Tuesday, June 9, 2009

ကျွန်တော် နဲ့ ကျွန်တော့် ဘလော့

ဒီဘလော့ စလုပ်တော့ တစ်ကယ့်ကို ပျင်းပျင်းနဲ့ ဘာမှလုပ်စရာမရှိတဲ့နေ့မှာ ဘလော့လေးတစ်ခုလောက်တော့
လုပ်ထားအုန်းမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တယ်........အရင်ကတော့ ဘလော့ပေါင်းစုံ လည်ဖတ်လေ့ရှိပြီး တစ်ခါတစ်လေ
အလည်လွန်တာ များပြီး အူဂျာပေါက် ကုန်တာတောင်ရှိတယ်......ကိုအန်ဒီ မနိုင်းနိုင်း စတဲ့ဘလော့တွေကတော့ အမြဲဝင်ဖတ်ဖြစ်တယ် တစ်နေ့ တစ်ခေါက်ကတော့ ရောက်တယ်.......မနိုင်းနိုင်း ဘလော့ကတော့ စိတ်အေးချမ်းတယ် ဖတ်ရတာ ကြည်နူးစရာ သနားစရာ မြစ်တာ ပေးတဲ့ စာလေးတွေကြည့်ရေးတယ် သဘောကျတယ်.......ကိုအန်ဒီကတော့ အသစ်မတင်ဘူး တော်တော်ကြာမှတင်တယ်........အသစ်မတင်လည်း သူ့ဘေးမှာ ထားထားတဲ့ ဘလော့လစ်စ်ကနေ အခြေခံပြီး ကျွန်တော်လိုက်ကြည့်လေ့ရှိတယ်.......သူအသစ်ရေးရင်လည်း သူရေးတာဖတ် ပြီးရင် ဘေးနားက ဟာတွေ တစ်ခုခြင်း နှိပ် လိုက်ဖတ် အဲဒီတွေကတစ်ဆင့် လိုက်ဖတ် နဲ့ လုပ်လေ့ရှိတယ်......

အခု ဒီဘလော့ကို ရေးနေတော့လည်း တစ်ရက်ကို ကျွန်တော် ၅ ခါဝင်ကြည့်ရင် လာကြည့်တဲ့လူ ၅ ယောက်ပဲရှိတယ်.........၁ ခါပဲ ၀င်ကြည့်ရင် တစ်ယောက်ပဲရှိတယ်......ပြသနာမရှိဘူး ကျွန်တော် ရေးတာအနေနဲ့တင်နေတာ တစ်ခါတစ်လေ သွားနေကြဘလော့တွေ လူတွေဝင်ပြီး ကွန်မန့်တွေပေးနေရင်တော့ တယ်ဟုတ်ပါလား ငါ့ဘလော့က ငါတစ်ယောက်ထဲရှိတယ်ဆိုပြီး ကိုယ့်ဖာသာကိုယ် ဟာသလည်း ပြောမိဘူးတယ်.....တစ်ရက် ကိုအန်ဒီ့ ဘလော့ကို ထုံးစံအတိုင်းဝင်ကြည့်တော့ ဘေးနားက စာရင်းမှာ ကျွန်တော့်ဘလော့စာရင်း ပါတော့ ဖျတ်ကနဲ အလဲ့ တယ်ဟုတ်ပါလား ဆိုပြီးဖြစ်သွားတယ်.....ကျွန်တော်မသိလိုက်ခင်မှာပဲ ကျွန်တော့်မျက်နှာပြုံးဖြီးဖြီးကြီး ဖြစ်သွားတယ်......ကျွန်တော် ကျေနပ်သွားတယ်......ဘာကို ကျေနပ်မှန်းမသိဘူး ကျွန်တော်ကျေနပ်သွားတယ်......ချီးကျူးလက်ခုပ်သြဘာတွေကို လိုချင်လို့ရေးတာမဟုတ်ပဲ အဖေနဲ့အမေကို သတိတရနဲ့ ရေးနေတာပေမယ့် ဒီလိုမြင်လိုက်ရတော့ ကျေနပ်သွားတယ်.....

ကိုအန်ဒီ့ ဆီကနေတစ်ဆင့် ကျွန်တော့်လိုပဲ ဖတ်တဲ့လူတွေ ကျွန်တော့်ဘလော့ကို ကလစ်မိပြီး ရောက်လာ နောက်ဖတ် နောက် ကွန်မန့်တွေပေးကြတော့ စိတ်ခံစားချက်တစ်ခုပိုလာတယ်.......ဒီနေ့ ငါ့ဘလော့ ဘယ်နှစ်ယောက်ဝင်ကြည့်ပြီး ဘယ်သူက ကွန်မန့်ပေးသွားလည်းဆိုတာပဲ.....ပြောရရင်တော့ စိတ်မလွတ်လပ်တော့ဘူး .....ကိုယ့်ဟာကိုယ်ရေးနေတုန်းကတော့ ဖတ်ဖတ် မဖတ်ဖတ် လာလာ မလာလာ ဘယ်လိုမှမနေဘူး......စိတ်မလွတ်လပ်လို့ ဒါကိုမကျေနပ်ဘူးလားဆိုတော့ လည်း မဟုတ်ဘူး .....ကျေနပ် မလွတ်လပ် ဖြစ်နေတယ်........အေး မင်းစိတ်မလွတ်လပ်လို့ ဒို့မလာတော့ဘူးဆိုရင်လည်း ကြေကွဲသွားမလားမသိ......နောက်ဆုံးတော့ အရှိအတိုင်း ကောင်းပါသည်ပေါ့....ကိုအန်ဒီနဲ့ အားပေးသူများကို ကျေးဇူးတင်ပါတယ်.....။

နောင်သူ

3 comments:

သူမ said...

ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ခြင်းသည် မင်္ဂလာတစ်ပါး။ ကိုယ်ရေးထားတဲ့စာကို အသိအမှတ်ပြု အားပေးတာကို ကျေနပ်တာ...ဖြစ်သင့်ပါတယ်။

ချစ်သမီး said...

ဟမ်
ကိုနောင်သူ့ ဘလော့ဂ်ကို ဘယ်ကနေ ရောက်လာတာလဲ မသိတော့ဘူးး။
ဖြစ်နိုင်တာ ဝီရှီမီပဲ ဖြစ်ရမယ်။ ။
ဘာပဲပြောပြော ခုတော့ ဖတ်နေပီ။ ။

nn

naungthu said...

ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်တယ်....ကိုအန်ဒီကော ခု မ nn ကိုကော ...မလင်းကတော့ ကျေးဇူးတင်ရတာများလို့ အိမ်နောက်ဖေးခြင်းတောင်းထဲပြည့်နေမဆိုးလို့ မတင်တော့ဘူး :P