ်းစားပြီး အဲဒီအချိန်ကစလို့ စိတ်ထဲ မထားတော့ပဲ ဘုရားရှိခိုးတိုင်းထည့်ပြီး ကန်တော့ပါတယ်......ကျေးဇူးပါ ကိုမောင်

မီးတောင် said...

ကျနော်သာဆိုရင်လည်း စိတ်နာမိပါမှာပဲ ....
ဒါပေမယ့် သူမှ ကိုယ်မဟုတ်ပဲနော် .......း)

ဉာဏ်လင်းထူး said...

ကျနော်၇တန်းတုန်းကလည်းဒီလိုပါပဲဗျာ။ဒိုင်ယာဇီပင်ချတဲ့အမှုပေါ့။ဖြစ်ပုံက ချတာက အကြီးကောင်တွေ။မိလည်းမိတယ်။သိလည်းသိတယ်။ဒါမယ့်ဘာပြဿနာမှ မရှာခဲ့ဘူး။ဘာဆေးမှမချတဲ့ ကျနော့်ကို အတန်းရှေ့ခေါ်ပြီး ဖြန့်ဖြူးသူအဖြစ် စွတ်စွဲ၊ကြိမ်းမောင်း၊ရိုက်နှက် ပေါ့ဗျာ။တကယ်လုပ်တဲ့ကောင်တွေက
ဆရာမတွေဆီမှာ ကျူရှင်တက်ကြတဲ့ကောင်တွေ
ပိုက်ဆံရှိတဲ့ကောင်တွေ။ကျနော့်မှာအပြစ်ရှိတယ်ဆိုရင် ပါးစပ်ဆော့မိတာပဲရှိမယ်။ဒါနဲ့ ကျနော် မဆိုင်ဘဲခံလိုက်ခဲ့ရတယ်။အမှတ်
တော့မထားပေမယ့် တိုက်ဆိုင်တိုင်းတော့
သတိရမိတယ်။ပြီးတာတွေလည်း ပြီးခဲ့ပါပြီလေ။

naungthu said...

အင်း ဆရာမလည်း သေတောင် သေလောက်ပါပြီ....ကျွန်တော်လည်း အဲဒီကနေ ပွားလာတဲ့ ဒဏ်ရာတွေက တစ်လျှောက်လုံးကို လွဲတော့တာပါပဲ.....နာသေးလားဆိုရင်လည်း မနာတော့ဘူးလို့လည်း ပြောလို့မရ နာတယ်လို့လည်း ပြောလို့မရပေါ့ ဗျာ

Rita said...

ဖတ်ပြီးဘာပြောရမှန်းတောင် မသိတော့ဘူးလိုပဲ။ ကိုယ်လည်း ကျောင်းပေါင်းစုံပြောင်းလာခဲ့တော့ ဆရာအမျိုးပေါင်းစုံ ကြုံခဲ့ဖူးတယ်။ သူတို့လည်း လူတွေထဲက လူတွေပဲ ဆိုပေမယ့် ဒီ post က ဆရာမျိုးတွေကတော့ လွန်လွန်းတယ် ဆိုရမယ်။ ဆိုလိုတာက မူရင်း ဆရာမက မကောင်းလွန်းတာထိကို ဒါမျိုး ရှိတတ်ပါတယ်လေလို့ နားလည်လို့ရတယ်။ ဒါပေမဲ့ ဘေးနားက ဆရာ/မ တွေကစ အခြေနေ အရပ်ရပ်ကို မစူးစမ်းဘဲ သူ့ဘက်လိုက်ပြီး အလယ်တန်းအရွယ်တပည့်တစ်ယောက်ပေါ်မှာ ခုလောက်ထိလုပ်ခဲ့တယ်ဆိုတာတော့ ဗမာပြည်မှာ ဒါမျိုးရှိရပလေတယ်လို့ ပြောရမလား။ ဗမာပြည်မှာမို့ ဒါမျိုးရှိတာပဲလို့ ပြောရမလား။ ဘာပြောရမှန်းကို တကယ်မသိတော့ဘူး။

ဒါမျိုးကြုံရတဲ့အခါ ယောက်ျားလေးမို့ ဆိုးသွမ်းသွားနိုင်တယ်။ မိန်းကလေးဆို စိတ်အနာတရနဲ့ စိတ္တဇတောင် ပိုဖြစ်သွားနိုင်တယ်လို့ တွေးမိတယ်။ ဗမာတွေရဲ့ လူမှုအဖွဲ့အစည်းပုံစံက ကောင်းတာတွေလည်း ရှိပါရဲ့။ မကောင်းတာတွေက အဲဒါတွေပဲ။ ကလေးတွေကို အညွန့်ချိုးပစ်လိုက်တတ်တဲ့ အပြုအမူ အပြောအဆိုတွေ သိသိနဲ့ဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ရှိနေတတ်ကြတယ်။